ယခုတစ်ပတ်အတွင်း စျေးနှုန်းအပြောင်းအလဲဖြစ်ပေါ်ခဲ့သည့်သီးနှံများ

02/11/2018 14:41 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

(၂၉.၁၀.၂၀၁၈ မှ ၂.၁၁.၂၀၁၈)ထိ

ပြီးခဲ့တဲ့ အပတ်ကတော့ ပွဲတော်ကာလဖြစ်တဲ့အတွက် ကုန်စည်ဒိုင်တွေပိတ်ပြီး ဈေးအရောင်းအဝယ်လည်း မရှိသလောက်ဖြစ်ခဲ့ပါတယ်။ ဈေးအရောင်းအဝယ်မရှိတဲ့အတွက် ဈေးတွေကလည်း ငြိမ်ခဲ့ပါတယ်။

ဆန်၊ စပါး

ဆန်ကတော့ ပြီးခဲ့တဲ့ အပတ်ကလည်းဈေးငြိမ်နေခဲ့ပြီး ဒီတစ်ပတ်မှာလည်း ဆန်အနည်းငယ်သာ ဈေးကျဆင်း သွားခဲ့ပါတယ်။ ရန်ကုန်ဈေးကွက်ကို ဆန်အဝင်ပုံမှန်ရှိပေမယ့် အရောင်းအဝယ်ကတော့ အေးနေတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာတစ်လလုံး ဈေးတွေတက်ခဲ့တဲ့ဆန်က အောက်တိုဘာလမှာတော့ ဈေးငြိမ်သွားခဲ့ပါတယ်။ ဆန်အသစ်တွေကလည်း ဆက်တိုက်ကို ဝင်ရောက်လာတဲ့အတွက် ဆန်ဈေးက ငြိမ်သွားခဲ့တာပါ။

ရန်ကုန်ဈေးကွက်မှာ ဈေးအပြောင်းအလဲ ရှိတာကတော့ ပေါ်ဆန်းအသစ်ဖြစ်ပြိး ၄၄၀၀၀ ကနေ ၄၅၀၀၀ ရှိကာ တစ်အိတ်ကို ၁၀၀၀ လောက်ဈေးကျဆင်းသွားခဲ့ပါတယ်။ ပုသိမ်ဈေးကွက်မှာတော့  ဆန်ဈေးရော စပါးဈေးရော ငြိမ်နေခဲ့ပါတယ်။ ဧရာဝတီပေါ်ဆန်းစပါးက တင်း ၁၀၀ ကို ၁၃၅၈၀၉၅ ကျပ်၊ပေါ်ဆန်းရင်က ၁၂၇၀၀၀၀ ကျပ်၊ ဖျာပုံပေါ်ဆန်းက ၁၃၁၄၀၀ကျပ် အသီးသီးရှိပြီး ဆန်တွေကတော့ ၅၃၀၀၀ ကနေ ၅၄၅၀၀ ကျပ် နဲ့ ဈေးငြိမ်နေပါတယ်။

ဒုတိယတန်းစားစပါးဖြစ်တဲ့ ရွှေသွယ်လေးစပါးကတော့ ၈၂၈၀၀၀ ကျပ်၊ ဧရာမင်းကတော့ ၈၀၉၀၀၀ ကျပ်၊ မနောသုခက ၆၈၀၀၀၀ ကျပ်၊ မီးကောက်ကတော့ ၇၀၈၀၀၀ ကျပ်၊သီးထပ်ရင်ကတော့ ၆၂၅၀၀၀ ကျပ်  ရှိပြီး ဆန်တွေကတော့ တစ်တင်းခွဲတစ်အိတ်ကို ၂၄၅၀၀ ကနေ ၃၅၀၀၀ ကျပ် အသီးသီးရှိပါတယ်။

မတ်ပဲ (FAQ/RC)

နိုဝင်ဘာလအစမှာ သတင်းကောင်းကတော့ မတ်ပဲဈေးတွေ ဆက်တိုက်တက်နေခဲ့တာဖြစ်ပြီးတော့ ဈေးဆက်တက်နိုင်ခြေ ရှိတယ်လို့လည်း ကုန်သည်တွေက သုံးသပ်ထားပါတယ်။ အိန္ဒိယနိုင်ငံမှာ ရာသီဥတုအခြေအနေ ဆိုးရွားနေတဲ့အတွက် ပဲအထွက်နှုန်းတွေ လျော့ကျသွားပြီး မြန်မာနိုင်ငံက ပဲတွေကို ပြန်အဝယ်လိုက်လာခဲ့တာလည်း ဖြစ်ပါတယ်။

လက်ရှိမှာ မတ်ပဲဈေးတွေ တက်နေပေမယ့် တောင်သူ ၈၀ ရာခိုင်နှုန်းမှာတော့ မတ်ပဲတွေ မရှိတော့ပါဘူး။ မတ်ပဲရဲ့ဈေးကောင်းကိုတော့ ကုန်သည်တွေကသာ ခံစားရပါတယ်။ အိန္ဒိယနိုင်ငံရဲ့ လိုအပ်ချက်ကို ဆက်လက်ရှိနိုင်သေးတဲ့အတွက် ထွက်လာမယ့် မတ်ပဲအသစ်တွေမှာတော့ တောင်သူတွေ ဈေးကောင်းရနိုင်ပါလိမ့်မယ်။ ပြီးခဲ့တဲ့အပတ်က မတ်ပဲတစ်တန်ကို ငွေကျပ် ၇၃၀၀၀၀ ကျော်အထိ ဈေးတက်ခဲ့ပြီးတော့ ဒီတစ်ပတ်မှာတော့ တစ်တန်ကို ငွေကျပ်               ထိ မထင်မှတ်လောက်အောင် ဈေးတက်လာခဲ့ပါတယ်။

မုံရွာဈေးကွက်မှာလည်း မတ်ပဲက တစ်တင်းကို ၂၃၀၀၀ ရှိပြီးတော့ တစ်တင်းကို ၃၅၀၀ ကျပ်၊နေပြည်တော် ကုန်စည်ဒိုင်မှာတော့ တစ်တင်းကို ၁၆၆၀၀ ရှိပြီး ၁၆၀၀ ကျပ်၊ပြည်ကုန်စည်ဒိုင်မှာတော့ တစ်တင်းကို ၂၄၅၀၀ ကျပ် နဲ့ တစ်တင်းကို ၄၅၀၀ ကျပ် အသီးသီးဈေးတက်လာခဲ့ပါတယ်။

ပဲစင်းငုံနီ

ပဲစင်းငုံနီကလည်း မတ်ပဲနည်းတူ ဈေးတက်လာပါတယ်။ ဈေးတက်နေပေမယ့်လည်း လက်ကျန်မရှိသလောက် နည်းနေပါတယ်။ ရန်ကုန်ဈေးကွက်မှာတော့ တစ်ခါတစ်ရံ ဈေးကွက်မဖွင့်တာကိုလည်းတွေ့ရပါတယ်။ အိန္ဒိယနိုင်ငံကလည်း ပဲစင်းငုံနီဝယ်ယူမှုကို တိုးဝယ်လာတဲ့အပြင် ပြည်တွင်းငွေဈေးနှုန်းမြင့်တက်နေခဲ့တာလည်း ဈေးပိုရနေတဲ့အခြေအနေပါ။

လက်ရှိကာလမှာတော့ တောင်သူတွေ လက်ထဲပဲက မကျန်တော့သလို ပဲလှောင်သူတွေ လက်ထဲသာ ပဲကကျန်ရှိပြီး အရောင်းအဝယ်ဖြစ်နေခဲ့တာပါ။ပြီးခဲ့တဲ့လပိုင်းအထိ မြန်မာနိုင်ငံကနေ ပဲဝယ်ယူမှုကန့်သတ်လိုက်တဲ့အပြင် ဝယ်ယူမှုကလည်း ကျဆင်းသွားတဲ့အတွက် ပဲကုန်သည်အသင်းက တောင်သူတွေကို လျော့ချစိုက်ပျိုးဖို့အထိ တိုက်တွန်းခဲ့ပါတယ်။

လက်ရှိဈေးအခြေအနေအရ တောင်သူတွေအနေနဲ့လည်း ပုံမှန်အတိုင်းပဲ စိုက်ပျိုးသင့်မသင့် ၊ လျော့ချစိုက် ပျိုးသင့်၊မသင့်ကို ဝေခွဲမရအခြေအနေလည်းဖြစ်နေပါတယ်။

ရန်ကုန်ဈေးကွက်မှာတော့ အမြင့်ဆုံး ၆၁၂၀၀၀ ထိ တစ်ပတ်အတွင်း ငွေကျပ် ၆ သောင်းနီးပါးဈေးတက်ခဲ့ပါတယ်။ မုံရွာကုန်စည်ဒိုင်မှာတော့ တစ်တင်းကို ၁၇၅၀၀ နဲ့ ငွေကျပ် ၄၀၀၀ ကျပ်၊ ပခုက္ကူကုန်စည်ဒိုင်မှာတော့ တစ်တင်းကို ၁၇၀၀၀ နဲ့ ၃၀၀၀ ကျပ်၊၊ပြည်ကုန်စည်ဒိုင်မှာတော့ ၁၆၂၀၀ နဲ့ ၂၅၀၀ ကျပ် ဈေးတက်လာခဲ့ ပါတယ်။

ပဲတီစိမ်း

ပဲတီစိမ်းကတော့ အချို့ဒေသတွေမှာ ဈေးတက်နေပေမယ့် အချို့ဒေသတွေမှာတော့ ဈေးကျဆင်းသွားပါတယ်။ ပဲအအဟောင်းတွေက မရှိသလောက် ဖြစ်သွားပြီး ပဲအသစ်တွေက ဆက်တိုက်ကို ဝင်ရောက်နေတာဖြစ်တဲ့အတွက် အသစ်မဝင်သေးတဲ့ မြို့တွေမှာတော့ ဈေးက တက်နေပြီး အသစ်ဝင်တဲ့ မြို့တွေမှာတော့ ဈေးက အနည်းငယ်ကျဆင်းနေပါတယ်။ ပြီးခဲ့တဲ့ နှစ်ကတော့ အသစ်ဝင်လာတဲ့ ပဲတွေက ဈေးကောင်းရနေခဲ့တာကို လည်းတွေ့ရပါတယ်။ပဲတီစိမ်းကတော့ ပုံမှန်ဝယ်လက်ရှိတဲ့အတွက် အရည်အသွေးပေါ်မူတည်ပြီး ဈေးက အပြောင်းအလဲ ရှိပါတယ်။

မုံရွာကုန်စည်ဒိုင်မှာတော့ ပဲတီစိမ်းက တစ်တင်းကို ၂၄၅၀၀ ကနေ ၂၆၅၀၀ ရှိပြီး တစ်တင်းကို ၅၀၀ ကျပ်ဈေး ကျဆင်းသွားပါတယ်။ မြင်းခြံကုန်စည်ဒိုင်မှာတော့ တစ်တင်းကို ၂၃၃၀၀ ရှိပြီး တစ်တင်းကို ၁၄၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။ ပခုက္ကူကုန်စည်ဒိုင်မှာတော့ ပဲတီစိမ်း(အသေး)တစ်တင်းကို ၂၅၀၀၀ ရှိပြီး ၁၅၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။

နေပြည်တော်ကုန်စည်ဒိုင်မှာတော့ တစ်တင်းကို ၃၁၆၀၀ ရှိပြီး တစ်တင်းကို ၅၀၀၀ ကျပ် ဈေးတက်လာပါတယ်။ ပြည်ကုန်စည်ဒိုင်မှာတော့ တစ်တင်းကို ၃၁၀၀၀ ကျပ်ရှိပြီး ၁၀၀၀ ကျပ် အသီးသီးဈေးတက်လာခဲ့ပါတယ်။

 

ဝတ်ရည်မွန်(AMIA)


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်