KOICA ၏ အထောက်အပံ့ဖြင့် မြန်မာ့စိုက်ပျိုးပညာပေးရေးလုပ်ငန်း စွမ်းဆောင်ရည်မြှင့်တင်ခြင်း စီမံကိန်းဖော်မည် 

26/11/2019 10:30 AM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

ကိုရီးယား အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (KOICA)၏ အထောက်အပံ့ အမေရိကန် ဒေါ်လာ(၉.၅)သန်းဖြင့် မြန်မာ့စိုက်ပျိုးပညာပေးရေးလုပ်ငန်း စွမ်းဆောင်ရည်မြှင့်တင်ခြင်း စီမံကိန်းကို ၅ နှစ်ကြာ အ‌ကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ 

နိုဝင်ဘာ ၁၉ ရက်က "မြန်မာ့စိုက်ပျိုးပညာပေးရေးလုပ်ငန်း စွမ်းဆောင်ရည်မြှင့်တင်ခြင်း စီမံကိန်း” ၏ ဆွေးနွေးမှု မှတ်တမ်း (RoD) သဘောတူညီမှု လက်မှတ်ရေးထိုးခြင်းကို နေပြည်တော်၊ ရုံးအမှတ်(၁၅)ရှိ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၌  ကျင်းပပြုလုပ်ခဲ့သည်။ 

မြန်မာ့စိုက်ပျိုးပညာပေးရေးလုပ်ငန်း စွမ်းဆောင်ရည်မြှင့်တင်ခြင်း စီမံကိန်းအား ၂၀၁၉ ခုနှစ်မှ ၂၀၂၃ ခုနှစ်အထိ (၅) နှစ်ကြာ တိုင်းဒေသကြီး/ ပြည်နယ် ၁၀ ခု၊ ခရိုင်(၁၃) ခုမှ မြို့နယ်(၂၇) မြို့နယ်တွင် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ 

မြန်မာနိုင်ငံ၏ စိုက်ပျိုးပညာပေးရေးစနစ် ပိုမိုတိုးတက် ကောင်းမွန်စေခြင်းဖြင့် တောင်သူများ၏ ဝင်ငွေနှင့် သီးနှံထုတ်လုပ်မှုစွမ်းအား တိုးတက်လာစေရန်၊ ခေတ်မီနည်းပညာများဖြင့် စိုက်ပျိုးပညာပေးဝန်ထမ်းများ၏ စွမ်းဆောင်ရည် တိုးတက်စေခြင်းဖြင့် စိုက်ပျိုးပညာပေးရေးစနစ်အား အဆင့်မြှင့်တင်ရန်ဖြစ်သည်။ 

ထို့ပြင် အီလက်ထရောနစ် နည်းပညာ အသုံးပြုသည့် စိုက်ပျိုးပညာပေးရေးနှင့် သတင်းအချက်အလက် ထုတ်ပြန်မှုစနစ် ဖွံ့ဖြိုးတိုးတက်စေရန်နှင့် စီမံကိန်းပြီးဆုံးပြီးနောက်ပိုင်းတွင် စီမံကိန်းဧရိယာများသာမက တစ်နိုင်ငံလုံးတွင် အကျိုးသက်ရောက်မှုစေရန် ရည်ရွယ်၍ အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ 

လက်မှတ်ရေးထိုးပွဲအခမ်းအနားတွင် စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်းနှင့်   KOICA Myanmar ရုံးမှ မြန်မာနိုင်ငံဆိုင်ရာဌာန ကိုယ်စားလှယ် Ms. Lee Youn Soo တို့က ဆွေးနွေးမှုမှတ်တမ်းကို (RoD) ၌  လက်မှတ်ရေးထိုးခဲ့ကြသည်။ 

ယင်းအပြင် အခမ်းအနားသို့ စိုက်ပျိုးရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ စီမံကိန်းဦးစီးဌာန ညွှန်ကြားရေးမှူး၊ နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးနှင့် KOICA Myanmar ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့သည်။ 

အေးအေးမြင့်(ABM)


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်