ဝဥကနေ အလွယ်တကူပြုလုပ်နိုင်တဲ့ ခေါက်ဆွဲလုပ်နည်း

16/12/2020 13:30 PM တွင် မဆုမြတ်ခင် မဆုမြတ်ခင် မှ ရေးသား

    ဝဥခေါက်ဆွဲဟာဆိုရင် ဝဥကနေ ပြုလုပ်လို့ ရတဲ့ စားစရာတစ်မျိုး ဖြစ်ပြီး များသောအားဖြင့် ဂျပန်လူမျိုးတွေ နှစ်ခြိုက်စွာ စားသုံးလေ့ရှိကြပါတယ်။ သူ့ကိုတော့ shirataki လို့ခေါ်ကြပြီး အိမ်မှာပဲ အလွယ်တကူ ပြုလုပ်စားသုံးနိုင်ပါတယ်။ ကဲ...ဘယ်လိုပြုလုပ်နိုင်လဲဆိုတာကို လေ့လာကြည့်ကြရအောင်။

လိုအပ်သောပစ္စည်းများ (၄ယောက်စာအတွက်)

ဝဥမှုန့် - ၂၅ ဂရမ်

ရေနွေး - ၁ လီတာ (ဝဥအမှုန့် ဖျော်ရန်အတွက်)

Pickling lime (supermarket တွေမှာ ဝယ်ယူရရှိနိုင်ပါတယ်) - ၁.၅ ဂရမ်

ရေနွေး ၂၀၀ မီလီလီတာ (pickling lime ဖျော်ရန်အတွက်)

ပြုလုပ်နည်း

  • 50ºC အပူချိန်ရှိတဲ့ ရေနွေး ၁ လီတာကို ဇလုံထဲသို့ ထည့်ပါ။ 
  • ထို့နောက် ဝဥမှုန့်များကို နည်းနည်းချင်းစီ ထည့်ရင်း မွှေပေးပါ။ 
  • ကော်ကဲ့သို့ ပျစ်လာလျှင် မွှေပေးခြင်းကို မိနစ် ၃၀ ခန့် ရပ်နားပေးပါ။
  • ခွက်တစ်ခွက်ထဲတွင် Pickling lime ၁.၅ ဂရမ်ကို ရေနွေး ၂၀၀ မီလီလီတာနှင့် ရောစပ်၍ ဖျော်ပေးပါ။
  • မွှေထားသော ဝဥအနှစ်များကို စေးကပ်ပြီး အဖြူရောင်ပြောင်းလာသည်အထိ (၄-၅) မိနစ်ခန့် နယ်ပေးပါ။
  • အရောင်ပြောင်းပြီး စေးကပ်လာသည့်အချိန်တွင် ဖျော်ထားသည့် pickling lime အရည်များကို လောင်းထည့်လိုက်ပါ။
  •  ဝဥအနှစ်များနှင့် pickling lime အရည်များ အလျင်အမြန် ရောသွားရန်အတွက် အားထည့်ပြီး သေချာစွာ နယ်ပေးပါ။
  • အရောင်များ တစ်သားတည်း ဖြစ်သွားပြီ ဆိုရင်တော့ ရပ်လိုက်လို့ရပါပြီ။
  • ဝဥအနှစ်များကို ညှစ်ချရန်အတွက် ပလတ်စတစ်ပြားတစ်ခုကို ကန်တော့ပုံ လိပ်ပြီး ထိပ်ဖျားကို အပေါက်ငယ် ဖောက်ထားပါ။
  • ပြီးရင်တော့ ရေဗူး တစ်ဗူးကို အဖုံးပါတဲ့ ဘက်ခြမ်းကနေ ၃လက်မလောက်ခွာပြီး ဖြတ်ပေးပါ။
  • သံချောင်းတစ်ချောင်းကို အပူပေးပြီး အဖုံးကို အပေါက်ငယ်လေးများ ဖောက်ပေးပါ။
  • ဖောက်သည့်အခါ အဖုံးအတွင်းထဲမှ နေပြီး ထိုးဖောက်ပေးပါ။
  • ထို့နောက် ဖြတ်ထားသော ရေဗူးခေါင်းပိုင်းကို အဖုံးပြန်ပိတ်ပြီး ကန်တော့အိတ်ထဲသို့ ထည့်ပေးပါ။
  • ၎င်းအိတ်ထဲသို့ နယ်ထားသော အနှစ်များကို ထည့်ပေးပါ။
  • ပြီးရင်တော့ ဆူပွက်နေသော ရေနွေးအိုးထဲသို့ ၎င်းအနှစ်များကို ညှစ်ချပေးပါ။
  • အနေတော် အရှည်အနေအထားရပြီဆိုရင် ကပ်ကြေးဖြင့် တစ်ခါစီ ဖြတ်ချပေးပါ။
  • ထို့နောက် အားလုံးကုန်သွားသည်အထိ ညှစ်လိုက် ဖြတ်လိုက် လုပ်ပေးပါ။
  • ရေပူထဲတွင် ခဏလောက်ထားလိုက်ပြီးလျှင်တော့ စားသုံးရန် အသင့်အနေအထား ဖြစ်တဲ့ ဝဥခေါက်ဆွဲမျှင်များကို ရရှိပါပြီ။

    ၎င်းရရှိလာသော ခေါက်ဆွဲများကို အဆင်ပြေသလို မိမိကြိုက်နှစ်သက်ရာ ပုံစံအတိုင်း ချက်ပြုတ်စားသောက်နိုင်ပါသည်။ ကြာကြာသိမ်းဆည်းထားချင်ရင်တော့ အခြောက်ခံပြီး သိမ်းထားနိုင်ပါတယ်။

ဝဥခေါက်ဆွဲလုပ်နည်းဆောင်းပါးကို KMSS အဖွဲ့က ပံ့ပိုးကူညီထားပါသည်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်