လာမည့်ဘဏ္ဍာနှစ်တွင် ပြည်ပသို့ ဆန်တန်ချိန် ၂ သန်း‌ ကျော် တင်ပို့ရန်လျာထား

03/01/2020 10:30 AM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

ရန်ကုန်၊ ဇန်နဝါရီ ၂ ရက်။ 

၂၀၁၉ -၂၀၂၀ ဘဏ္ဍာနှစ်အတွင်း ပြည်ပသို့ ဆန်တန်ချိန် ၂ ဒဿမ ၅ သန်း တင်ပို့နိုင်ရန် လျာထားကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ သိရသည်။

မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်အနေဖြင့် ပြည်ပပို့ကုန်ကို ဦးဆောင်သော ဆန်စပါးဖွံဖြိုးမှု မူဝါဒကို ဦးစားပေးဆောင်ရွက်လျက်ရှိ‌သော်လည်း ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်၌ နယ်စပ်ကုန်သွယ်မှု ကျဆင်းသွားကြောင်း သိရသည်။ 

"ပြည်ပတင်ပို့တဲ့ လုပ်ငန်းကို ပိုပြီးတော့ တိုးမြှင့်ဆောင်ရွက်ဖို့ရှိပါတယ်။ ဒီနေ့အချိန်ထိ တစ်နှစ်ကို ပျှမ်းမျှတန်ချိန် ၂ သန်းကျော်‌တော့ တင်ပို့နေတယ်။ ဒီဟာကို ကျွန်တော်တို့ ဆက်ထိန်းထားပြီးတော့ လာမယ့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်မှာလည်း တန်ချိန် အနည်းဆုံး ၂ ဒဿမ ၅ သန်းလောက် တင်ပို့နိုင်အောင် လျာထားပြီး ဆောင်ရွက်နေပါတယ်။" ဟု မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် ဥက္ကဌ ဦးရဲမင်းအောင်က ပြောသည်။ 

ယခင်က နယ်စပ်မှတဆင့် တစ်‌နေ့လျှင် တန် (၄၀၀၀) ဝန်းကျင် တင်ပို့‌လျက်ရှိရာမှ ယခုအခါ တစ်နေ့လျှင် တန်ချိန် (၁၀၀၀) ဝန်းကျင်သာ တင်ပို့နေရကြောင်း သိရသည်။ 

ပြည်ပသို့ဆန်တင်ပို့မှု လျော့ကျရခြင်းမှာ ဆန်စပါးဈေးနှုန်းကျဆင်းခြင်းကြောင့် နိုင်ငံတော်အစိုးရမှ ဆန်စပါးအခြေခံဈေးနှုန်း ကြေညာ၍ ဝယ်ပေးရသည့်အဆင့်ထိဖြစ်လာပြီး နွေစပါးရာသီချိန်တွင်လည်း အခြေခံဆန်စပါးဈေးနှုန်း သတ်မှတ်ဝယ်ယူပေးရန် နိုင်ငံတော်အစိုးရကို တင်ပြထားကြောင်းသိရသည်။

အေးအေးမြင့်(ABM)

 


Farm Link Co.,Ltd ကြော်ငြာ
🌾စပါးဈေးမကောင်းတဲ့ ရာသီမှာ အမြတ်ကျန်အောင် ဘယ်လိုစိုက်မလဲ⁉️ ❗စပါးဈေးကလည်းမသေချာ၊ သွင်းအားစုစရိတ်တွေကလည်း တက်နေတဲ့ဒီလိုအချိန်မှာ သွင်းအားစုဖိုးကို လျှော့ချပြီး အထွက်နှုန်းကို ထိန်းထားနိုင်မှ ဦးကြီးတို့ အဆင်ပြေမှာနော် ✔️ဒါကြောင့် ကိုယ်သုံးသမျှ ကိုယ့်အတွက်အကျိုးရစေမယ့် အရည်အသွေးစိတ်ချရတဲ့ သွင်းအားစုပစ္စည်းတွေကိုပဲ ရွေးချယ်သုံးသင့်ပါတယ်။
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်