အပင်မျိုးသစ်အကာအကွယ်ပေးရေးအတွက် လျှောက်ထားတဲ့မျိုးသစ်များကို အတည်ပြုမှတ်ပုံတင်နိုင်ရန်အတွက် စီစဉ်လုပ်ဆောင်နေကြောင်း စိုက်ပျိုးရေးသုတေသနဦးစီးဌာနမှ သိရပါတယ်။
အပင်မျိုးသစ်အကာအကွယ်ပေးရေး ဥပဒေထွက်ရှိလာတဲ့အတွက် မျိုးသစ်(၁၇)မျိုးကို အတည်ပြု မှတ်ပုံတင်ပေးနိုင်ရန် စီစဉ်လုပ်ဆောင်သွားမှာဖြစ်ကြောင်း စိုက်ပျိုးရေးသုတေသနဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသန့်လွင်ဦးက ပြောပါတယ်။
“မှတ်ပုံတင်တဲ့လူတွေကို မှတ်ပုံတင်ပေးဖို့လုပ်ရမှာပေါ့။ နည်းပညာတွေ၊ ဆပ်ကော်မတီတွေဖွဲ့မယ်။ ကော်မတီကနေပြီးတော့ အတည်ပြုပေးရမယ်။ လက်မှတ်ထုတ်ပေးရမယ်။ စစ်ဆေးမယ့်နည်းလမ်းတွေ၊ သင်တန်းတွေပေးမယ်။ စစ်ဆေးဖို့ခြံတွေလည်း နေရာတွေသတ်မှတ်ပြီးလုပ်မယ်”
အပင်မျိုးသစ်များကို အကာအကွယ်ပေးရေးအတွက် လုပ်ငန်းစဉ်များကို ညှိနှိုင်းကာဆွေးနွေး လုပ်ဆောင်သွားမှာဖြစ်ကြောင်းလည်း အဆိုပါဌာနမှ သိရပါတယ်။
အပင်မျိုးသစ်များကို အကာအကွယ်ပေးနိုင်ရေးအတွက် ဥပဒေကို စက်တင်ဘာလ(၂၄)ရက်နေ့က အတည်ပြုပြဌာန်းလိုက်တာဖြစ်ကြောင်း သိရပါတယ်။
မျိုးသစ်အတွက် လျှောက်ထားတဲ့သီးနှံများမှာ မတ်ပဲသီးနှံ၊ ထောပတ်သီးသီးနှံ၊ စပါးသီးနှံ၊ ပြောင်းသီးနှံနဲ့ Asparagus –Bean တို့ဖြစ်ကြောင်း သိရပါတယ်။
တိုးတိုးခိုင်(ABM)
Farm Link Co.,Ltd
ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား?
ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်..
👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။
👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။
အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့
နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။
👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးငမြောင်တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုးတွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။
👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။
👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။
မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more