ဖရဲစိုက်တောင်သူများရဲ့ အခက်အခဲများအတွက် စစ်ကိုင်းတိုင်းဒေသကြီး ဖရဲ၊ သခွားအသင်းအနေဖြင့် စီစဉ်ဆောင်ရွက်နေ

15/11/2019 10:30 AM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

ဖရဲစိုက်တောင်သူများရဲ့ တွေ့ကြုံနေရတဲ့ အခက်အခဲများကို ဖြေရှင်းနိုင်ရန်အတွက် အသင်းအနေနဲ့ စီစဉ်ဆောင်ရွက်မှုများ လုပ်ဆောင်နေကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ဖရဲ ၊ သခွားစိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်းမှ သိရပါတယ်။

ဖရဲတန်ချိန်မှန်ကန်စေရေး၊ ကတ္တားတူညီစေရေးနဲ့ တင်ပို့မှုမကြန့်ကြာစေရေးတို့အတွက် စစ်ကိုင်းတိုင်းဒေသကြီး ဖရဲ ၊သခွား စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်းအနေနဲ့ စီစဉ်လုပ်ဆောင်သွားမှာဖြစ်တယ်လို့ ဥက္ကဠ ဦးစိုးလွင်ကပြောပါတယ်။

မြန်မာ့ဖရဲကားများ တန်ချိန်တစ်ညီတည်းဖြစ်ဖို့အတွက်ပါ။ တစ်ချို့ကားဂိတ်တွေမှာ သတ်မှတ်တန်ထက် လျော့နေလို့ တောင်သူတွေ အသီးတွေတင်ရချရတာတွေလည်း ရှိတယ်။ တောင်သူတွေ ဒဏ်ရိုက်ခံရတာတွေလည်းရှိတယ်။ တစ်ဖက်ကတ္တားမှာ တန်ချိန်မတူညီတာတွေဖြစ်တယ်။ အဲဒါကြောင့် အသင်းအနေနဲ့ မကြန့်ကြာအောင်လို့ စီစဉ်ဆောင်ရွက်နေတယ်

ဖရဲစိုက်တောင်သူများရဲ့ တင်ပြလာတဲ့အခက်အခဲများအပေါ် ဆောင်ရွက်သွားနိုင်ဖို့အတွက် သက်ဆိုင်ရာဌာနများနဲ့ ပူးပေါင်းကာ စီစဉ်ဆောင်ရွက်သွားမှာဖြစ်ကြောင်း သိရပါတယ်။

မြန်မာ့ဖရဲကို စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနဲ့ ပဲခူးတိုင်းဒေသကြီးတို့မှာ အများဆုံးစိုက်ပျိုးထားရှိကြောင်း သိရပါတယ်။

မြန်မာ့ဖရဲကို တရုတ်နိုင်ငံကို အဓိကထားတင်ပို့နေတာဖြစ်ကြောင်းလည်း စစ်ကိုင်းတိုင်းဒေသကြီးဖရဲ၊ သခွားစိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်းမှ သိရပါတယ်။

တိုးတိုးခိုင်(ABM)

 


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်