ဈေးကွက်အလားအလာ ကျဆင်းနေခြင်းကြောင့် မရမ်းပင်စိုက်သူများ တွက်ချေမကိုက်ဖြစ်နေ

18/08/2020 10:30 AM တွင် ဒေါ်နန်းထက်ထက်ချစ် ဒေါ်နန်းထက်ထက်ချစ် မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

    ဈေးကွက်အလားအလာ ကျဆင်းနေခြင်းကြောင့် မရမ်းစိုက်သူများ တွက်ချေမကိုက်ဖြစ်နေကြောင်း တောင်သူများကပြောသည်။

မရမ်းသီးဖြိုင်ဖြိုင်ပေါ်ချိန်တုန်းကတောင် ရွှေလီလမ်းကပိတ်တော့ အရောင်းလည်းကျ စျေးလည်းကျသွားခဲ့ပါတယ်။ အပင်တွေက သီးပါတယ်။ ဒါပေမဲ့ အခုနောက်ပိုင်း မခူးဖြစ်တော့ဘူး။ ခူးခနဲ့ ပြန်ရတဲ့ငွေကြေးနဲ့က တွက်ချေမကိုက်တော့ဘူးလေ။ စာရင်းချုပ်တော့ အရင်နှစ်ကထက် သုံးပုံတစ်ပုံပဲ ကိုယ့်အတွက်ကျန်တော့တယ်။

ဟု တောင်ငူမြို့မှ မရမ်းပင်စိုက်ပျိုးသူ ဦးခင်မောင်မြင့်က ပြောသည်။

    မရမ်းပင်ကို တနင်္သာရီတိုင်း၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ မန္တလေးတိုင်း၊ ဧရာဝတီတိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်တို့၌ အဓိကစိုက်ပျိုးကြပြီး၊ မရမ်းသီးအစိမ်း၊ အမှည့်၊ မရမ်းပြား (အခြောက်၊ အစို) အစရှိသည့် နည်းလမ်းအမျိုးမျိုးဖြင့် ရောင်းဝယ်ဖောက်ကားကြသည်။

ကိုဗစ်မဖြစ်ခင်် အစောပိုင်းလောက်ကတည်းက ပြည်ပကို သစ်သီးဝလံတင်ပို့ရောင်းချမှုလေးတွေက သိပ်ပြီးအဆင်မပြေတော့တာ။ ဒါကတော့ ဖရဲသမားတွေ ပြောင်းဖူးသမားတွေလည်း အနည်းနဲ့အများဆိုသလို ထိခိုက်ကြတာပါပဲ။ ကိုဗစ်ဖြစ်လိုက်တော့ ပိုပြီးတော့ ဆိုးသွားတာပေါ့။

ဟု ပဲခူးတိုင်းမှ ကုန်သည်တစ်ဦးက ပြောသည်။

    ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလက ပဲခူးတိုင်းဒေသကြီးအတွင်း၌ မရမ်းသီးတစ်ပိဿာလျှင် ကျပ် (၃၀,၀၀၀) မှ (၄၀,၀၀၀) အတွင်း ပေါက်ဈေးရရှိခဲ့ကြောင်း သိရသည်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်