လိုအပ်သောပါဝင်ပစ္စည်းများ
ကျောက်ဖရုံသီး အနေတော် - တစ်လုံး
သကြား(အဖြူ) - ၅၀သား
ကျောက်ချဥ် လက်ဖက်စားဇွန်း - ၁ ဇွန်း
သံပုရာရည် ထမင်းစားဇွန်း - ၁ ဇွန်း
ပြုလုပ်နည်း
-ကျောက်ဖရုံသီးကို အခွံခွာပြီး အစေ့ထုတ်ပါ။ ထို့နောက် သင့်တော်သော အရွယ်အစားကို လှီးဖြတ်ပါ။
-လှီးဖြတ်ထားသော ကျောက်ဖရုံသီးများကို အိုးထဲသို့ ထည့်ပြီး ရေကို ကျောက်ဖရုံသီးများ မြှုပ်သည်အထိ ထည့်ပါ။
-ကျောက်ချဥ်ထည့်၍ မီးဖိုပေါ်တင်ပြီး ဆူပွက်သည်အထိ တည်ပါ။
-ထိုနောက် မီးဖိုပေါ်မှ ချလိုက်ပြီး ကျောက်ဖရုံသီးများကို ရေအေးဖြင့် ဆေးကြောပေးပါ။
-ဒယ်အိုးထဲသို့ သကြားကို ထည့်၍ ရေတစ်ခွက်ဖြင့် ကြိုပါ။ သကြားများပျော်ဝင်သွားပါက သံပုရာရည် ထည့်ပါ။
-မီးအရှိန်လျှော့လိုက်ပြီး ကျောက်ဖရုံသီးများကို ထည့်ပါ။ ကျောက်ဖရုံသီးနှင့် သကြားများ စေးပျစ်လာသည်အထိ မွှေပါ။
-စေးပျစ်လာပါက မီးဖိုပေါ်မှချပြီး အအေးခံပါ။ အအေးခံရာတွင် တစ်ခုနှင့် တစ်ခုမကပ်စေရန် ခွဲခြား၍ အအေးခံပါ။
-ခြောက်သွေ့သွားပါက စားသုံးနိုင်ပြီ ဖြစ်သည်။
နောက်ထပ်နည်းလမ်းတစ်ခုကတော့
အနေတော် လှီးဖြတ်ထားသော ကျောက်ဖရုံသီးများကို ထုံးအနည်းငယ်ထည့်၍ ရေတွင် ၃ နာရီခန့်စိမ်ပြီးမှ အထက်ပါအဆင့်အတိုင်းပြုလုပ်နိုင်ပါသည်။
ဖြိုးသဉ္ဇာကျော်
ကိုးကား
https://www.mamasguiderecipes.com/2017/03/04/kundol-candy/
Farm Link Co.,Ltd
ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား?
ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်..
👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။
👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။
အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့
နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။
👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးငမြောင်တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုးတွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။
👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။
👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။
မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more