ယခုတစ်ပတ်အတွင်း စျေးနှုန်းအပြောင်းအလဲဖြစ်ပေါ်ခဲ့သည့်သီးနှံများ

13/07/2018 15:00 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

(၉.၇.၂၀၁၈ မှ ၁၃.၇.၂၀၁၈)ထိ

မတ်ပဲ (FAQ/RC) 

ပြီးခဲ့တဲ့အပတ်က ဈေးအနည်းငယ်ပြန်မြင့်တက်ခဲ့တဲ့ မတ်ပဲက ဒီတစ်ပတ်မှာတော့ အတက်မရှိပဲ ဈေးက ဖြေးဖြေးလေး ကျဆင်းသွားခဲ့ပါတယ်။လက်ရှိမှာ ဈေးကွက်ထဲကို ပဲ အဝင်နည်းလာပေမယ့် ပုံမှန်ဝယ်လက်အချို့ကြောင့် နေ့စဉ် အရောင်းအဝယ်ဖြစ်နေပေမယ့် ဈေးက တက်မလာပဲ ကျဆင်းနေခဲ့ ပါတယ်။ လက်ရှိအချိန်အထိ ဈေးစောင့်နေတဲ့ ကုန်သည်အချို့ကြောင့် ဈေးကွက်ကို ပဲအဝင် နည်းလာ တယ်လို့လည်း ယူဆလို့ရပါတယ်။

ပြီးခဲ့တဲ့အပတ်က မတ်ပဲက တစ်တန်က ရန်ကုန်ကုန်စည်ဒိုင်မှာ ကျပ် ၄၆၀၀၀၀ ကျော်ပေါက်ဈေးရှိခဲ့ပေမယ့် ဒီတစ်ပတ်မှာတော့ တစ်တန်ကို ၃၅၀၀၀ နီးပါးဈေးကျဆင်းသွားခဲ့ပါတယ်။

မတ်ပဲက ဇန်နဝါရီလ ၁ ရက်နေ့ကနေ ဇွန်လ ၃၀ ရက်နေ့အထိ ခြောက်လအတွင်း ပြည်ပ တင်ပို့မှုက တန်ချိန် ပေါင်း ၁၄၂၈၇၀ ကျော်ရှိခဲ့ပြီး ဈေးကလည်း ခြောက်လအတွင်း တစ်တန်ကို ၁၅၀၀၀၀ ကျော်ဈေးကျဆင်းသွားခဲ့ပါတယ်။

ပဲစင်းငုံနီ

ပဲစင်းငုံနီကတော့ ဒီတစ်ပတ်မှာ ဈေးက ကျဆင်းသွားခဲ့ပေမယ့် အရောင်းအဝယ်ကတော့ ပုံမှန်အနေအထားမှာ ရှိပြီး နယ်ကုန်စည်ဒိုင်တွေမှာလည်း ဈေးက အများကြီးမကျဆင်းသွားခဲ့ပါဘူး။ကုန်သည်တွေကလည်း သြဂုတ်လမတိုင်ခင် ဈေးတက်နိုင်ခြေ ရှိတယ်ဆိုတဲ့ ခန့်မှန်းချက်တွေကြောင့် ပုံမှန်ဝယ်ယူမှုတွေ ရှိနေပြီး ဈေးက မတ်ပဲလောက် အများကြီးမကျဆင်းသွားခဲ့ပါဘူး။

ပြီးခဲ့တဲ့ အပတ်က ပဲစင်းငုံနီက တစ်တန်ကို ၄၉၀၀၀၀ ကျော်နဲ့ ဈေးအမြင့်ဆုံးရှိခဲ့ပြီး ဒီတစ်ပတ်မှာတော့ တစ်တန်ကို ၄၇၀၀၀၀ နဲ့ အတက်အကျအနည်းငယ်သာ ပြောင်းလဲခဲ့ပါတယ်။

ပဲစင်းငုံနီက ဇန်နဝါရီလ ၁ ရက်နေ့က ဇွန်လ ၃၀ ရက်နေ့အထိ ခြောက်လအတွင်း  ပြည်ပတင်ပို့မှုက တန်ချိန်ပေါင်း ၇၀၈၀၀ ကျော်ရှိခဲ့ပြီး ဈေးကတော့ ခြောက်လအတွင်း တစ်တန်ကို ၁ သိန်းကျော်ဈေးတက်ခဲ့ပါ တယ်။

ပြီးခဲ့တဲ့ ခြောက်လအတွင်း မတ်ပဲကတော့ မထင်မှတ်လောက်အောင် ဈေးက ကျဆင်းသွားခဲ့ပေမယ့် ပဲစင်းငုံနီကတော့ ဈေးတက်လာခဲ့တယ်လို့ ပြောလို့ရပါတယ်။ဆက်ပြီးတက်ဖို့ကိုလည်း တောင်သူတွေ က မျှော်လင့်နေကြပါတယ်။

ပဲတီစိမ်း

ပဲတီစိမ်းကတော့ လက်ရှိမှာ ဈေးတက်နေပါတယ်။တရုတ်က နေ့စဉ် ဝယ်ယူမှုရှိနေပြီး အရည်အသွေးအလိုက် ဈေးကောင်းပေးဝယ်နေတဲ့အတွက် အရည်အသွေးကောင်းတဲ့ ပဲကတော့ ဈေးမြင့်နေတဲ့အခြေအနေပါ။ပဲတီစိမ်း က လည်း အိန္ဒိယကလည်း အဓိက ဝယ်ယူနေတာဖြစ်တဲ့အတွက် ဈေးက ထပ်ပြီး ကျဆင်းသွားနိုင်ခြေ လည်း မရှိသလို အဆမတန် ဈေးမြင့်သွားဖို့လည်း မရှိသေးဘူးလို့ ကုန်သည်တွေက သုံးသပ်ထားပါတယ်။

ဒါပေမယ့် လက်ရှိမှာတော့ ပဲတီစိမ်းက ပဲတွေထဲမှာ ဈေးအမြင့်ဆုံး ရရှိနေတဲ့ ပဲ ဖြစ်တဲ့အတွက် တောင်သူတွေ ကတော့ အဆင်ပြေနေတဲ့အခြေအနေပါ။

ပြီးခဲ့ခြောက်လအတွင်း ပဲတီစိမ်း ပြည်ပတင်ပို့မှုက တန်ချိန် ၇၀၀၀၀ ရှိခဲ့ပြီး ခြောက်လအတွင်း ပဲတီစိမ်း ပခုက္ကူ ၊ပဲခူးရွှေဝါ၊ခရမ်းရွှေဝါ၊အညာရွှေဝါ၊ဝါးခယ်မ အစရှိတဲ့ အမျိုးအစားတွေက တစ်ပိဿာကို ငွေကျပ် ၅၀၀ နီးပါးဈေးတက်လာခဲ့ပါတယ်။

ကြက်သွန်နီ                                        

ကြက်သွန်နီကတော့ ဒီတစ်ပတ်မှာဈေးက ပြန်တက်လာခဲ့ပါတယ်။ကုန်အဝင်နည်းလို့ဈေးက ပြန်တက်ခဲ့ပေမယ့် အရောင်းအဝယ်ကတော့ ထင်သလောက်မဟုတ်ပဲ အေးနေပါတယ်။လက်ရှိမှာ ကျောက်ပန်းတောင်း၊ရေနံ ချောင်း၊ဆိပ်ဖြူတို့ကနေ နေ့စဉ်ဝင်ရောက်နေပြီး အရည်အသွေးကောင်းတဲ့ ကြက်သွန်နီကတော့ ဈေးကောင်း သလို မိုးကြောင့် ရေစိုမိုးမိတဲ့ ကြက်သွန်တွေကတော့ ဈေးကောင်းမရတဲ့အခြေအနေပါ။

ရန်ကုန်ဈေးကွက်မှာ ကြက်သွန်နီ (ဆိပ်ဖြူ၊မုံရွာ၊ပခုက္ကူ၊ရွှေဘို)က တစ်ပိဿာကို ၄၇၅ ကျပ်ကနေ ၆၅၀ အထိ ပေါက်ဈေးရှိပြီး တစ်ပတ်အတွင်း တစ်ပိဿာကို ၁၀၀ လောက်ဈေးတက်လာခဲ့ပါတယ်။ ကြက်သွန်နီက ပြီးခဲ့တဲ့ ဇွန်လ တစ်လလုံး ဈေးငြိမ်နေခဲ့ပါတယ်။

ရန်ကုန်ဈေးကွက်မှာသာ ကြက်သွန်နီက ဈေးတက်နေပေမယ့် နယ်ကုန်စည်ဒိုင်ဖြစ်တဲ့ ပခုက္ကူ နဲ့မြင်းခြံကု်စည် ဒိုင်မှာတော့ အတက်အကျက အနည်းငယ်ပြောင်းလဲ လျှက်ရှိပါတယ်။ ရန်ကုန်မှာသာ ကြက်သွန်နီ တစ်ပိဿာ ကို ၆၅၀ နဲ့အမြင့်ဆုံးဈေးရရှိခဲ့ပေမယ့် နယ်ကုန်စည်ဒိုင်မှာတော့ တစ်ပိဿာကို ၅၅၀ သာ ဈေးအမြင့်ဆုံး ရရှိ ပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁ ရက်နေ့ကနေ ဇွန်လ ၃၀ ရက်နေ့အထိ ခြောက်လအတွင်း ကြက်သွန်နီက တစ်ပိဿာ ကို ၂၅၀၀ ကျော်ဈေးကျဆင်းသွားခဲ့ပြီး အကြီးမားဆုံးဈေးအပြောင်းအလဲ လည်း ဖြစ်ပါတယ်။တောင်သူတွေ က တော့ ပြီးခဲ့တဲ့ ခြောက်လ ဈေးကို ပြန်ရရှိဖို့အတွက် မျှော်လင့်နေပေမယ့် အစိုးရက စားသုံးသူတွေ လိုက်မှီတဲ့ လက်ရှိဈေးကိုရရှိဖို့အတွက် ပြည်ပကနေ ကြက်သွန်နီတွေ အမြောက်အမြား တင်သွင်းခဲ့ရပါတယ်။

 

ဝတ်ရည်မွန်(AMIA)

 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ပြောင်ခင်းမှာ ပေါင်းရှင်းဖို့ ဘူဒိုဇာ လာပြီ ဒိုး... ပြောင်းခင်း စိုက်နေရင်း ပေါင်းခင်းမဖြစ်သွားရအောင် မအပ်စပ်တဲ့ ပေါင်းတွေအကုန်ဒိုးဖို့ "ဘူဒိုဇာ" လာပြီဗျို့။ ပြောင်းခင်းထဲက ပေါင်းတွေကို အမြစ်ပြတ် သုတ်သင်ပေးမယ့် အစွမ်းထက်ထက် ဆေးတစ်လက် ဆိုရင် ပေါင်းမနိုင်ခင် "ပြောင်း" နိုင်ဖို့ ပြောင်းအထူး ရွေးချယ်ပေါင်းသတ်ဆေး "ဘူဒိုဇာ" နဲ့ဆိုရင် ဘယ်ပေါင်းတွေ ခံနိုင်ပါ့မလဲ? အဓိကပေါက်တတ်တဲ့ "မြေဇာ၊ မြက်ယား၊ ဆင်ငို၊ လက်သဲခွ၊ ဝမ်းဘဲစာ၊ လေးခွမြက်၊ ဝက်ကျွတ်၊ တောဟင်းနုနွယ်၊ မှိုချဥ်၊ ဟင်းဂလာ၊ ခွေးသေးပန်း၊ ဗောက်ပင်၊ ဗောက်လောက်ညို၊ ဆေးပုလဲ၊ ပရန္နဝါ၊ မြက်မုန်ညင်း" တို့ကို အမြစ်ပြတ် အထူးနှိမ်နင်းဖို့ "ဘူဒိုဇာ" ရှိရင် စိတ်သာချလိုက် ဦးကြီးတို့ရေ။ ပြောင်းဖူးပင် တစ်လသားမပြည့်မီ ပေါင်းအရွက် (၂-၄) ရွက် ထွက်ချိန်မှာ အချိန်မှန်မှန်နဲ့ မြန်မြန် သုံးထားဖို့ပဲ တိုက်တွန်းလိုက်ချင်တယ်ဗျ။ လက်မနှေးဘဲ အခုပဲ ပြောင်းခင်းထဲကပေါင်းတွေ "ဘူဒိုဇာ" နဲ့ ရှင်းလိုက်ရအောင်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်