တီလာပီးယား လိင်ပြောင်းလဲခြင်းလုပ်ရန်အတွက် ဟိုမုန်းရောစပ်စာပြင်ဆင်ခြင်း

26/04/2022 13:10 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

တီလားပီးယားငါးလိင်ပြောင်းလဲရန်အတွက် ဟိုမုန်းထည့်ထားသည့်အစာ၏အရေးပါပုံ ကိုသိရှိသွားကြပြီဆိုတော့ ဒီနေ့မှာ ဟိုမုန်းရောစပ်စာပြင်ဆင်ပုံကိုဖော်ပြပေးလိုက်ရပါတယ်။

ဟိုမုန်းရောစပ်စာပြင်ဆင်ရာတွင်-

(၁) ဟိုမုန်းဖြင့် အလုပ်မလုပ်မီ ရာဘာလက်အိတ်များ၊ နှာခေါင်းစည်းများ ဝတ်ဆင်ပါ။

(၂) ကြိုတင်ပြင်ဆင်ထားသော 17-methyl testosterone  ဟိုမုန်းဖျော်ရည် ၁၂၀ မီလီလီတာအား ဘီကာဖန်ခွက်အတွင်းသို့ ချိန်တွယ်ထည့်ပါ။

(၃) လတ်ဆတ်သည့် ၉၉ရာခိုင်နှုန်း အီသိုင်း အယ်ကိုဟော ၁၂၀ မီလီလီတာ အားချိန်တွယ်ပြီး အခြား ဘီကာ ဖန်ခွက် အတွင်းသို့ ထည့်ပါ။

(၄) ၉၉ ရာခိုင်နှုန်း အီသိုင်း အယ်ကိုဟော၁၂၀ မီလီလီတာ အတွင်းသို့ ဟိုမုန်းဖျော်ရည် ၁၂၀ မီလီလီတာ အားထည့်ပါ။

(၅) ဗီတာမင်စီ ၁၀ဂရမ်အမှုန့်အား ချိန်တွယ်ပါ။

(၆) ဗီတာမင်စီ အမှုန့်အား ၂၄၀ မီလီလီတာ ဖျော်ရည်အတွင်းသို့ ထည့်ပါ။

(၇) ထည့်သည့် ခွက်အား အဖုံးဖုံးပါ။ ထို့နောက် ထည့်ထားသည့် ဗီတာမင် စီပျော်ဝင်သွားစေရန် သေချာစွာမွှေပါ။

(၈) အားလုံးပျော်ဝင်သွားပါက ၎င်းပျော်ရည်အား ရေဖျန်းခေါင်းပါသည့်  ဗူးအတွင်းသို့ထည့်ပါ။

(၉) ၁ ကီလိုဂရမ်ရှိသည့် ငါးခြောက်မှုန့် (သို့) စီးပွားဖြစ်ထုတ်လုပ်ထားသည့် အရည်အသွေးမီ ငါးငယ် ပြုစုရန် အစာမှုန့်အား သန့်ရှင်းသည့် ပလတ်စတစ်ဇလုံ အတွင်းသို့ထည့်ပါ။

(၁၀) ဟိုမုန်းဖျော်ရည်အား စက်ဖြင့် မွှေခြင်း (သို့) လက်ဖြင့် မွှေခြင်းဖြင့် အစာအတွင်း ညီမျှစွာ ရောသွားစေရန် လုပ်နိုင် ပါသည်။

(၁၁) လက်ဖြင့်ပြုလုပ်ပါက ဟိုမုန်းဖျော်ရည်အား အစာပေါ်သို့ အနည်းငယ်စီ ဖျန်းပေးရပါမည်။ အစာပုံ အရောင်ရင့်လာသည် အထိဖျန်းပေးပါ။ ထို့နောက် လက်ဖြင့် သေချာစွာမွှေပေးပါ။ (ရာဘာလက်အိတ်များ အားဝတ်ဆင်ထားရပါမည်)။

(၁၂) ဟိုမုန်းဖျော်ရည်အားလုံး ထည့်သွင်းပြီးသည်အထိ ဆက်လက်ဖျန်းရန် နှင့် ရောမွှေပေးရမည်ဖြစ်ပါသည်။

(၁၃) ဟိုမုန်းဖျော်ရည်အား အစာပေါ်သို့ မျှတအောင် ဖျန်းပြီးပါက လက်ဖြင့် သေချာနှံ့စပ်အောင် မွှေပါ။ ထို့နောက် ဟိုမုန်းရောစပ်စာအား ဇကာအစိပ် ဖြင့်စစ်ပါ။ ထိုသို့ပြုလုပ်ခြင်းဖြင့် ဟိုမုန်းရောစပ်စာအတွင်း အစာဖတ်များ ကျန်မနေစေရန်သေချာဆောင်ရွက်ပါ။

(၁၄) ဟိုမုန်းရောစပ်စာအား အခန်းအပူချိန်တွင် အခြောက်ခံပါ (သို့) ဖြည့်ညင်းစွာ လည်ပတ်နေသည့် ပန်ကာအား ဖွင့်ပြီး ခြောက်သွေ့အောင်လုပ်ပါ။

(၁၅) ဟိုမုန်းရောစပ်စာအား ဖော်စပ်ပြီးလျှင်ပြီးချင်း အသုံးပြုနိုင်သကဲ့သို့ တံဆိပ်ကပ်ပြီး အမှတ်အသားရေးပါ။ အလုံပိတ်ပလတ်စတစ်အိတ်တွင်းထည့်သို့မဟုတ် ပလတ်စတစ်ဗူးအတွင်းထည့်ပြီး ရေခဲသေတ္တာအတွင်း ၄ မှ ၆ ဒီဂရီစင်တီဂရိတ် တွင်ထားပါက ၂၁ရက်အသုံးပြုနိုင်ပါသည်။

Ref: တီလားပီးယားငါးသားဖောက်ခြင်းနှင့် သားပေါက်အဖိုများ ထုတ်လုပ်ခြင်းစာအုပ်မှကောက်နုတ်ဖော်ပြပါသည်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ပြောင်ခင်းမှာ ပေါင်းရှင်းဖို့ ဘူဒိုဇာ လာပြီ ဒိုး... ပြောင်းခင်း စိုက်နေရင်း ပေါင်းခင်းမဖြစ်သွားရအောင် မအပ်စပ်တဲ့ ပေါင်းတွေအကုန်ဒိုးဖို့ "ဘူဒိုဇာ" လာပြီဗျို့။ ပြောင်းခင်းထဲက ပေါင်းတွေကို အမြစ်ပြတ် သုတ်သင်ပေးမယ့် အစွမ်းထက်ထက် ဆေးတစ်လက် ဆိုရင် ပေါင်းမနိုင်ခင် "ပြောင်း" နိုင်ဖို့ ပြောင်းအထူး ရွေးချယ်ပေါင်းသတ်ဆေး "ဘူဒိုဇာ" နဲ့ဆိုရင် ဘယ်ပေါင်းတွေ ခံနိုင်ပါ့မလဲ? အဓိကပေါက်တတ်တဲ့ "မြေဇာ၊ မြက်ယား၊ ဆင်ငို၊ လက်သဲခွ၊ ဝမ်းဘဲစာ၊ လေးခွမြက်၊ ဝက်ကျွတ်၊ တောဟင်းနုနွယ်၊ မှိုချဥ်၊ ဟင်းဂလာ၊ ခွေးသေးပန်း၊ ဗောက်ပင်၊ ဗောက်လောက်ညို၊ ဆေးပုလဲ၊ ပရန္နဝါ၊ မြက်မုန်ညင်း" တို့ကို အမြစ်ပြတ် အထူးနှိမ်နင်းဖို့ "ဘူဒိုဇာ" ရှိရင် စိတ်သာချလိုက် ဦးကြီးတို့ရေ။ ပြောင်းဖူးပင် တစ်လသားမပြည့်မီ ပေါင်းအရွက် (၂-၄) ရွက် ထွက်ချိန်မှာ အချိန်မှန်မှန်နဲ့ မြန်မြန် သုံးထားဖို့ပဲ တိုက်တွန်းလိုက်ချင်တယ်ဗျ။ လက်မနှေးဘဲ အခုပဲ ပြောင်းခင်းထဲကပေါင်းတွေ "ဘူဒိုဇာ" နဲ့ ရှင်းလိုက်ရအောင်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်