မရမ်းသီးပေါချိန် မရမ်းယိုထိုးစားကြမယ်

01/03/2022 17:00 PM တွင် နှင်းဖြူဖြူ နှင်းဖြူဖြူ မှ ရေးသား

မရမ်းသီးပေါချိန် မရမ်းယိုထိုးစားကြမယ်

မရမ်းသီးတွေ လှိုင်လှိုင်ပေါ်နေချိန်ဆို မရမ်းသီးကိုဆားရည်စိမ်ပြီးလည်း စားကြသလို မရမ်းယိုထိုးပြီးလည်း စားလေ့ရှိကြပါတယ် ။ မွန်ပြည်နယ်ဘက်မှာတော့ မရမ်းသီးပေါ်ချိန်ဆို မရမ်းပြား အစို/အခြောက် ပြုလုပ်လေ့ရှိကြပါတယ်။ မရမ်းပြားကို ငါး/ကြက် မွန်စတိုင်ဟင်းချက်ပြုတ်ရာမှာ အသုံးပြုကြပြီး သင်္ကြန်ထမင်းနဲ့ အသုပ်တချို့ပြုလုပ်ရာမှာလည်း သုံးကြပါတယ်။ မရမ်းသီးသုပ်၊ မရမ်းသီးဟင်း ၊မရမ်းသီးကြော်အပြင် မရမ်းသီးမှည့်အချဥ်ပေါင်းကိုလည်း မြန်မာတို့ နှစ်သက်စွာစားလေ့ရှိကြတဲ့ အတွက် ကလေးရောလူကြီးပါ မကျန်ကြိုက်ကြတဲ့ ယိုထိုးနည်းလေး ပြောပြပါ့မယ်။

မရမ်းယိုပြုလုပ်ဖို့ -

မရမ်းသီး - ၁ ပိဿာ

သကြား - ၃၅ ကျပ်သား

ဆား- အနည်းငယ်

ထုံးရည်ကြည်- အနည်းငယ်တို့ လိုအပ်ပါတယ်။

ပြုလုပ်နည်းမှာ -

၁။ မရမ်းသီးကိုခွဲပြီး အစေ့နှင့် အစေ့ခွံကို သေချာစွာထုတ်ပါ။

၂။ ထုတ်ပြီးပါက ရေသေချာဆေးကြောပြီး  ဆားရည် တစ်နေ့စိမ်ပါ။

၃။ ဆားရည်စိမ်နေစဥ် ဆားရည်ကို နှစ်ကြိမ်လဲပေးပါ။ လဲတိုင်းလည်း ရေသေချာဆေးပြီး ပြန်ထပ်စိမ်ပေးပါ။ အဖန်ရည်များထွက်သွားအောင်ပါ။

၄။ ၁ရက်စိမ်ပြီးနောက် စိမ်ထားသော မရမ်းသီးကို ရေသေချာဆေး၍ ထုံးရည်ကြည်နဲ့ ၆နာရီ ထပ်စိမ်ပါ။ အချိန်ပြည့်ရင် ရေသန့်နဲ့သေချာဆေးပြီး ၁နာရီခန့် ဇကာနဲ့ ရေစစ်ထားပါ။

၅။ ထို့နောက် မရမ်းသီးများကို သကြားနဲ့ ရောပြီး ခွက်တစ်ခုထဲမှာ ၂နာရီခန့်စိမ်ထားပါ။ သကြား အရည်ပျော်လာပါလိမ့်မယ်။ 

၆။ ထိုအရည်ကို စစ်ပြီး မီးအေးအေးနှင့် အရင်ကျိုပါ။အရည်ခမ်းခါနီးတွင် မရမ်းသီးများထည့်၍ ဆက်ကျိုပေးပါ။

၈။ အရမ်းစေးကပ်တဲ့အထိ မထားပဲ အပျစ်အနေ အတော်မှာ အိုးချရပါမယ်။ထိုအခါမှာတော့ အရသာရှိလှတဲ့ မရမ်းယို ရပါပြီ။

၉။ အချိုကြိုက်ပါက သကြားပိုထည့်နိုင်ပါတယ်။‌ အစပ်ကြိုက်ပါက ငရုတ်သီးမှုန့် ၊မဆလာ ထည့်နိုင်ပါတယ်။

၁၀။ ဆားရည်စိမ်ထားပြီးသားမို့လို့ ဆားထပ်ထည့်စရာမလိုပါဘူးနော်။ အရောင်ပိုလှချင်လျှင် ကြေးအိုးနဲ့ ယိုထိုးပါက အရောင်စိမ်းလေး ရပါတယ်။

ဒါကတော့ မရမ်းသီးပေါ်ချိန်အိမ်မှာ အလွယ်တကူပြုလုပ်လို့ရတဲ့ မရမ်းယိုထိုးနည်းလေးပါ။ ဆွမ်းတော်လည်း  ကပ်လို့ရသလို ဆေးဖြစ်ဝါးဖြစ်ရော၊ သရေစာအနေဖြင့်ပါ စားလို့ရပါတယ်။

ရေးသားသူ- နှင်းဖြူဖြူ

Ref: YummyGoods Family Pathein.

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်