မာလကာသီးယို နှင့် မာလကာပြင် လုပ်စားနည်း

17/09/2021 19:00 PM တွင် နှင်းဖြူဖြူ နှင်းဖြူဖြူ မှ ရေးသား

မာလကာသီးပေါ်ချိန်မို့ မာလကာသီးယိုနဲ့ မာလကာပြင်လေးလုပ်စားလို့ရအောင် ပြုလုပ်နည်းလေးကို ပြောပြပေးပါမယ်။

မာလကာယိုပြုလုပ်ဖို့ -

၁. မာလကာသီးအမှည့် – ၁ ကီလို

၂. ရေ – ၂ ခွက် (500 ml)

၃. သကြား – ၁ ခွက်ခွဲ (375 ml)

၄. ပျော်အောင် ဖျော်ထားသော ထောပတ်ရည်- ထမင်းစားဇွန်း ၁ ဇွန်း

၅. သံပုရာရည်– ထမင်းစားဇွန်း ၁ ဇွန်းတို့ လိုအပ်ပါတယ်။

ပြုလုပ်နည်းမှာ-

၁။ ရေဆေးထားသော မာလကာသီးများကို အညှာများဖယ်ပြီး အပိုင်းပိုင်း လှီးပါ။

၂။ ပြီးလျှင် အိုးတစ်လုံးထဲသို့ လှီးထားသော မာလကာသီးနှင့်ရေကိုထည့်ပြီး ရေဆူလာအောင်တည်ထားပါ။ ရေဆူလာပြီးနောက် အပူချိန်အသင့်အတင့်ဖြင့် မိနစ် ၂၀ ခန့် (နူးပျော့သွားအောင်) ဆက်တည်ထားပါ။

၃။ နူးပျော့သွားလျှင် မိမိအဆင်ပြေရာနည်းဖြင့် ကြေညက်သွားအောင် ကြိတ်ခြေပေးပါ။

၄။ ပြီးနောက် အစေ့များ မပါရအောင် အနှစ်ချည်းသက်သက် ဇကာဖြင့်တိုက်ယူပါ။ ဇကာအပြင်ဖက်တွင် ကပ်နေသည်များကိုလည်း ခြစ်ချယူပေးပါ။

၅။ အနှစ်များရလျှင် သကြား၊ ထောပတ်ရည် နှင့် သံပုရာရည်ထည့်ကာ မီးအသင့်အတင့်ဖြင့် မွှေကျိုပေးပါ။ အိုးမကပ်အောင် အောက်ခြေကို ခြစ်ပြီးမွှေပေးပါ။

၆။ မိနစ်၂၀ ခန့် (သို့) မာလကာအနှစ် ပိုပျစ်ပြီး အရောင်ရင့်လာကာ ပြောင်ပြောင်လေးဖြစ်လာလျှင် ( ဇွန်းဖြင့် ခြစ်ဆွဲကြည့်ပါက လမ်းကြောင်းလေးပေါ်လာသော်လည်း ချက်ချင်းပြန်ရောသွားလျှင်) မာလကာယိုအဖြစ် သုံးဆောင်နိူင်ပြီမို့ မီးဖိုပေါ်မှဒယ်အိုးချကာ သန့်ပြန့်သော ပုလင်းထဲထည့်ပြီး အအေးခံပါ။

အေးသွားပြီးနောက် အဖုံးလုံအောင်ဖုံးကာ ရေခဲသေတ္တာထဲတွင် ထည့်သိမ်းထားပါက ရက်ကြာကြာ အထားခံပါတယ်။

မာလကာပြင် ပြုလုပ်နည်း

ယိုအဖြစ်မစားပဲ မာလကာပြင်လုပ်ချင်ပါက ယိုကိုဇွန်းဖြင့် ခြစ်ဆွဲကြည့်ပါက လမ်းကြောင်းလေး အချိန်ကြာကြာပေါ်နေသော အနေအထားဖြစ်သည်အထိ ဆက်ပြီးမွှေပေးပါ။

ထိုအနေအထားဖြစ်လျှင် baking paper (သို့) ငှက်ပျောရွက်ပေါ် ပါးပါးလေးညီညာအောင် ဖြန့်ခင်းပြီး ခြောက်သွားအောင် နေပူလှမ်းပါ (သို့) အခန်းအပူရှိန်ဖြင့် လေသလပ်ခံထားပါ။ မိမိနေထိုင်ရာဒေသကို လိုက်ပြီး ၃ ရက် မှ ၅ ရက်ခန့်အထိ ကြာနိုင်ပါတယ်။

(ထိုအတောအတွင်း  baking paper မှ မာလကာပြင်ခွာလို့ရအောင် ခြောက်သည်နှင့် နောက်တစ်ဖက်လှန်ကာ ဆက်လှန်းပါ။)

မလကာပြင်ကို ပါးပါးလေးမလှန်းပဲ ထူထူလေးလှန်းပြီးလည်း အရသာရှိစွာ သုံးဆောင်နိုင်ပါတယ်။ ဒီလိုထူထူလေးက အပြင်သားမာကာ အတွင်းသားပျော့ပျော့လေးဖြစ်နေ၍ စားရတာ ပိုမိုအရသာရှိစေပါတယ်။

ကိုးကား- ချောစု၏ "home made မာလကာယိုနှင့်မာလကာပြင်” ပြုလုပ်နည်း။

 


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်