မြန်မာ့အစေ့ထုတ်ပြောင်းကို တစ်နေ့လျှင် ထိုင်းနိုင်ငံကို ကားအစီး (၄၀၀) တင်ပို့လျက်ရှိနေတယ်လို့ မြန်မာနိုင်ငံ ပြောင်းလုပ်ငန်းအသင်းမှ သိရပါတယ်။
အခုလက်ရှိမှာ မြန်မာ့အစေ့ထုတ်ပြောင်းကို ပုံမှန်တင်ပို့နေတာဖြစ်ပြီး ကားအစီး(၄၀၀)ဝန်းကျင် တင်ပို့နေတာဖြစ်တယ်လို့ မြန်မာနိုင်ငံပြောင်းလုပ်ငန်းအသင်းမှ ဥက္ကဌ ဦးမင်းခိုင်က ပြောပါတယ်။
အစေ့ထုတ်ပြောင်းကို အခု ဒီလဆန်းကနေစပြီး တင်ပို့နေတာပါ။ တစ်နေ့ကိုအစီး (၄၀၀) လောက်တော့ သွားနေပါတယ်။ တန်ချိန်(၁)သန်းလောက်တော့ တင်ပို့မယ်လို့မျှော်မှန်းထားပါတယ်
မြန်မာ့အစေ့ထုတ်ပြောင်းကို ဖေဖေါ်ဝါရီ(၁)ရက်နေ့မှ စတင်တင်ပို့နေတာဖြစ်ပြီး အခုလက်ရှိအချိန်ထိ ကားအစီးရေ (၉၆၀၀)တင်ပို့ပြီးပြီဖြစ်ကြောင်းလည်း အဆိုပါအသင်းမှ သိရပါတယ်။
ထိုင်းနိုင်ငံမှ မြန်မာ့အစေ့ထုတ်ပြောင်းကို ၁.၂၅ တန် ဝယ်ယူရန် ကမ်းလှမ်းခဲ့တာဖြစ်ကြောင်းလည်း သိရပါတယ်။
မြန်မာ့အစေ့ထုတ်ပြောင်းကို ထိုင်းနိုင်ငံနဲ့ တရုတ်နိုင်ငံကို တင်ပို့နေတာဖြစ်ကြောင်းလည်း မြန်မာနိုင်ငံ ပြောင်းလုပ်ငန်းအသင်းမှ သိရပါတယ်။
တိုးတိုးခိုင်(ABM)
Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ
လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ
#စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။
အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့
နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။
အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။
သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။
ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။
လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။
ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။
စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော်
အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ
သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို
သုံးကြပါစို့....
Read more
Greenovator