ယခုတစ်ပတ်အတွင်း စျေးနှုန်းအပြောင်းအလဲဖြစ်ပေါ်ခဲ့သည့်သီးနှံများ

20/07/2018 14:25 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

(၁၆.၇.၂၀၁၈ မှ ၂၀.၇.၂၀၁၈)ထိ

ဆန်၊ စပါး

ဒီတစ်ပတ်မှာလည်း ရန်ကုန်ဈေးကွက်မှာ ဆန်ဈေးတွေ ဆက်ပြီးတက်လာသလို ပုသိမ်ဈေးကွက်မှာလည်း စပါးဈေးကငြိမ်နေခဲ့ပေမယ့် ဆန်ဈေးတွေကတော့ တက်လာတာကို တွေ့ရပါတယ်။ ရန်ကုန်ဈေးကွက်မှာတော့ ဆန်က ပုံမှန်ဝင်နေပြီး အရောင်းအဝယ်က အေးနေပေမယ့် ဈေးကတက်နေတာလည်းဖြစ်ပါတယ်။ နယ်တွေမှာတော့ တရုတ်တွေက တိုက်ရိုက်ဆင်းဝယ်တဲ့အတွက် စပါးဈေးတွေ တက်လာတာဖြစ်တယ်လို့သိရပါတယ်။

ဒီတစ်ပတ် ရန်ကုန်ဈေးကွက်မှာ တက်လာတာက ဆန်ချောဖြစ်တဲ့ ရွှေဘိုပေါ်ဆန်းမွှေးက တစ်အိတ်ကို ၁၀၀၀ ကျပ်ဈေးတက်လာပြီး လက်ရှိပေါက်ဈေးက ၅၄၀၀၀ ကနေ ၅၆၀၀၀ ၊ မြောင်းမြပေါ်ဆန်းရှယ် က တစ်အိတ်ကို ၅၀၀ ကျပ်ဈေးတက်လာပြီး လက်ရှိပေါက်ဈေးက ၄၁၅၀၀ ကနေ ၄၃၀၀၀ ကျပ် ရှိပါတယ်။ ဆန်ကြမ်းဖြစ်တဲ့ မြီးဒုံဆန်ကတော့ တစ်အိတ်ကို ၃၈၀၀၀ ကျပ်ကနေ ၃၉၀၀၀ ကျပ်ရှိပြီး တစ်အိတ်ကို ၁၀၀၀ ကျပ်၊ ရက် ၉၀ ဆန်က တစ်အိတ်ကို ၂၃၅၀၀ ကနေ ၂၄၀၀၀ ရှိပြီး တစ်အိတ်ကို ၂၀၀ ကျပ် အသီးသီးဈေးတက်လာပါတယ်။

ပုသိမ်ဈေးကွက်မှာတော့ ပထမတန်းစားဖြစ်တဲ့ ဧရာဝတီပေါ်ဆန်းစပါးက တင်း ၁၀၀ ကို ၁၁၈၂၀၀၀ ကျော်ရှိပြီး တင်း ၁၀၀ ကို ၄၀၀၀၀ နီးပါးဈေးတက်လာပါတယ်။ ပေါ်ဆန်းရင်က တင်း ၁၀၀ ကို ၁၀၅၀၀၀၀ ကျော် ပေါက်ဈေးရှိပြီး ဈေးငြိမ်နေပေမယ့် ဆန်ကတော့ တစ်အိတ်ကို ၁၀၀၀ ကျပ်ဈေးတက်လာပြီး တစ်တင်းခွဲ တစ်အိတ်ကို ၄၄၀၀၀ ရှိပါတယ်။

ဒုတိယတန်းစားဖြစ်တဲ့ ဧရာမင်းဆန်ကတော့ တင်း ၁၀၀ ကို ၈၀၀၀၀၀ ကျော်ရှိပြီး ၂၀၀၀၀ ကျော်ဈေးတက်လာပါတယ်။ သီးထပ်ရင်ကလည်း တင်း ၁၀၀ ကို ၅၈၈၈၀၀ ကျော်ရှိပြီး ၁၀၀၀၀ ကျော်ဈေးတက်လာပါတယ်။ ဒုတိယတန်းစားစပါးတွေကတော့ ဈေးတက်လာပေမယ့် ဆန်ကတော့ ဧရာမင်းက တစ်တင်းခွဲ တစ်အိတ်ကို ၃၄၀၀၀ ကျပ်၊ သီးထပ်ရင်က တစ်တင်းခွဲ တစ်အိတ်ကို ၂၃၅၀၀ ကျပ်နဲ့ ဈေးငြိမ်နေပါတယ်။

မတ်ပဲ (FAQ/RC)

 မတ်ပဲကတော့ ဒီတစ်ပတ်မှာ ဈေးငြိမ်နေခဲ့ပါတယ်။ အတက်အကျက ထောင်ဂဏန်းလောက်သာ အပြောင်းအလဲရှိပါတယ်။ နယ်ကုန်စည်ဒိုင်တွေမှာလည်း ဈေးတွေက ငြိမ်နေပါတယ်။ ရန်ကုန်ဝယ်လက်တွေ အနည်းငယ်သာ ဝယ်ယူပြီး အဝင်ကလည်း နည်းတဲ့အတွက် ဈေးက ငြိမ်နေခဲ့တာလည်း ဖြစ်ပါတယ်။ မတ်ပဲကတော့ လက်ရှိအနေအထားမှာ ဈေးတက်နိုင်ခြေ မရှိသေးကြောင်းကုန်သည်တွေက သုံးသပ်ထားပါတယ်။

ရန်ကုန်ကုန်စည်ဒိုင်မှာတော့ မတ်ပဲက တစ်တန်ကို ၄၃၀၀၀၀ ကျော် ပတ်ချာလည် ပေါက်ဈေးရှိခဲ့ပြီး မုံရွာကုန်စည်ဒိုင်မှာတော့ တစ်တင်းကို ၁၃၀၀၀ ၊ ပြည်ကုန်စည်ဒိုင်မှာတော့ တစ်တင်းကို ၁၄၅၀၀ နဲ့ ဈေးငြိမ်နေခဲ့ပါတယ်။နေပြည် တော်ကုန်စည်ဒိုင်မှာတော့ တစ်တင်းကို ၁၃၀၀၀ နဲ့ ၃၀၀ နီးပါးဈေးကျဆင်းသွားပါတယ်။

ပဲစင်းငုံနီ

ပဲစင်းငုံနီကလည်း ဒီတစ်ပတ်တော့ ဈေးအနည်းငယ်ပြန်တက်လာတယ်လို့ ပြောလို့ရပါတယ်။ အရောင်းအဝယ်ကတော့ ပုံမှန်အခြေအနေရှိပေမယ့် ငွေဈေးနှုန်းမြင့်လာတာကလည်း ပဲဈေးကို မြင့်နေခဲ့တာလည်း ဖြစ်ပါတယ်။ ပဲစင်းငုံနီကတော့ လက်ရှိပေါက်ဈေးနှုန်းထက် ဈေးဆက်ပြီး ကျနိုင်ဖွယ်မရှိသလို တက်ရင်လည်း အများကြီးတက်နိုင်ခြေမရှိဘူးလို့လည်း ကုန်သည်တွေက သုံးသပ်ထားပါတယ်။

ဒီတစ်ပတ်မှာ ပဲစင်းငုံနီက တစ်တန်ကို ငွေကျပ် ၅ သိန်း နီးပါးအထိ ဈေးပြန်တက်လာခဲ့တာလည်း ဖြစ်ပါတယ်။ မုံရွာကုန်စည်ဒိုင်မှာတော့ တစ်တင်းကို ၁၂၈၅၀ နဲ့ ၃၀၀ ကျော်ဈေးတက်လာပြီး၊မြင်းခြံကုန်စည်ဒိုင်မှာလည်း တစ်တင်းကို ၁၁၀၀၀ နဲ့ ၅၀၀ ကျပ်ဈေးတက်လာပါတယ်။ ပခုက္ကူကုန်စည်ဒိုင်မှာတော့ တစ်တင်းကို ၁၄၈၀၀ နဲ့ ၂၀၀ ကျပ်၊ ပြည်ကုန်စည်ဒိုင်မှာ တစ်တင်းကို ၁၃၀၀၀ နဲ့ ၅၀၀ ကျပ် အသီးသီး ဈေးကျဆင်းသွားခဲ့ပါတယ်။

ကြက်သွန်ဖြူ

ကြက်သွန်ဖြူကတော့ ဒီတစ်ပတ်မှာ ဈေးကကျဆင်းသွားခဲ့ပြီး ဇူလိုင်လ ပထမကတည်းက ဈေးကကျဆင်းသွားခဲ့တာလည်း ဖြစ်ပါတယ်။ တရုတ်ကြက်သွန်ဖြူ တွေကလည်း ဈေးကွက်အတွင်းအများအပြား ဝင်ရောက်နေပြီး ရှမ်းကြက်သွန်တွေကတော့ မိုးရွာသွန်းတဲ့အတွက် အရည်အသွေးမှာလည်း ပြသာနာရှိတဲ့အတွက် ရောင်းအားကျပြီး ဈေးကကျဆင်းသွားခဲ့ပါတယ်။

ပြီးခဲ့တဲ့အပတ်ကလည်း တစ်ပိဿာကို ၁၀၀ လောက်ဈေးကျဆင်းသွားခဲ့ပြီး ဒီတစ်ပတ်မှာလည်း ထပ်ပြီးတစ်ပိဿာကို ၁၀၀ လောက်ဈေးက ကျဆင်းသွားခဲ့ပါတယ်။ရန်ကုန်ဈေးကွက်မှာ ရှမ်းကြက်သွန်ဖြူဖြစ်တဲ့ အောင်ပန်း၊ တောင်ကြီးက တစ်ပိဿာကို ၇၀၀ ကနေ ၁၂၅၀ ပေါက်ဈေးရှိပါတယ်။ တရုတ်ကြက်သွန်ဖြူ(ကြူကုတ်)ကတော့ တစ်ပိဿာကို ၈၅၀ ကနေ ၉၅၀ ရှိပြီး ၅၀ ကျပ်လောက်ဈေးကျဆင်း သွားခဲ့ပါတယ်။

ထို့ပြင် လက်ရှိတရုတ်နိုင်ငံကလည်း ကြက်သွန်ဖြူ(ကြူကုတ်)ကို ဈေးသက်သာစွာနဲ့တင်သွင်းတဲ့အတွက် ပြည်တွင်းမှာ ဈေးသက်သာနေပြီး ပြည်တွင်း ကြက်သွန်က ဈေးများနေတဲ့အခြေအနေလည်း ဖြစ်ပါတယ်။

 

ဝတ်ရည်မွန်(AMIA)


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်