လယ်ယာမြေများအား မြေဆီလွှာပျက်စီးဆုံးရှုံးနှင့် ပတ်သက်၍ ဓါတ်ခွဲစစ်ဆေးမှုများ အခမဲ့စမ်းသပ်ပေးလျက်ရှိ

14/08/2019 14:19 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

ရန်ကုန်၊ သြဂုတ် ၁၂ ရက်။ 

မြန်မာနိုင်ငံ ဆန်စပါးစိုက်ပျိုးထုတ်လုပ်သူများအသင်းမှ စိုက်ပျိုးရေးဦးစီးဌာနနှင့် ပူးပေါင်း၍ တောင်သူလယ်သမားများ၏ လယ်ယာမြေများအား မြေဆီလွှာပျက်စီးဆုံးရှုံးနှင့် ပတ်သက်၍ ဓါတ်ခွဲစစ်ဆေးမှုများ အခမဲ့ စမ်းသပ်မှုပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။ 

ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ်၌ သြဂုတ်လ ၁၂ ရက်က ကျင်းပပြုလုပ်သည့် မြန်မာနိုင်ငံ ဆန်စပါးစိုက်ပျိုးထုတ်လုပ်သူများအသင်းမှ နိုင်ငံကြွယ်ဝရေး၊ မြေဆီလွှာအားဖြည့်ပေး အလုပ်ရုံဆွေးနွေးပွဲမှ သိရသည်။

"အခုတောင်သူတွေက မြေသြဇာကောင်းတယ်ဆိုပြီး ဓါတ်မြေသြဇာတွေ ပက်ဖြန်းတယ်။ မြေဆီလွှာ ပျက်စီးနေတဲ့အနေအထား ရှိတယ်။ ဒါတွေကို ဘယ်လိုပြုပြင်မလဲ၊ မြေဆီလွှာပျက်စီးမှုကို ပြုပြင်တဲ့အခါမှာ ကိုယ့်မြေရဲ့အနေအထားကို သိဖို့လိုတယ်။ ကိုယ့်မြေအနေအထားနဲ့ စိုက်မယ့် သီးနှံရဲ့ ဘယ်လိုလိုက်ရောညီထွေဖြစ်အောင် ပြုပြင်မလဲပေါ့။ အဲ့ဒါကြောင့် ကျွန်တော်တို့က တောင်သူတွေကို ကူညီပေးနေပါတယ်။ သူတို့ရဲ့ လယ်တစ်ဧကမြေကို နမူနာပေးရင် ကျွန်တော်တို့က အဲ့မြေနမူနာကို စမ်းသပ်ပြီးတော့ ဘယ်လိုပြုပြင်၊ ဘယ်လိုစိုက်ပျိုးရင်ရမယ်ဆိုတာ အကူအညီပေးနေပါတယ်။" ဟု မြန်မာနိုင်ငံ ဆန်စပါးစိုက်ပျိုးထုတ်လုပ်သူများအသင်း ဥက္ကဋ္ဌ ဦးစိန်ဝင်းလှိုင်က ပြောသည်။ 

တောင်သူလယ်သမားများသည် ဓါတ်မြေသြဇာသုံးစွဲခြင်းကြောင့် စပါးအထွက်သည်ဟူဆိုကာ နယ်စပ်ဒေသမှ တင်သွင်းလာသည့် ဈေးပေါ၍ အရည်အသွေးမပြည့်မီသော ဓါတ်မြေသြဇာများကို အလွန်အကျွံသုံးစွဲသဖြင့် မြေဆီလွှာများ ပျက်စီးဆုံးရှုံးခြင်းဖြစ်ကြောင်း သိရသည်။ 

ယင်းကဲ့သို့ တောင်သူများ၏ လယ်မြေများအား မြေဆီလွှာဓါတ်ခွဲစစ်ဆေးမှုကို လွန်ခဲ့သည့် ၅ နှစ်ဝန်းကျင်ခန့်က စတင်ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် ဧရာဝတီတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီး တွံတေး၊ ကော့မှူးမြို့နယ်တို့ရှိ စပါးစိုက်တောင်သူများ၏ လယ်ယာမြေ  ဓါတ်ခွဲစစ်ဆေးမှုကို ပြုလုပ်လျက်ရှိကြောင်း သိရသည်။

"မြေဆီလွှာစစ်ဆေးပေးတာက အသင်းဝင်မှ မဟုတ်ပါဘူး။ ဘယ်သူမဆို တောင်သူလယ်ဖြစ်ရင် ရပါပြီ။ ဘယ်ဒေသကဆိုတာ အချက်အလက်နဲ့ မြေနမူနာပေးရင် စစ်ဆေးပေးပါတယ်။ ကျွန်တော်တို့ ဓါတ်ခွဲခန်းထောင်ဖို့လည်း ညှိနှိုင်းထားပါတယ်။ သို့သော် လောလောဆယ်တော့ စိုက်ပျိုးရေးဦးစီးဌာနကိုပဲ ဒီမြေပေးပို့ပြီးတော့ စစ်ဆေးပြီး အဖြေရရင် သူတို့ကို အကြောင်းပြန်ပေးပါတယ်။ ဒါနဲ့ပတ်သက်ပြီးတော့လည်း ကျွန်တော်တို့တွေ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်သွားဖို့ အစီအစဉ်ရှိပါတယ်။ လာစစ်ဆေးတဲ့အခါ အသင်းကနေ ဓါတ်ခွဲစစ်ဆေးခကို အကုန်အကျခံပေးပါတယ်။ တောင်သူတွေက စမ်းသပ်ခပေးစရာမလိုပါဘူး။" ဟု ဦးစိန်ဝင်းလှိုင်က ပြောသည်။ 

လက်ရှိတွင် လယ်ယာမြေများ၏ မြေဆီလွှာဓါတ်နှင့်ပတ်သက်၍ စမ်းသပ်စစ်ဆေးမှုပြုလုပ်ရာတွင် တောင်သူများအကြား ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်နိုင်ခြင်းမရှိသေးကြောင်း သိရသည်။ 

ထို့အပြင် မြန်မာနိုင်ငံ ဆန်စပါးစိုက်ပျိုးထုတ်လုပ်သူများအသင်းသည် ဓါတ်ခွဲခန်း တည်ထောင်ရန်လည်း လိုအပ်သော ငွေရေးကြေးရေး အထောက်အပံ့ရရှိရန် ဂျပန်နိုင်ငံနှင့် ဆွေးနွေးညှိနှိုင်းလျက်ရှိကြောင်း သိရသည်။ 

"ဒီအသင်းက လုပ်ပေးတာတော့ မစမ်းသပ်ဖူးသေးဘူး။ အခြားမှာတော့ စမ်းသပ်တာတော့ရှိတယ်။ မြေဆီလွှာစစ်ဆေးတာကို အခုလို အသင်းကလုပ်ပေးတော့ ကောင်းပါတယ်။ ကိုယ့်မြေ အခြေအနေကို သိရတာပေါ့။ မြေမှာ အဓိက ဒြပ်စင် ၁၆ မျိုးရှိတယ်။ ဓါတ်ခွဲလိုက်တဲ့အခါ ကိုယ့်မှာ ဘာလိုနေလဲ။ လိုအပ်တာကို ထည့်သွင်းပေးနိုင်ရင် ကောင်းပါတယ်။" ဟု ကျိုက်လတ်မြို့နယ်ရှိ တောင်သူ ဦးဝင်းအောင်လှိုင်က ပြောသည်။

မြန်မာနိုင်ငံတွင် လယ်ဧက ၂ ဧကမှ ၁၅ ဧကအတွင်း စိုက်ပျိုးထုတ်လုပ်သည့် တောင်သူလယ်သမား အများဆုံးဖြစ်သဖြင့် ယင်းတောင်သူများ၏ ဝင်ငွေတိုးတက်စေရန်အတွက် ကျေးရွာအုပ်စုအပိုင်အဖြစ် လယ်ယာစက်ကရိယာ ရောင်းချရေးကုမ္ပဏီများနှင့် ချိတ်ဆက်၍ အရစ်ကျစနစ်ဖြင့် ဝယ်ယူရရှိနိုင်အောင် မြန်မာနိုင်ငံ ဆန်စပါးစိုက်ပျိုးထုတ်လုပ်သူများအသင်းအနေဖြင့် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။ 

မြန်မာတစ်နိုင်ငံလုံးတွင် မိုးစပါးစိုက်ဧက ၁၅ သန်း၊ နွေစပါးစိုက် ဧက ၂ သန်းကျော်၊ စုစုပေါင်း စပါးစိုက်ဧက ၁၇ သန်းကျော် စိုက်ပျိုးထုတ်လုပ်လျက်ရှိကြောင်း သိရသည်။

အေးအေးမြင့် (ABM)


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ပြောင်ခင်းမှာ ပေါင်းရှင်းဖို့ ဘူဒိုဇာ လာပြီ ဒိုး... ပြောင်းခင်း စိုက်နေရင်း ပေါင်းခင်းမဖြစ်သွားရအောင် မအပ်စပ်တဲ့ ပေါင်းတွေအကုန်ဒိုးဖို့ "ဘူဒိုဇာ" လာပြီဗျို့။ ပြောင်းခင်းထဲက ပေါင်းတွေကို အမြစ်ပြတ် သုတ်သင်ပေးမယ့် အစွမ်းထက်ထက် ဆေးတစ်လက် ဆိုရင် ပေါင်းမနိုင်ခင် "ပြောင်း" နိုင်ဖို့ ပြောင်းအထူး ရွေးချယ်ပေါင်းသတ်ဆေး "ဘူဒိုဇာ" နဲ့ဆိုရင် ဘယ်ပေါင်းတွေ ခံနိုင်ပါ့မလဲ? အဓိကပေါက်တတ်တဲ့ "မြေဇာ၊ မြက်ယား၊ ဆင်ငို၊ လက်သဲခွ၊ ဝမ်းဘဲစာ၊ လေးခွမြက်၊ ဝက်ကျွတ်၊ တောဟင်းနုနွယ်၊ မှိုချဥ်၊ ဟင်းဂလာ၊ ခွေးသေးပန်း၊ ဗောက်ပင်၊ ဗောက်လောက်ညို၊ ဆေးပုလဲ၊ ပရန္နဝါ၊ မြက်မုန်ညင်း" တို့ကို အမြစ်ပြတ် အထူးနှိမ်နင်းဖို့ "ဘူဒိုဇာ" ရှိရင် စိတ်သာချလိုက် ဦးကြီးတို့ရေ။ ပြောင်းဖူးပင် တစ်လသားမပြည့်မီ ပေါင်းအရွက် (၂-၄) ရွက် ထွက်ချိန်မှာ အချိန်မှန်မှန်နဲ့ မြန်မြန် သုံးထားဖို့ပဲ တိုက်တွန်းလိုက်ချင်တယ်ဗျ။ လက်မနှေးဘဲ အခုပဲ ပြောင်းခင်းထဲကပေါင်းတွေ "ဘူဒိုဇာ" နဲ့ ရှင်းလိုက်ရအောင်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်