စပျစ်သီးခြောက် ပြုလုပ်နည်း

14/03/2020 15:00 PM တွင် Thet Htar Zin Thet Htar Zin မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

လိုအပ်သော ပစ္စည်းများ

စပျစ်သီး

အိုး

ပိတ်စဖြူ

စကာစိပ်

စကာကျဲ

ပြုလုပ်နည်း

    စပျစ်သီးအခိုင်မှ အရွယ်တူညီညာပြီး လတ်ဆတ်သော စပျစ်သီးများကို အညှာမပါစေရန် သတိပြု၍ ချွေပါ။ သေးငယ်လွန်းသော အသီးဖျင်းများကို ဖယ်ရှားပါ။ ချွေပြီးသော စပျစ်သီးများကို ရေဆေးပါ။ ရေဆေးပြီးနောက် စပျစ်သီးများကို စတီးအိုးတစ်ခုအတွင်းသို့ ထည့်ပါ။ ၎င်းအိုးထဲတွင် ရေကို စပျစ်သီးမြုပ်ရုံ တစ်လက်မခန့် လောင်းထည့်ပါ။ ထို့နောက် အိုးကို ၃ -၄ မိနစ်ခန့် မီးပူပေး၍ ဆူပွတ်လာသည်အထိ ပြုတ်ပါ။ ဆူပွတ်လာပြီးနောက် စပျစ်သီးများ ရေပေါ်တွင် ပေါလောပေါ်လာပါက မီးပိတ်လိုက်ပါ။ သို့မဟုတ်ပါက စပျစ်သီး အပေါ်ယံရှိ အရေခွံများ လန်ထွက်လာလိမ့်မည်။ 

    မီးပိတ်ပြီးသည်နှင့်တပြိုင်နက် စကာတစ်ခုပေါ်သို့ အိုးကို လောင်းချ၍ ရေပူများကို ထုတ်ပစ်ပါ။ ပြုတ်ပြီးသော စပျစ်သီးများကို ဝါဂွမ်းပိတ်စ တစ်ထည် ပေါ်သို့ ဖြန့်ချ၍ ပိတ်စအနားသားများဖြင့် စပျစ်သီးပေ့ါ်ရှိ ရေများ ခြောက်သွေးသွားစေရန်အတွက်  ညင်သာစွာ သုတ်ပေးပါ။ 

    ထို့နောက် စပျစ်သီးများကို နေရောင်အောက်တွင် ထားရှိရန်  အကွက်အနည်းငယ်ကျဲသော စကာ  (mesh) တစ်ခုကိုအသုံးပြု၍ စကာပေါ်တွင် ပိတ်စဖြူ တစ်ထည် (ဝါဂွမ်းသား)ကို ခင်းပါ။ ၎င်းပိတ်စအပေါ်တွင် စပျစ်သီးများကို ဖြန့်ထားပါ။ ပြီးနောက် ဖြန့်ထားသော စပျစ်သီးများအပေါ်တွင် နောက်ထပ် ပိတ်စဖြူတစ်ထည်  (ဝါဂွမ်းသား) ဖြင့် ဖုံးအုပ်လိုက်ပါ။ ထို့သို့ပြုလုပ်ပြီးပါက စပျစ်သီးများ ခြောက်သွေ့သွားစေရန် နေရောင်အောက်တွင် (၂)ရက်ခန့် ထားရှိပါ။ (၂)ရက်အကြာတွင် စပျစ်သီးခြောက်များကို ရရှိပါပြီ။ အကယ်၍ စပျစ်သီးခြောက်သွေ့ရန် အနည်းငယ် လိုအပ်ပါက နောက်ထပ်တစ်ရက် နေရောင်အောက်တွင် ထားရှိနိုင်ပါသည်။ 

သက်ထားဇင်

Source: https://www.facebook.com/watch/?v=685317798642670

( ယခုဆောင်းပါးက ဦးကြီးတို့အတွက် အကျိုးတစ်စုံတရာဖြစ်ထွန်းမှု ရှိ /မရှိ ပေါ်မူတည်ပြီး အောက်မှာဖော်ပြပေးထားတဲ့ "အသုံးဝင်ပါတယ်"  "အသုံးမဝင်ပါ" ဆိုတဲ့ စာတန်းလေးကို ရွေးချယ်နှိပ်ပေးဖို့ တောင်းဆိုပါရစေရှင့် )

 


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်