ဒန့်သလွန် စိုက်ပျိုးခြင်းနည်းပညာ ရက်တိုသင်တန်းတစ်ခု ဖွင့်လှစ်သွားရန် စီစဉ်နေကြောင်း ဒန့်သလွန် စီးပွားဖြစ်စိုက်ပျိုးသူများအဖွဲ့မှ သိရပါတယ်။
ဒန့်သလွန်စိုက်ပျိုးနည်းများနဲ့ ကုန်ချောပြန်ထုတ်စေနိုင်ရန်အတွက် ရက်တိုသင်တန်းကို ဖွင့်လှစ်နိုင်ဖို့အတွက် စီစဉ်နေတာဖြစ်တယ်လို့ သင်တန်းစီစဉ်သူ ဦးမင်းဟိန်း ကပြောပါတယ်။
“ ဒန့်သလွန်ကို စိုက်တဲ့သူကလည်း များလာတော့ ဒန့်သလွန်ကောင်းကျိုးတွေ၊ စိုက်ပျိုးပုံတွေ၊ ကုန်ချောပြန်ထုတ်လုပ်တာတွေနဲ့ ဈေးကွက်အကြောင်းတွေကို ပြန်ပြီးတော့ သင်ကြားပေးသွားမှာပါ”
အဆိုပါသင်တန်းမှာ ဒန့်သလွန် PKM 1 နဲ့ MS 01 အကြောင်း ၊ စိုက်ပျိုးရန် မြေ၊ ရာသီဥတု၊ မြေသြ ဇာ လိုအပ်ချက်များ ၊ စိုက်နည်း၊ ပျိုးနည် ၊ ပြုစုပျိုးထောင်နည်းမျာ ၊ အတောင့်၊ အရွက်များ၊ ရိတ် သိမ်းအခြောက်ခံနည်း၊ အစေ့ခြောက်များမှ ဆီသန့်ကြိတ်ပုံ၊ ထုတ်ယူနည်း၊ အစေ့ခြောက်ဖတ်များ အမှုန့်ကြိတ်နည် ၊ ဒန့်သလွန် လက်ရှိဈေးကွက်နဲ့ အလားအလာတို့ကို သင်ကြားပေးသွားမှာဖြစ် ကြောင်း အဆိုပါအဖွဲ့မှ သိရပါတယ်။
ဒန့်သလွန်နည်းပညာသင်တန်းကို ဇူလိုင်လမှာ ဖွင့်လှစ်နိုင်ဖို့အတွက် စီစဉ်လုပ်ဆောင်နေပြီး တက်ရောက်ချင်သူများအနေနဲ့ ဖုန်းနံပါတ် ၀၉ - ၄၂၂၄၅၂၀၄၅ ကို ဆက်သွယ် စုံစမ်းမေးမြန်းနိုင် ကြောင်း ဒန့်သလွန် စီးပွားဖြစ်စိုက်ပျိုးသူများအဖွဲ့မှ သိရပါတယ်။
တိုးတိုးခိုင်(ABM)
Farm Link Co.,Ltd
ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ
လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ
#စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။
အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့
နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။
အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။
သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။
ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။
လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။
ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။
စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော်
အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ
သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို
သုံးကြပါစို့....
Read more