လွယ်ကူ ရိုးရှင်းတဲ့ သရေစာ

23/05/2019 15:30 PM တွင် ထွန်းဝင်းကျော် ထွန်းဝင်းကျော် မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

ပျင်းပျင်းရှိ စားဖို့သောက်ဖို့လောက်တွေးနေတဲ့ ကိုယ်တွေလို လူတွေရှိလား။ ရှိရင် ဆက်ဖတ်ပါဗျ…..

ကြွပ်ကြွပ်ရွရွ ကြက်သွန်ကွင်းကြော်လေးတွေ အိမ်မှာပဲ ကိုယ်တိုင်လုပ်ကြနိုင်ဖို့အတွက်ကို တင်ဆက်ပေးလိုက်ပါတယ်။ 

လိုအပ်တဲ့ပစ္စည်းလေးတွေကတော့

ကြက်သွန်ဥ ကြီးကြီး (တရုတ်ကြက်သွန်လို့ ခေါ်ကြပါတယ်နော်။ မမွှန်ဘူး၊ အနံ့မဆိုးဘူး) 

မုန့်ဖုတ်ဆော်ဒါ (Baking Soda) 

ဆား

Paprika ( ငရုတ်ကထုတ်ထားတဲ့အမှုန့်ပါနော်၊ အဲ့နာမည်နဲ့ပဲ ရှာဝယ်လို့ရပါတယ်)

ကြက်ဥ

နို့

ငရုတ်ကောင်း

ပေါင်မုန့်ခြောက် (ကုန်တိုက်တွေမှာရှိပါတယ်နော်၊ ကပ်ပြီးတော့  ကြော်ဖို့ပါ)

လိုအပ်တာတွေ ပြီးပြီဆိုရင် နောက်ထပ်လုပ်ကြမဲ့အဆင့်ကို သွားကြမယ်။

အဆင့်(၁) ။       ။ ကြက်သွန်ခွာမယ်။ လှီးမယ်။ ပညာသား ပါပါတယ်နော်။ အကွင်းလိုက်လေးတွေဖြစ်အောင်လို့ လှီးရမှာပါ။ ခဲတံလုံး အထူလောက် (တစ်လက်မရဲ့ လေးပုံ တစ်ပုံ) လောက် လှီးပြီးတော့ အကွင်းလေးတွေကို ညီညီညာညာလေး စီထားပေးပါ။ အသေးလေးတွေ လုံးဝကွင်းမဖြစ်တာကိုကျတော့ ဟင်းချက်ရင် သုံးလိုက်ပါ။

အဆင့် (၂) ။       ။ အရသာမှုန့်၊ မုန့်ဖုတ်ဆော်ဒါ၊ ဆားနဲ့ ပါပရီကာ ကို ထည့်ပြီး သမအောင်မွှေထားပေးရမယ်။ ပါပရီကာ မရနိုင်ဘူးဆိုရင်တော့ ငရုတ်သီး မှုန့်မှုန့်လေးတွေ သုံးပေးလို့ရပါတယ်။ ပြီးတော့ ကြက်သွန်ကွင်းလေးတွေကို အမှုန့်ထဲကိုရောမွှေပြီးတော့ ပြန်ဆယ်ထားပေးပါ။ 

အဆင့်(၃) ။        ။ နွားနို့၊ ကြက်ဥ ရယ် ငရုတ်ကောင်းရယ် တို့ကို ထည့်ခလောက်။ သမပြီဆိုရင်တော့ ခုဏက ကြက်သွန်ကွင်းလေးတွေကို ထည့်ပြီး ပြန်ဆယ်။ နောက် ပေါင်မုန့်လေးတွေ ထည့်ထားတဲ့ ဗန်းထဲမှာ ထည့်၊ ကပ်ပြီဆိုရင် ကြော်ဖို့ အဆင်သင့်ဖြစ်ပါပြီ။ 

အဆင့်(၄) ။        ။ အဆင်သင့်ဖြစ်နေတဲ့ ကြက်သွန်ကွင်းလေးတွေကို ဆီအိုးထဲထည့်ကြော်ရမဲ့အဆင့်ပါ။ ရွှေရောင်သန်းပြီး ကြွပ်နေပြီဆိုရင်တော့ အချဉ်လေးနဲ့ တို့စားဖို့အတွက် အဆင်သင့်ဖြစ်ပြီပေါ့။ ဆီမကြိုက်ရင် ဆီစစ်ပြီးတော့မှ စားပါပေါ့နော်။

ကဲ အားလပ်ရက်တွေကလည်း ရှိလာဦးမှာဆိုတော့ ဒီနည်းလမ်းလေးကို သိမ်းထားပြီးတော့ အိမ်မှာ မိသားစုနဲ့ လုပ်စားဖို့၊ ကလေးတွေကျွေးဖို့၊ ရုပ်ရှင်ကြည့်ရင်းစားဖို့ စတဲ့ အကြောင်းအရင်းများစွာအတွက် အသုံးချလို့ရပါပြီနော်။ 

ထွန်းဝင်းကျော်

https://www.bing.com/search?q=onion+ring+making&pc=MOZI&form=MOZLBR

 


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်