သီးနှံအာမခံအတွက် အကျိုးတူစနစ်ဆောင်ရွက်သည့် အဖွဲ့များနှင့် MoU ရေးထိုးမည်

19/03/2019 11:45 AM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

Global World Insurance အာမခံကုမ္ပဏီက ဆောင်ရွက်မည့် သီးနှံအာမခံစနစ်အတွက် အကျိုးတူ ကန်ထရိုက်လယ် ယာစနစ် (Contract Farming) ပြုလုပ်သည့် အစိုးရအဖွဲ့အစည်းများ၊ ကုမ္ပဏီများနှင့် နားလည်မှုစာချွန်လွှာ (MoU) လက်မှတ်ရေးထိုးသွားမည်ဖြစ်ကြောင်း ယင်းကုမ္ပဏီထံမှ သိရသည်။

ယင်း Global World Insurance ကုမ္ပဏီကို စပါးသီးနှံအာမခံဆောင်ရွက်ရန် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနက ၂၀၁၈ ခုနှစ် ဇန်နဝါရီလတွင် စမ်းသပ်ကာကလ အဖြစ် ၂ နှစ်ဆောင်ရွက်ရန် တရားဝင်ခွင့်ပြုပေးခဲ့ခြင်းဖြစ်ပြီး ယခုစမ်းသပ်ကာလ ဒုတိယနှစ်တွင် Contract Farming ပြုလုပ်သည့်အဖွဲ့များနှင့် MoU ရေးထိုးဆောင်ရွက်သွားမည်ဖြစ်သည်။

လက်ရှိစမ်းသပ်ဆောင်ရွက်လျက်ရှိသည့် သီးနှံအာမခံစနစ်သည် အထွက်နှုန်းကို အခြေခံသည့် အာမခံအမျိုးအစားဖြစ်ပြီး ယခုနှစ် နွေစပါးစိုက်ပျိုးချိန်ရာသီအထိ ဧရာဝတီတိုင်း၊ မန္တလေးတိုင်းနှင့် ရန်ကုန် တိုင်းဒေသကြီးအတွင်းရှိ စပါးဧက ၃၀၀ ခန့်ကို လက်ခံထားကြောင်း ယင်းကုမ္ပဏီထံမှ သိရသည်။

သီးနှံအာမခံကို စမ်းသပ်ကာလအတွင်း ရောင်းချရာတွင် စပါးတစ်ဧက အထွက်နှုန်းကို တင်း ၅၀ ဖြင့် သတ်မှတ်ကာ စပါးတစ်ဧကလျှင် တစ်နှစ်စာ ပရီမီယံ ကျပ်ငါးထောင်နှုန်းဖြစ်ပြီး အချို့ဒေသများတွင် စပါးအထွက်နှုန်းသတ်မှတ်ချက် အပြောင်းအလဲရှိနိုင်ကြောင်း Global World Insurance ကုမ္ပဏီမှ သိရသည်။

သီးနှံအာမခံစနစ် စမ်းသပ်ဆောင်ရွက်ရာတွင် အမျိုးသားအဆင့် သီးနှံအာမခံကော်မတီဖွဲ့စည်းရန်အပြင် သီးနှံအာမခံဥပဒေနှင့် သီးနှံတစ်ဆင့်အာမခံတို့ လုပ်ကိုင်ရန်လိုအပ်ကြောင်း ယင်းကုမ္ပဏီထံမှ သိရသည်။

Source - ကြေးမုံသတင်းစာ

 

 


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်