လိမ္မော်သီးဝိုင် ပြုလုပ်နည်း

06/04/2020 10:30 AM တွင် ထွန်းရာဇာ ထွန်းရာဇာ မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

ဝိုင်လို့ပြောလိုက်တာနဲ့ အများစုပြေးမြင်တာက စပျစ်ဝိုင်ကိုပါ။ အခြားသစ်သီးတွေကနေလည်း ဝိုင်တွေထုတ်လုပ်လို့ ရတယ်ဆိုတာကိုတော့ လူသိနည်းကြပါတယ်ဗျ။ ဝိုင်တွေအများကြီးထဲကမှ အရသာရှိပြီး အိမ်မှာအလွယ်တကူလုပ်လို့ရတဲ့ လိမ္မော်သီးဝိုင် ပြုလုပ်နည်းလေးကို မျှဝေပေးချင်ပါတယ်ဗျ။ 

ပါဝင်သောပစ္စည်းများ

.ရေ(၂)ဂါလံ (၇လီတာ)

.ရင့်မှည့်နေသော လိမ္မော်သီး (၁၀)လုံး

.သံပုယိုသီး(၂)လုံး

.သကြား(၁)ပိဿာခွဲ

.တစေး(၂)ဇွန်း(yeast nutrient)

.တစေးဝိုင်တစ်ထုပ်(wine yeast)

ပြုလုပ်ပုံအဆင့်ဆင့်

ပထမအဆင့်

.ရေ(၂)ဂါလံကို ဆူပွတ်အောင် နာရီဝက်ခန့်ကြိုပါ။

.လိမ္မော်သီးများနဲ့သံပုယိုသီးများကို အခွံခွာပါ

.ထို့နောက်ဓားဖြင့် အသေးဆုံးအစိတ်အပိုင်းရောက်အောင် လှီးပါ။ Blender ရှိပါက Blender ထဲထည့်၍ ကြိတ်ပါ။

.ကြိတ်ခွဲထားသေား လိမ္မာ်သီးများကို အစေ့များပြောင်စင်အောင်ဖယ်၍ အချဥ်ဖောက်ရန်သုံးမည့် ပုံး (သို့မဟုတ်) ဗူး ထဲထည့်ပါ။

ဒုတိယ အဆင့်

.လိမ္မော်သီး ကြိတ်ခွဲစများ ထည့်ထားတဲ့ ဗူးထဲကို သကြား(၁ပိသာခွဲ)၊ တစေး (၂ဇွန်း)ကို ထည့်ရောပါ။

.၎င်းအရောအနှောထဲကို ကြိုချက်ထားသော ရေနွေးများထည့်ပါ။သကြားများအရည်ပျော်သွားအောင်ဇွန်းဖြင့် (၃-၅)မိနစ်ကြာ မွှေပေးပါ။

.ထို့နောက်ဗူးကို အဖုံးပိတ်၍ (၁-၂) နာရီကြာ အအေးခံပါ။

တတိယအဆင့်

.အအေးခံထားသောအရောအနှောဗူးထဲသို့ တစေးဝိုင် တစ်ထုပ်ထည့်၍မွှေပေးပါ။

.ထို့နောက်အဖုံးပြန်ဖုံး၍ တစ်ပတ်ကြာအချဥ်ဖောက်ပေးပါက တစေးကြောင့် သကြားမှ အယ်ကိုဟောအဖြစ်ပြောင်းသွားပါမည်။

.တစ်ပတ်ကြာအချဥ်ဖောက်ပြီးနောက် အရောအနှောဗူးထဲမှ အရည်များကိုသာ စစ်ယူ၍ အခြားဗူးထဲပြောင်းထည့်ပါ။

.ထို့နောက်နောက်ဆုံးစစ်ယူထားသောအရည်ဗူးကို လေလုံသောနေရာတွင် (၄-၅)လကြာ အချဥ်ဖောက်ပြီးပါက အရသာရှိသောလိမ္မော်ဝိုင်များကို သောက်ရန်အသင့်ဖြစ်ပါပြီဗျ။ တစ်နှစ်လောက်အထိ အချဥ်ဖောက်ပေးပါက ပို၍အရသာရှိသော ဝိုင်များကို ရရှိမှာဖြစ်ပါတယ်ဗျ။

အခုလို အိမ်တွင်းအောင်းနေတဲ့ အချိန်မှာ အလကားမနေပဲ ကိုယ်ခံအားကိုလဲမြှင့်တင်ပေးတဲ့ လိမ္မော်သီးဝိုင် လုပ်သောက်ကြရအောင်လားဗျာ။

Ref; https://www.wikihow.com/Make-Orange-Wine?fbclid=IwAR3QMgA-TUr-roR6dDhpTm75z6_WLxEDcjeSpsTnlD0kxkOhpG6cOVzIKeA

ထွန်းရာဇာ

( ယခုဆောင်းပါးက ဦးကြီးတို့အတွက် အကျိုးတစ်စုံတရာဖြစ်ထွန်းမှု ရှိ /မရှိ ပေါ်မူတည်ပြီး အောက်မှာဖော်ပြပေးထားတဲ့ "အသုံးဝင်ပါတယ်"  "အသုံးမဝင်ပါ" ဆိုတဲ့ စာတန်းလေးကို ရွေးချယ်နှိပ်ပေးဖို့ တောင်းဆိုပါရစေရှင့် )

 


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်