မြန်မာ့ဆန်အရည်အသွေး၊ စံချိန်စံညွှန်းနဲ့ ဆန်အကဲဖြတ်ရေးနည်းပညာသင်တန်းကို ဆန်စပါးကုန်စည်ဒိုင်(ဝါးတန်းလမ်း)မှာ ပထမဦးဆုံးအနေဖြင့် သင်ကြားဖွင့်လှစ်သွားမှာဖြစ်ကြောင်းမြန်မာနိုင်ငံ ဆန်စပါးကုန်သည်များအသင်းမှ သိရပါတယ်။
ဆန်အရည်အသွေးတိုင်းတာမှုများကို သိရှိနားလည်စေနိုင်ပြီး နိုင်ငံတကာဆန်အရည်အသွေးနဲ့ကိုက်ညီမှုရှိလာနိုင်ဖို့အတွက် ရည်ရွယ်ဖွင့်လှစ်တာဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါးကုန်သည်များအသင်းမှ အထွေထွေအတွင်းရေးမှူး ဦးအောင်မြင့်ကပြောပါတယ်။
“ဆန်အရည်အသွေးဘယ်လိုရှိလဲ၊ အစိုဓါတ်ကိုဘယ်လိုတိုင်းမလဲဆိုတာ အဲဒီသင်တန်းလေးဖွင့်မယ်။ နိုင်ငံခြားပို့နေတာတွေကိုလည်း သေချာနားလည်အောင် ဆန်ရဲ့အရည်အသွေးတွေလည်းသိအောင်။ ဆန်ကိုတိုင်းတာတွေလည်း နားလည်နိုင်အောင်၊ နိုင်ငံတကာဆန်အရည်အသွေးနဲ့ ကိုက်ညီအောင်၊ ဆန်ကုန်သည်အစ လယ်သမားထိ သိရအောင်လို့ ဖွင့်တာပါ”
သင်တန်းတက်ရောက်လိုတဲ့ ဆန်စက်လုပ်ငန်းရှင်မျာ ၊ ဆန်စပါးကုန်သည်များ ၊ Exporter များဆန်အကျိုးဆောင်များအနေနဲ့ သင်တန်းတက်ရောက်နိုင်ရန်အတွက် ဖုန်းနံပါတ် ၀၉- ၄၂၁၁၆၇၄၇၄ နဲ့ ၀၉- ၄၂၂၄၆၃၄၀၃ ကို ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ကြောင်း အဆိုပါအသင်းမှသိရပါတယ်။
အဆိုပါသင်တန်းကို မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်နဲ့ မြန်မာနိုင်ငံ ဆန်စပါးကုန်သည်များအသင်းတို့မှ ပူးပေါင်းပြုလုပ်သွားမှာဖြစ်ပြီး သင်တန်းသားဦးရေ (၅၀)ခန့် သင်ကြားပေးသွားမှာဖြစ် ကြောင်း သိရပါတယ်။
ယမင်းအေး(ABM)
Farm Link Co.,Ltd
ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ
လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ
#စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။
အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့
နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။
အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။
သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။
ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။
လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။
ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။
စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော်
အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ
သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို
သုံးကြပါစို့....
Read more