အကျိုးကျေးဇူးများတဲ့ ပန်းသီးရှာလကာရည်

03/07/2019 15:00 PM တွင် ဝတ်မှုံသင်း ဝတ်မှုံသင်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

ပန်းသီးရှာလကာရည်က ပြုလုပ်ရတာလွယ်ကူသလောက် အကျိုးကျေးဇူးများစွာရှိတာကို တွေ့ရပါတယ်။ ပန်းသီးရှာလကာရည်ကို အပြင်မှာ ဈေးကြီးပေးဝယ်နေစရာမလိုပဲ  အိမ်မှာ ကိုယ်တိုင်လုပ်နိုင်အောင် လုပ်နည်လေး တင်ပေးလိုက်ပါတယ်။  ပထမဦးစွာ ပန်းသီးရှာလကာရည်ရဲ့ အသုံး ဝင်မှုများစွာကို ပြောပြပေးမယ်နော်။

    • ဟင်းသီးဟင်းရွက် သစ်သီးဝလံတွေကို ပန်းသီးရှာလကာရည်နဲ့ ဆေးခြင်းဖြင့် ဓာတုဆေးအကြွင်းအကျန်တွေကို ဖယ်ရှားပေးနိုင်ပါတယ်။ ထို့ပြင် အစားအစာပေါ်မှာရှိတဲ့ ဘက်တီးရီးယားတွေကို သေစေနိုင်ပါတယ်။

    • ပေါင်းပင်ကို ရေမရောထားတဲ့ ပန်းသီးရှာလကာရည်နဲ့လောင်းကာ ကိုယ်တိုင်လုပ် ပေါင်းသတ်ဆေးအနေနဲ့လည်း အသုံးပြုနိုင်ပါတယ်။ ပန်းသီးရှာလကာရည်ကို ဆပ်ပြာနှင့် သံပုယိုရည်ရောခြင်းဖြင့် ပိုအားကောင်းတဲ့ ပေါင်းသတ်ဆေးကို ရရှိစေနိုင်ပါတယ်။

    • အင်းဆက်ပိုးမွှား ထောင်ချောက်အနေနဲ့လည်း အသုံးပြုနိုင်ပါတယ်။ (ပန်းသီးရှာလကာရည်ထဲသို့ ပန်းကန်ဆေးဆပ်ပြာ အနည်းငယ်ထည့်၍ ပြုလုပ်နိုင်ပါတယ်။)

    • ကင်ဆာဆဲလ်တွေကို သတ်နိုင်တဲ့အတွက် ကင်ဆာရောဂါဖြစ်နိုင်ချေကို လျော့နည်းစေတယ်။ 

    • အစားအစာတွေကို ပိုမိုကြာရှည်ခံအောင် ပြုလုပ်ရာမှာလည်း အသုံးပြုတယ်။

    • ပန်းသီးရှာလကာရည်က သွေးတွင်း သကြားဓာတ်မြင့်တက်မှုကို ကျဆင်းစေတယ်။

    • ပန်းသီးရှာလကာရည်ကို စားသုံးပေးခြင်းဖြင့် ဗိုက်ပြည့်တဲ့ခံစားချက်ကို ခံစားရစေကာ ဗိုက်အဆီနှင့် ကိုယ်အလေးချိန်ကို ကျဆင်းစေနိုင်တယ်လို့လည်း သိရပါတယ်။

    • ရေနဲ့ရောပြီးတော့ အနံ့အသက်ပျောက်တဲ့ ဖြန်းဆေးအနေနဲ့လည်း အသုံးပြုနိုင်ပါတယ်။

    • ရေနဲ့ရောပြီး ပလုတ်ကျင်းပေးခြင်းဖြင့်  လည်ချောင်းနာရောဂါကို သက်သာစေနိုင်ပါတယ်။

    • အရေပြားပြဿနာတွေ ကုသဖို့ရန်နဲ့ အိုမင်းရင့်ရော်မှုကို ကာကွယ်ဖို့ရန်အတွက် ပန်းသီးရှာလကာရည်ကို toner (အလှကုန်ပစ္စည်းတစ်မျိုး)  အနေနဲ့အသုံးပြုနိုင်တယ်။ (ပြုလုပ်ဖို့ရန် ပန်းသီးရှာလကာရည်တစ်ဆကို ရေနှစ်ဆနဲ့ရောပြီး ဝါကွင်းဖတ်လေးနဲတို့ပြီး အသုံးပြုနိုင်ပါတယ်။ အထိအခိုက်မခံတဲ့ အသားအရည်မျိုးဆိုရင်တော့ ပျင်းအားပျော့သွားအောင် ရေကို ပိုထည့်ပြီး အသုံးပြုနိုင်ပါတယ်။)

    •  ဆံသားတွေ တောက်ပြောင်လှပဖို့အတွက်လဲ အသုံးပြုနိုင်ပါတယ်။ (ပန်းသီးရှာလကာရည် အနည်းငယ်ကို ရေနဲ့ရောပြီး ခေါင်းပေါ်သို့လောင်းကာ မိနစ်အနည်းငယ်ထားပြီးနောက် ရေပြန်ဆေးချခြင်းဖြင့် တောက်ပတဲ့ဆံနွယ်လေးကို ပိုင်ဆိုင်နိုင်ပါတယ်။)

ပန်းသီးရှာလကာရည်ပြုလုပ်နည်း

    • ပန်းသီးနှစ်လုံးကို ရေဆေးသန့်စင်ပြီး အစိပ်လေးတွေစိပ်ထားပါ။ အခွံနွာစရာမလိုပါ။

    • ဇလုံတစ်ခုထဲသို့ ဆား လက်ဖက်ရည်ဇွန်း(၁)ဇွန်းကို ရေဖြင့်ဖျော်ကာ ထိုရေထဲသို့ ပန်းသီးအစိတ်လေးတွေကို (၅) မိနစ်ခန့်စိမ်ထားပါ။ ထို့နောက် ပန်းသီးအစိတ်လေးတွေကို ဆားရေပြောင်တဲ့အထိ ရေပြန်ဆေးချပါ။

    • အဝကျယ်ပုလင်းထဲသို့ ပန်းသီးစိတ်တွေကိုထည့်ပြီး သကြား လက်ဖက်ရည်ဇွန်း (၉) ဇွန်း ထည့်ပါ။ ပန်းသီးစိတ်တစ်လွှာ သကြားတစ်လွှာ ထည့်ပေးလျှင် ပိုကောင်းပါသည်။

    • ပန်းသီးစိတ်ထည့်ထားသော ပုလင်းထဲသို့ ရှာလကာရည်အဖြူကို လက်ဖက်ရည်ဇွန်း (၂) ဇွန်းထည့်ပေးပါ။

    • ထိုပုလင်းထဲသို့ ရေကို ပန်းသီးစိတ်တွေမြုပ်တဲ့အထိ ထည့်ပေးပါ။ ထို့နောက် ပုလင်းဝကို အဝတ်စထူထူဖြင့် ပိတ်ပြီး ကြိုးဖြင့်စည်းနှောင်၍ နွေးပြီးမှောင်သောနေရာတွင် ပုလင်းကို (၂)ပတ်ကြာ သိမ်းဆည်းထားပါ။

    • (၂) ပတ် ပြည့်သောအခါ အမြှုပ်ထနေသော ပန်းသီးစိတ်တွေကိုဖယ်၊ အရည်သီးသန့် စစ်ယူပြီး  အခြားပုလင်းထဲသို့်ထည့်ကာ အဝတ်စထူထူဖြင့် အရင်လိုပြန်ပိတ်ပြီး နောက်ထပ် (၄) ပတ်မှ (၆) ပတ်ထိ ပြန်လည်သိမ်းဆည်းရပါမယ်။ ပြီးလျှင်တော့ လိုသလိုအသုံးပြုလို့ရတဲ့ ပန်းသီးရှာလကာရည်စစ်စစ်ကို ရရှိပြီဖြစ်ပါတယ်။

ဝတ်မှုံသင်း

 

Ref: https://www.healthline.com/nutrition/apple-cider-vinegar-uses#section1

      


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်