တတိယအကြိမ် ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသ စပါးမျိုးစေ့ရပ်ဝန်းနှင့် ချိတ်ဆက်လုပ်ဆောင်ခြင်း အခမ်းအနားကို မနေ့က ပုသိမ်မြို့ ၊ ပုသိမ်ဟိုတယ်မှာ ကျင်းပခဲ့ကြောင်း သိရပါတယ်။
စပါးမျိုးစေ့ထုတ်လုပ်ဖွံ့ဖြိုးမှုတိုးတက်ရေးအတွက်အထောက်အကူပြုစေရန် ရည်ရွယ်ပြုလုပ်တာဖြစ်တယ်လို့ မြန်မာနိုင် ငံ ဆန်စပါးအသင်းချုပ်မှ ဒုတိယဥက္ကဌ ဦးသောင်းဝင်းကပြောပါတယ်။
“ဧရာဝတီတိုင်းမှာ မျိုးစေ့ထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်ရေးကို အဓိကထားတာပေါ့နော်။ မြို့နယ် ငါးခု ရဲ့ မျိုးထုတ်တောင် သူ (၅၀) လောက်ကို ဖွံ့ဖြိုးတိုးတက်ဖို့လုပ်ပေးတယ်။ မျိုးစေ့ ဈေးကွက်ပေါ်ပေါက်လာစေဖို့လည်း ဆွေးနွေးတယ်။ ထပ်ပြီးတော့ မျိုးစေ့ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ဆက်လက် လုပ်ဆောင်သွားမှာပါ”
အဆိုပါအခမ်းအနားမှာ မျိုးစေ့ထုတ်ကဏ္ဍ ၊ ကန်ထရိုက်လယ်ယာကဏ္ဍ ၊ အရည်အသွေးမြင့် အထွက်ကောင်းမျိုးစပါးများ စိုက်ပျိုးထုတ်လုပ်ခြင်း ကဏ္ဍတို့ကို ဆွေးနွေးခဲ့ကြောင်း သိရပါတယ်။
ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသ မျိုးစေ့ရပ်ဝန်း ချိတ်ဆက်လုပ်ဆောင်ခြင်းကို ၂၀၁၇ ခုနှစ်မှစ တင်ကာ ၂၀၁၉ ခုနှစ်ထိ လုပ်ဆောင်နေပြီး ဆက်လက်လုပ်ဆောင်သွားမှာဖြစ်ကြောင်း အဆိုပါအသင်းချုပ်မှ သိရပါတယ်။
အဆိုပါအခမ်းအနားကို စိုက်ပျိုးရေးဦးစီးဌာန ၊ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်နဲ့ ဂျာမနီနိုင်ငံ WHH အဖွဲ့တို့မှ ပူးပေါင်းကျင်းပခဲ့တာဖြစ်ကြောင်းလည်းသိရပါတယ်။
တိုးတိုးခိုင်(ABM)
Farm Link Co.,Ltd
ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ
လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ
#စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။
အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့
နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။
အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။
သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။
ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။
လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။
ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။
စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော်
အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ
သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို
သုံးကြပါစို့....
Read more