မန်ကျည်းတော်ဖီ ပြုလုပ်နည်း

09/01/2018 16:14 PM တွင် မိုးပန်းဖြူ မိုးပန်းဖြူ မှ ရေးသား

တမာထမ်းပိုး ၊ မန်ကျည်းလက်ညှိုး "ဆိုတဲ့ ပုံခိုင်း အတိုင်း မန်ကျည်းပင် ကိုတော့ မြန်မာ လူမျိုးတိုင်း ကလေး မှ အစ ၊ လူကြီး အဆုံး အားလုံးသိကြပါလိမ့်မည်။  အညာဒေသက မြို့ ရွာ တော်တော်များများက အိမ်တိုင်း အိမ်တိုင်းမှာ သစ်ပင် မျိုးစုံ ရှိကြပါတယ်။ အထူးသဖြင့်တော့ တမာ ပင် နဲ့ မန်ကျည်းပင်က တော့ အပေါဆုံးပေါ့...။

ယခု စာရေးသူ ပြောပြချင်တာက မန်ကျည်းပင်ရဲ့ အသုံးဝင်ပုံများထဲမှ မန်ကျည်းတော်ဖီ ပြုလုပ်နည်း အကြောင်းကို ကျွန်မသိသလောက် ဖော်ပြပေးမှာ ဖြစ်ပါတယ်။ မန်ကျည်းတော်ဖီ ပြုလုပ်နည်းသည် အလွန်လွယ်ကူ ရိုးရှင်းသော ပြုလုပ်နည်းတစ်ခု ဖြစ်ပါတယ်။

မန်ကျည်းတော်ဖီ ပြုလုပ်ရာတွင် ပါဝင်ပစ္စည်းများ

(က) မန်ကျည်းသီးမှည့် - ၅၀ ကျပ်သား

(ခ) ထန်းညက် - ၅၀ ကျပ်သား

(ဂ) ဆား - အနည်းငယ်

(ဃ) ဂျုံမှုန့် - စားပွဲဇွန်း ၃-၄ ဇွန်း

(င) သကြား - ၁၀ ကျပ်သားခန့်

How to make tamarind toffee
Caption

ပြုလုပ်ပုံအဆင့်ဆင့်

၁။ မန်ကျည်းသီးမှည့်အား အစေ့များနှင့် အမျှင်များလည်း ဖယ်ထုတ်ပါ။ ထို့နောက် အသားများကို အနှစ်နီးပါး ရအောင် နုပ်နုပ်စဉ်းပါ။

၂။ ထန်းလျက်အားလည်း နုပ်နုပ်စဉ်းပါ။ ကြေညက်အောင် ပြုလုပ်ပါ။

၃။ နုပ်နုပ်စဉ်းထားသော မန်ကျည်းသီးမှည့်နှင့် ထန်လျက်ကို ဆားအနည်းငယ် ထည့်၍ ရောနယ်ပါ။ နယ်နေစဉ် အတွင်း အစိုပြန်လာလျှင် ဂျုံမှုန့် စားပွဲတင်ဇွန်းတစ်ဇွန်းကို ထည့်ကာနယ်ပါ။

၄။ မန်ကျည်းသီးမှည့်နှင့် ထန်းညက်ကို သမအောင်ရောနယ်ပါ။ အစိုပြန်ခြင်း ကင်းသည်အထိ ဂျုံမှုန့်ထည့်လိုက် နယ်လိုက်ပြုလုပ်ရပါမည်။

၅။ အစိုဓာတ် နည်းပါးလာပြီ ဆိုပါက အနေတော် အလုံးကလေးများလုံးကာ သကြားများနှင့် ကပ်ပါ။ ဤတွင် ပြုလုပ်ပုံ အဆင့်ဆင့်ပြီးစီးပါပြီ။

ထို့နောက် လေလုံသော ပုလင်းတွင် ထည့်၍ စားသုံးနိုင်ပြီ ဖြစ်ပါသည်။ မိမိ ကိုယ်တိုင် ပြုလုပ်ပြီး သန့်ရှင်းလတ်ဆတ်သော မန်ကျည်းတော်ဖီကို ထမင်းစားပြီး အချိုပွဲအဖြစ် သုံးဆောင်ကာ “ဝမ်းတစ်လုံးေကောင်း ခေါင်းမခဲ” ဆိုသည့်အတိုင်း ကျန်းမာသုခကို ပိုင်ဆိုင်နိုင်ကြပြီး အိမ်တွင်းစီးပွားဖြစ်လည်း ထုတ်လုပ်နိုင်ပါသည်။

 

မိုးပန်ဖြူ

 

 


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်