ယခုတစ်ပတ်အတွင်း စျေးနှုန်းအပြောင်းအလဲဖြစ်ပေါ်ခဲ့သည့်သီးနှံများ

28/09/2018 15:06 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

(၂၄.၉.၂၀၁၈ မှ ၂၈.၉.၂၀၁၈)ထိ

ဆန်၊ စပါး

ဒီတစ်ပတ်မှာတော့ ရန်ကုန်ဈေးကွက်မှာ ဆန်ကြမ်းရော ဆန်ချောပါ ဈေးတက်လာခဲ့ပြီး ဧရာဝတီတိုင်းမှာတော့ ပထမတန်းစားအမျိုးအစားတွေက ဈေးတက်လာခဲ့ပါတယ်။ ပြီးခဲ့တဲ့ အပတ်ကတည်းကဈေးတက်နေတာဖြစ်ပြီးတော့ အဝယ်များသလို အဝင်ကလည်း ပုံမှန်အနေအထားရှိနေပါတယ်။ လက်ရှိအချိန်က မိုးစပါးမပေါ်ခင် အချိန်ဖြစ်တဲ့အတွက် ဈေးက ပိုတက်နေခဲ့တာဖြစ်ပါတယ်။ လတ်တလောမှာတော့ဆန်ဈေး စပါးဈေးက တက်နိုင်ခြေများနေပြီး ပွဲတော်ကာလမကြာခင်ရောက်တော့မှာ ဖြစ်တဲ့အတွက် ဆန်ဈေးကအကျဈေးကို မရောက်ရှိနိုင်ပါဘူး။

ဒီတစ်ပတ် ရန်ကုန်ဈေးကွက်မှာ တက်လာတာကတော့ ရွှေဘိုပေါ်ဆန်းက တစ်အိတ်ကို ၆၁၀၀၀ ကနေ ၆၂၀၀၀ ပေါက်ဈေးရှိပြီး စတ်အိတ်ကို ၅၀၀ ကျပ်၊ မြောင်းမြပေါ်ဆန်းကတော့ တစ်အိတ်ကို ၅၀၀၀၀ ကနေ ၅၃၀၀၀ ရှိပြီး တစ်အိတ်ကို ၈၀၀၀ ကျပ်၊ ရက် ၉၀ ဆန်ကတော့ တစ်အိတ်ကို ၂၅၄၀၀ ကနေ ၂၅၈၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၁၀၀ ကျပ်၊သီးထပ်ရှယ်ကတော့ တစ်အိတ်ကို ၂၄၅၀၀ ကနေ ၂၄၈၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၃၀၀ ကျပ်၊ ဧည့်မထဆန်ကတော့ တစ်အိတ်ကို ၂၂၅၀၀ ကနေ ၂၂၈၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၁၈၀၀ ကျပ် စသဖြင့် အသီးသီးဈေးတက်လာပါတယ်။

ဧရာဝတီတိုင်း ပုသိမ်ကုန်စည်ဒိုင်မှာတော့ ပထမတန်းစားဖြစ်တဲ့ ဧရာဝတီပေါ်ဆန်းစပါးက တင်း ၁၀၀ ကို ၁၃၁၄၀၀၀ပေါက်ဈေးရှိပြီး တင်း ၁၀၀ ကို ၃၅၀၀၀ ကျော် ဈေးတက်လာပါတယ်။ ပေါ်ဆန်းရင်ကတော့ တင်း ၁၀၀ ကို ၁၂၂၆၀၀၀ ကျော်ရှိပြီး တင်း ၁၀၀ ကို ၅၀၀၀၀ ကျော်၊ ဖျာပုံပေါ်ဆန်းကတော့ တင်း ၁၀၀ ကို ၁၂၃၈၀၀၀ ကျော်ရှိပြီး တင်း ၁၀၀ ကို ၅၃၀၀၀ ကျော် ဈေးတက်လာပါတယ်။ စပါးက ဈေးတက်ခဲ့ပေမယ့် ဆန် (ထိပ်စ)ကတော့ ဈေးငြိမ်နေခဲ့ပါတယ်။

ဒုတိယတန်းစား စပါးဖြစ်တဲ့ ရွှေသွယ်လေးကတော့ တင်း ၁၀၀ ကို ၈၂၈၀၀၀ ၊ ဧရာမင်း စပါးကတော့ တင်း ၁၀၀ ကို ၈၀၉၆၀၀ ကျပ်၊ မနောသုခစပါးက တင်း ၁၀၀ ကို ၆၈၀၀၀၀ ကျပ်၊ မီးကောက်စပါးကတော့ တင်း ၁၀၀ ကို ၇၀၈၀၀၀  ကျပ်၊ သီးထပ်ရင်ကတော့ တင်း ၁၀၀ ကို ၆၀၇၀၀၀ ကျပ် နဲ့ ဈေးငြိမ်နေခဲ့ပါတယ်။

မတ်ပဲ (FAQ/RC)

မတ်ပဲကတော့ တစ်ပတ်လုံး ဈေးအတက်အကျအနည်းငယ်နဲ့ အရောင်းအဝယ်ဖြစ်နေပါတယ်။ နယ်ကုန်စည်ဒိုင်အချို့မှာတော့ ဈေးအနည်းငယ် ကျဆင်းသွားခဲ့ပါတယ်။ အိန္ဒိယကအဓိက ဝယ်ယူတဲ့ ပဲဖြစ်ပေမယ့် အိန္ဒိယတင်ပို့မှုက နည်းသွားပြီးအခြား ပြည်ပနိုင်ငံတွေက ဝယ်ယူနေတဲ့အတွက်ကြောင့် မတ်ပဲက ဈေးအနည်းငယ် ပိုတက်လာခဲ့ပါတယ်။ ထို့ပြင် ပြည်တွင်း ဝယ်ယူမှုကလည်း ရှိနေပါတယ်။ မတ်ပဲကတော့ ဈေးကျဆင်းနိုင်ခြေ ရှိမရှိက လတ်တလောမှာ ခန့်မှန်းဖို့ ခက်ခဲနေပါတယ်။ ပြည်ပဝယ်ယူမှုများရင် ဈေးအနည်းငယ်များလာပြီး ပြည်ပဝယ်ယူမှုနည်းရင် ဈေးက မထင်မှတ်လောက်အောင် ကျဆင်းသွားတဲ့အတွက် ဈေးကောင်းတဲ့အချိန်သာ ထုတ်ရောင်းဖို့ ကုန်သည်တွေက အကြံပြုထား ပါတယ်။

မုံရွာကုန်စည်ဒိုင်မှာ မတ်ပဲက တစ်တင်းကို ၁၆၅၀၀ နဲ့ တစ်တင်းကို ၅၀၀ ကျပ်လောက် ဈေးကျဆင်းသွားပါတယ်။နေပြည်တော်ကုန်စည်ဒိုင်မှာတော့ တစ်တင်းကို ၁၅၃၀၀ ရှိပြီး တစ်တင်းကို ၇၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။ ပြည်ကုန်စည်ဒိုင်မှာတော့ တစ်တင်းကို ၁၇၅၀၀ နဲ့ ဈေးငြိမ်နေခဲ့ပါတယ်။

ပဲစင်းငုံနီ

ပဲစင်းငုံနီကတော့ ဒီတစ်ပတ်မှာ ဈေးဖွင့်တဲ့ ရက်ကအနည်းငယ်ပဲ ရှိပြီး ဈေးဖွင့်ပါကလည်း ပြည်ပတင်ပို့တဲ့ ကွန်တင်နာကအရမ်းနည်းပါတယ်။ လက်ရှိမှာတော့ တစ်တန်ကို ၄ သိန်းခွဲနဲ့ အတက်အကျအနည်းငယ် ရှိနေခဲ့ပါတယ်။ နယ်ကုန်စည်ဒိုင်တွေမှာတော့ ဈေးက ကျဆင်းနေခဲ့ပါတယ်။ 

ပြီးခဲ့တဲ့ အပတ်ကတည်းက ကျဆင်းသွားခဲ့တာ ဖြစ်ပါတယ်။ ကုန်စည်ဒိုင်တွေမှာလည်း အဝင်ရှိသလောက် အရောင်းအဝယ်မဖြစ်တဲ့အတွက် ဈေးကကျဆင်းနေခဲ့သလို ပြည်ပဝယ်ယူမှုကလည်း နည်းနေပါတယ်။

မုံရွာကုန်စည်ဒိုင်မှာတော့ တစ်တင်းကို ၁၃၅၀၀ နဲ့ ၂၅၀ ကျပ်၊ ပခုက္ကူကုန်စည်ဒိုင်မှာတော့ တစ်တင်းကို ၁၃၇၀၀ ကနေ  ၁၄၁၀၀ နဲ့ တစ်ပတ်အတွင်း တစ်တင်းကို ၅၀၀ ကျပ်၊ ပြည်ကုန်စည်ဒိုင်မှာတော့ တစ်တင်းကို ၁၃၀၀၀ နဲ့ ၅၀၀ ကျပ် အသီးသီးဈေးကျဆင်းသွားခဲ့ပါတယ်။

ကြက်သွန်နီ

ကြက်သွန်နီကတော့ ဒီတစ်ပတ်မှာ အဝင်နည်းပေမယ့် ဈေးကအနည်းငယ်ပြန်ကျဆင်းသွားခဲ့ပါတယ်။ ပြည်ပကနေ တင်သွင်းတဲ့ တရုတ်ကြက်သွန်တွေကလည်း ဈေးကွက်မှာ အရောင်းအဝယ်ဖြစ်နေတဲ့အတွက် ပြည်တွင်း ကြက်သွန်က အနည်းငယ်ဈေးကျဆင်းသွားခဲ့တာလည်း ဖြစ်ပါတယ်။  

ပခုက္ကူကုန်စည်ဒိုင်မှာတော့ ဒီတစ်ပတ်ပေါက်ဈေးက ၁၀၀၀ ကနေ ၁၁၇၅ ကျပ် ရှိပြီး ၂၅ ကျပ်လောက်ဈေး ကျဆင်းသွားခဲ့ပါတယ်။ မြင်းခြံကုန်စည်ဒိုင်မှာလည်း တစ်ပိဿာကို ၉၀၀ ကနေ ၁၁၅၀ ရှိပြီး တစ်ပိဿာကို ၅၀ ကျပ်ဈေးကျဆင်းသွားခဲ့ပါတယ်။ ရန်ကုန်ဈေးကွက်မှာတော့ ကြက်သွန်ဖြူ(ဆိပ်ဖြူ)က တစ်ပိဿာကို ၉၀၀ ကနေ ၁၃၀၀ ရှိပြီး ၅၀ ကျပ်ဈေးကျဆင်းသွားခဲ့ပါတယ်။

နေ့စဉ် ပခုက္ကူကုန်စည်ဒိုင်ကို ပိဿာချိန် ၃၀၀၀၀ ကနေ ၅၀၀၀၀ ကြားအဝင်ရှိနေပါတယ်။ လက်ရှိအချိန်က ကြက်သွန်တွေ စစိုက်နေတာဖြစ်တဲ့အတွက် မျိုးကြက်သွန်တွေကလည်း ဈေးကောင်းရရှိနေပါတယ်။

ကြက်သွန်ဖြူ

ရက်အတော်ကြာ ဈေးငြိမ်နေခဲ့တဲ့ ကြက်သွန်ဖြူ(ရှမ်း)က ရန်ကုန်ဈေးကွက်မှာတော့ ဈေးကျဆင်းသွားခဲ့ပေမယ့် နယ်ကုန်စည်ဒိုင် အချို့မှာတော့ ဈေးတက်လာတာကိုတွေ့ရပါတယ်။ကြူကုတ်ကလည်း လတ်တလောမှာ ဈေးငြိမ်နေတာကိုလည်း တွေ့ရပါတယ်။

ရန်ကုန်ဈေးကွက်မှာ ရှမ်းကြက်သွန်ဖြူက တစ်ပိဿာကို ၆၅၀ ကနေ ၁၃၀၀ ရှိပြီး တစ်ပတ်အတွင်း တစ်ပိဿာကို ၅၀ ကျပ်ဈေးကျဆင်းသွားပါတယ်။ ကြူကုတ်ကတော့ တစ်ပိဿာကို ၁၀၀၀ ကနေ ၁၁၅၀ ရှိပြီး ဈေးငြိမ်နေပါတယ်။

နေပြည်တော်ကုန်စည်ဒိုင်မှာ ရှမ်းကြက်သွန်က တစ်ပိဿာကို ၂၇၀၀ နဲ့ တစ်ပိဿာကို ၁၀၀ ကျပ်ဈေးတက်လာခဲ့ပါတယ်။ပြည်ကုန်စည်ဒိုင်မှာလည်း တစ်ပိသ`ာကို ၁၀၀၀ နဲ့ ၅၀ ကျပ်ဈေးတက်လာခဲ့ပါတယ်။

မအိသန္တာအောင်(AMIA)

 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ပြောင်ခင်းမှာ ပေါင်းရှင်းဖို့ ဘူဒိုဇာ လာပြီ ဒိုး... ပြောင်းခင်း စိုက်နေရင်း ပေါင်းခင်းမဖြစ်သွားရအောင် မအပ်စပ်တဲ့ ပေါင်းတွေအကုန်ဒိုးဖို့ "ဘူဒိုဇာ" လာပြီဗျို့။ ပြောင်းခင်းထဲက ပေါင်းတွေကို အမြစ်ပြတ် သုတ်သင်ပေးမယ့် အစွမ်းထက်ထက် ဆေးတစ်လက် ဆိုရင် ပေါင်းမနိုင်ခင် "ပြောင်း" နိုင်ဖို့ ပြောင်းအထူး ရွေးချယ်ပေါင်းသတ်ဆေး "ဘူဒိုဇာ" နဲ့ဆိုရင် ဘယ်ပေါင်းတွေ ခံနိုင်ပါ့မလဲ? အဓိကပေါက်တတ်တဲ့ "မြေဇာ၊ မြက်ယား၊ ဆင်ငို၊ လက်သဲခွ၊ ဝမ်းဘဲစာ၊ လေးခွမြက်၊ ဝက်ကျွတ်၊ တောဟင်းနုနွယ်၊ မှိုချဥ်၊ ဟင်းဂလာ၊ ခွေးသေးပန်း၊ ဗောက်ပင်၊ ဗောက်လောက်ညို၊ ဆေးပုလဲ၊ ပရန္နဝါ၊ မြက်မုန်ညင်း" တို့ကို အမြစ်ပြတ် အထူးနှိမ်နင်းဖို့ "ဘူဒိုဇာ" ရှိရင် စိတ်သာချလိုက် ဦးကြီးတို့ရေ။ ပြောင်းဖူးပင် တစ်လသားမပြည့်မီ ပေါင်းအရွက် (၂-၄) ရွက် ထွက်ချိန်မှာ အချိန်မှန်မှန်နဲ့ မြန်မြန် သုံးထားဖို့ပဲ တိုက်တွန်းလိုက်ချင်တယ်ဗျ။ လက်မနှေးဘဲ အခုပဲ ပြောင်းခင်းထဲကပေါင်းတွေ "ဘူဒိုဇာ" နဲ့ ရှင်းလိုက်ရအောင်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်