လူသားတို့၏ စားဝတ်နေရေးနှင့် ရေနေသယံဇာတတည်တံ့ရေး ချိန်ခွင်လျှာညီအောင်ဆောင်ရွက်ပေး

21/10/2019 15:00 PM တွင် ကမ္ဘာ့ငါးအဖွဲ့ ကမ္ဘာ့ငါးအဖွဲ့ မှ ရေးသား ပြီး WorldFish WorldFish မှ ပေးပို့ထားပါသည်။

 

      ဥပဒေပညာရှင်များ ဥပဒေပြုသူများက သယံဇာတနှင့်ပတ်သက်သော ဥပဒေများပြုရာတွင် (Human beings) လူသားတို့၏ စားဝတ်နေရေးနှင့်(Resources beings) သယံဇာရေရှည်တည်တံ့ရေးကို ချိန်ခွင်လျှာသဖွယ် သဘောထား၍ ဥပဒေပြုကြရပါသည်။ လူသားတို့၏ စားဝတ်နေရေးကိုဘဲ အလေးထားပြီး သယံဇာတကို လစ်လျူပြုပါက သယံဇာများအချိန်တိုအတွင်း ကုန်ဆုံးသွားမည်ဖြစ်ပါသည်။

   ထို့အတူ သယံဇာတကိုဘဲ အလေးမည်ဆိုပါက လူတို့၏ စားဝတ်နေရေး အခက်အခဲ အကြပ်အတည်းများ ပေါ်ပေါက်လာမည်ဖြစ်ပါသည်။

   ငါးသယံဇာတနှင့်ပတ်သက်၍လည်း ၁၂ လရှိသည့်အနက် ငါးတို့ မိတ်လိုက်ချိန်၊ ဥချချိန်၊ငါးသားပေါက်များ ရှင်သန်ကြီးထွားချိန် (၃) လတာကာလကို မဖမ်းကြဖို့ မသတ်ကြဖို့ ပိတ်ပင်ထားပါသည်။ ဤသို့ပိတ်ပင်ခြင်းမှာ မိမိတို့တစ်နိုင်ငံတည်းမဟုတ်ဘဲ တစ်ကမ္ဘာလုံး ကျင့်သုံးသည့် သယံဇာတထိန်းသိမ်းရေးလုပ်ငန်းဖြစ်ပါသည်။ ငါးသယံဇာတများသည်

   လူသားတို့အတွက် အဟာရရိက္ခာ၊ အခွန်ဘဏ္ဍာ၊ အလုပ်အကိုင်အခွင့်အလမ်း လူမှုစီးပွားဘဝ ဖန်တီးပေးနေသော မည်သူမျှအရင်းမစိုက်ရသည့် ပဒေသာပင်ကြီးဖြစ်ပေသည်။

   ကျွန်ုပ်တို့၏ ကျေးဇူးရှင်ဖြစ်သော ငါးများကို မိတ်လိုက်ခွင့်၊ ဥချခွင့်၊ သားပေါက်ခွင့်၊ ရှင်သန်ကြီးထွားမျိုးပွားဖို့အခွင့်အရေး ပေးသင့်ကြပေသည်။

   ယခုနှစ် ငါးရစ်ငါးသန် တားမြစ်ရာသီချိန်တွင် ငါးသယံဇာတထိန်းသိမ်းရေးလုပ်ငန်းများကွင်းဆင်းစစ်ဆေးရာတွင် အချို့ ကျေးရွာအုပ်ချုပ်ရေးမူးများကို ကြိုတင်သတင်းမပေးနိုင်ခဲ့သည်ကို နားလည်ပေးကြပါရန် အထူးမေတ္တာရပ်ခံအပ်ပါသည်။၂၀၁၈ခုနှစ် ရေချိုငါးလုပ်ငန်းဥပဒေပုဒ်မ ၆၃ အရလည်း စစ်ဆေးရေးမှူးသည် မည်သည့်ငါးလုပ်ငန်းလုပ်ကိုင်ခြင်းကိုမဆို ဝရမ်းမပါဘဲ ရပ်တန့်ခြင်း၊ တက်ရောက်ခြင်း၊ ဝင်ရောက်ခြင်း၊ စစ်ဆေးခြင်း၊ရှာဖွေခြင်း၊ သိမ်းဆည်းခြင်း ဆောင်ရွက်ရမည်ဟု ဖော်ပြပါရှိသဖြင့်လည်းကောင်း၊ကျေးရွာတာဝန်ရှိသူများကို ပြည်သူများ အမြင်မစောင်းစေရေးအတွက် ငဲ့ညှာသောအားဖြင့်လည်းကောင်း ငါးလုပ်ငန်းဦးစီးဌာနအစီအစဉ်ဖြင့်သာ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

   သို့ဖြစ်ပါ၍ (Human beings) လူသားတို့စားဝတ်နေရေးနှင့် (Resources beings) သယံဇာတရေရှည်တည်မြဲရေးကို ချိန်ခွင်လျှာညီစေရေးအတွက် တားမြစ်ကာလ မေ၊ ဇွန်၊ ဇူလိုင်လများတွင် ငါးမဖမ်းကြစေရေး ဝိုင်းဝန်းထိန်းသိမ်းပေးကြပါရန် အထူးမေတ္တာရပ်ခံအပ်ပါသည်။

AQUADAPT-Myanmar

 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်