ဓာတုပစ္စည်းအရောအနှောကင်းတဲ့ ငါးချဥ်လုပ်နည်း

06/10/2021 11:00 AM တွင် နှင်းဖြူဖြူ နှင်းဖြူဖြူ မှ ရေးသား

ငါးခုံးမ၊ ငါးဖယ်၊ ငါးမြစ်ချင်း၊ ငါးကြင်းခြစ်ပြီးသား အသားတစ်မျိုးမျိုး - ၁ ပိဿာ

ထမင်း -၂၀ ကျပ်သား

ဆား - ၅ ကျပ်သား တို့လိုအပ်ပါတယ်။

၁။ ပထမဦးစွာ ထမင်းကို မညက်တညက်အရင်ထောင်း ပြီးမှ ထမင်းနဲ့ငါးအသားကို ရောထောင်း၊ ဆားနဲ့နယ်ပြီး ဇလုံထဲ ပေါက်ပေးပါ။ 

၂။ နာနာလေးပေါက်ပြီးမှ ကျွတ်ကျွတ်အိတ်ထဲထည့်ပြီး အိတ်ကိုသေချာပိတ်ပါ။ လေပိုမရှိအောင် တင်းနေအောင် ချည်ပိတ်ပါ။

၃။ ပြီးလျှင် ခွက်တစ်ခုရဲ့အပေါ်ကနေ ဇကာခံပြီး  ဇကာပေါ်ကနေ ငါးချဉ်ထုပ်ကိုတင်ပြီး အပေါ်ကနေ စဥ့်နှီးတုံးနဲ့ ဖိထားပါ။

၄။ မနက်တည်းက ငါးချဥ်ထုပ်ကို စဥ့်နှီးတုံးဖြင့် ဖိထားမည်ဆိုပါက ညရောက်ရင် ဇကာနဲ့ထိနေတဲ့ ကျွတ်ကျွတ်အိတ်ဖက်ကို ဓားနဲ့အပေါက်လိုက်ဖောက်ပါ။

၅။ အပေါက်များများဖောက်ပြီးသော ငါးချဥ်ထုပ်ကို ဇကာနဲ့ထိပြီးပြန်တင်ပြီးပါက အပေါ်ကနေ စဉ့်နှီးတုံးပြန်ဖိထားမှ  အောက်ခံခွက်ထဲကို အရည်တွေကျလာပါလိမ့်မယ်။ ကျလာသောအရည်များကို သွန်ပေးပါ။

    စလုပ်ကတည်းက ၂ ရက်၊ ၃ ရက်ဆို ချဉ်ပြီမို့ ကျွတ်ကျွတ်အိတ်ထဲကငါးချဥ်ကို ယူထုတ်ပြီး ရေခဲသေတ္တာထဲ ထည့်သိမ်းထားပါက တစ်ပါတ် ၁၀ ရက်ထိ အထားခံပါသည်။

    ငါးအသားတစ်ပိသာကို ဆား ၅ ကျပ်သား၊ ထမင်း၂၀ သားနဲ့လုပ်ပါက ၂ ရက်ဆိုချဉ်ပြီး အချဉ်ရည်ပိုကျကာ မာမာထုတ်ထုတ်လေးမို့ ပိုစားကောင်းပါတယ်။

    ဒါက ဓာတုဆိုးဆေးမပါ၊ ဓာတုပစ္စည်း အရောအနှောမပါတဲ့ အိမ်လုပ်ငါးချဥ်လုပ်နည်းလေးပါ။

    ငါးချဉ်ကို ကြော်စား၊ သုပ်စား၊ ဟင်းချက်စားကြပါတယ်။ ငါချဥ်သုပ်ကို ကြက်သွန်နီပါးပါးလှီး၊ ကြက်သွန်ဖြူဆီချက်၊ ငရုတ်သီးအကျက်မှုန့်၊ ပင်စိမ်း၊ နံနံပင်နဲ့ရောပြီး သုပ်စားပါက အနံ့မွှေးမွှေးလေးနှင့်မို့ ဘူးသီးဟင်းခါးနှင့် တွဲဖက်စားသောက်ပါက အလွန်လိုက်ဖက်လှပေသည်။

ပင်လယ်ပြာ (ငါးဦးစီး)

Ref: မွန်မ လက်ရာ စားစရာ ။

 


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်