အလွယ်ကူဆုံး ပေါင်မုန့်ဖုတ်နည်း

24/08/2021 15:00 PM တွင် ထွန်းရာဇာ ထွန်းရာဇာ မှ ရေးသား

    ခုလိုကာလကြီးမှာ အများစုက အိမ်မှာပဲနေပြီး အလုပ်လုပ်နေကြရတာပါ။ အာဟာရရှိတာတွေ ကိုယ်တိုင်ချက်ပြုတ်စားကြရသလို အိမ်တွင်း မုန့်လုပ်နည်း၊ ဝိုင်လုပ်နည်း၊ ယိုလုပ်နည်း စသဖြင့် လက်တည့်စမ်းနေကြတဲ့သူတွေလည်း ရှိပါတယ်။ ဒါ့ကြောင့် ကိုယ်တိုင် အရသာကောင်းတဲ့ ပေါင်မုန့်ကို လုပ်စားလို့အောင် နည်းလမ်းလေးမျှဝေပေးချင်ပါတယ်။ 

လိုအပ်သောပါဝင်ပစ္စည်းများ

- နွားနို့တစ်ခွက် (နို့မုန့်လည်းရ)

- ဆား (ထမင်းစားဇွန်းတစ်ဝက်)

- သကြား (ထမင်စားဇွန်း ၂ ဇွန်း)

- တစေး(Yeast) (ထမင်းစားဇွန်း ၁ ဇွန်း)

- ကြက်ဥ (၂ လုံး)

- ဂျုံ (၁၅ ဇွန်း)

- ဆီ သို့မဟုတ် ထောပတ် (၂ဇွန်း)

    ပထမဦးစွာ စတီးဇလုံတစ်လုံးထဲကို နွားနို့နွေးနွေးလေးတစ်ခွက်ထည့်ပါ။ အဲ့နောက်မှာတော့ ဆားဇွန်းဝက်နဲ့ သကြား (၂) ဇွန်းကိုထည့်ပြီး သမအောင်မွှေပေးပါ။ သကြားတွေနွားနို့ထဲမှာ အရည်ပျော်သွားပြီးဆိုရင် တစေး (၁) ဇွန်းထည့်ပြီး (၂) မိနစ်လောက် သေချာမွှေပေးပါ။ ထို့နောက်မှာတော့ ကြက်ဥတစ်လုံးဖောက်ထည့်ပြီး မွှေပေးပါ။ ပြီးရင်တော့ ဂျုံ (၁၅ ဇွန်း) မောက်မောက်ထည့်၊ ဆီ (၂ ဇွန်း) ထည့်ပီး လက်နဲ့နယ်ရပါမယ်။ စဉ်းနီတုံးဖြစ်ဖြစ် အဆင်‌ပြေတဲ့ပေါ်မှာတင်ပြီး ဂျုံလုံးလေး အိစက်ပြောင်လက်သွားတဲ့အထိ လှိမ့်နှယ်ပေးပါ။

    ထို့နောက် ဂျုံလုံးလေးကို အစောကအသုံးပြုခဲ့သော စတီးဇလုံထဲထည့်ပြီး ပလတ်စတစ်အကြည် (သို့) ပိတ်စလေးဖြင့် (၁) နာရီခန့် လုံအောင်ပိတ်ပြီးနှပ်ထားပါ။ တစ်နာရီကြာပြီးတဲ့နောက် အပြင်ကိုထုတ်ပြီး တဖန်လှိမ့်နယ်ပေးပါ။ ဂျုံလုံးလေးပြောင်ချောသွားရင်တော့ နှစ်ပိုင်း၊ လေးပိုင်း စသဖြင့် မိမိစိတ်ကြိုက်ပုံစံ ပိုင်းဖြတ်ပြီး လက်ဖြင့် ချောအောင်လုံးပေးပါ။ ထို့နောက် မိမိအသုံးပြုမည့် ပေါင်မုန့်ဖုတ်ဗန်းထဲမှာ ဂျုံလုံးအပိုင်းများကိုထည့်ပြီး နာရီဝက်ခန့် ပိတ်ဆဖုံး၍နှပ်ထားပါ။ ပြီးနောက် ကြက်ဥတစ်လုံးဖောက် ခေါက်၍ ဂျုံလုံးများအပေါ်တွင် သုတ်ပေးပါ။

    နောက်ဆုံးအဆင့်အနေဖြင့် အာဗန်ရှိသူများက အာဗန်ထဲထည့်ဖုတ်နိုင်ပါတယ်။ ဒါပေမယ့်မရှိတဲ့သူကများတာမို့ သာမန်ဟင်းချက်ဒယ်ကို အနှိမ့်ဆုံးအပူချိန်ထိထားပြီး အထဲမှာ သံဇကာခံ၊ ပြီးရင် ဂျုံလုံးတွေထည့်ထားတဲ့ဗန်းကို သံဇကာပေါ်တင်၊ အဖုံးပိတ်ပြီး မိနစ်(၃၀ )လောက်ထားလိုက်ရင် အရသာရှိတဲ့ ပေါင်မုန့်လေးတွေ ရရှိလာမှာဖြစ်ပါတယ်။ မီးသွေးမီးဖိုနဲ့လည်း ထိုနည်းအတိုင်းလုပ်နိုင်ပြီး အောက်မီးသွေးကိုလျော့ပြီး ဒယ်အိုးအဖုံးပေါ်မှာလည်း မီးသွေးများတင်ပေးရပါမယ်။ ကဲဒီလောက်ဆိုရင်တော့ အိမ်မှာ ကိုယ်တိုင်ပေါင်မုန့်ဖုတ်စားလို့ရပါပြီ အဆင်ပြေကြပါစေဗျာ။  

Ref: SS&P YouTube Video 


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်