ပဲမျိုးစုံဈေးကွက်သုံးသပ်ချက်

04/10/2024 20:30 PM တွင် AMIA AMIA မှ ရေးသား

မတ်ပဲ

အရင်တပတ်ကစျေးအတက်ပြခဲ့တဲ့  မတ်ပဲက ခုတပတ်မှာ တစ်တန်ကို ၆၀၀၀၀ ကနေ ၂၀၀၀၀၀ လောက်အထိပြန်ကျဆင်းပါတယ်။  

FOB စျေးနူန်းမကျပေမယ့် အိန္ဒိယက အဝယ်အေးခြင်း၊  ပြည်တွင်းမှာလည်း မတ်ပဲလက်ကျန်နည်းပြီး ကုန်စည်ဒိုင်တွေကို မတ်ပဲအဝင်နည်းခြင်း ရန်ကုန်အဝယ်အေးတာကြောင့်စျေးပြန်ကျတာ ဖြစ်တယ်လို့သိရပါတယ်။

ရန်ကုန်ဘုရင့်နောင်စျေးကွက်မှာ  မတ်ပဲ (FAQ )တစ်တန်ကို ခုတပတ် တနင်္လါနေ့က ၃၉၄၅၀၀၀ ရှိပြီး အင်္ဂါနေ့က မတ်ပဲ (FAQ )တစ်တန်ကို ၃၉၀၆၀၀၀ ၊ ဗုဒ္ဓဟူးနေ့မှာ ၃၈၆၉၀၀၀ ၊ ကြာသပတေးနေ့မှာ ၃၈၄၀၀၀၀ ကျပ်နဲ့ သောကြာနေ့မှာ ၃၈၁၀၀၀၀ ကျပ်ရှိပါတယ်။ အရင်တပတ်  နဲ့ယှဥ်ရင် တစ်တန်ကို ၆၀၀၀၀ လောက်ကနေ ၂ သိန်းလောက်အထိဆက်တိုက်ပြန်ကျ လာပါတယ်။

မန္တလေးစျေးကွက်မှာလည်း မတ်ပဲ ပိဿာ ၆၀ တစ်အိတ်ကို ၃၇၀၀၀၀  မှ ၃၇၅၀၀၀ ကျပ်ရှိလို့ အရင်တစ်ပတ်ကထက် ၁၀၀၀၀ ကျပ်ကျ ပါတယ်။

ပဲစဥ်းငုံ 

 

ပဲစုံငုံကလည်း ခုတစ်ပတ်မှာ စျေးနူန်း ဆက်တိုက်ကျဆင်းပြီး အကျကြမ်းတဲ့အခြေအနေရှိပါတယ်။ ပဲစဥ်းငုံကို ပြည်ပတင်ပို့မှုရှိပေမယ့် ဝယ်လိုအားအေးတာကြောင့် FOB စျေးမကျပေမယ့်  နိုင်ငံခြားငွေ စျေးကျတဲ့အတွက် စျေးကွက်လည်းကျဆင်းနေတာပါ။ စျေးကျသလို ပြည်တွင်းမှာလည်း ပဲစဥ်းငုံနီက လက်မရှိသလောက်ဖြစ်နေပြီးအရောင်းအဝယ်လည်းအေးပါတယ်။ ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်မှာ ပဲစဥ်းငုံနီ တစ်တန်ကို တနင်္လာနေ့က ၄၇၂၅၀၀၀၊ အင်္ဂါနေ့က ၄၆၀၀၀၀၀၊ ဗုဒ္ဓဟူးနေ့မှာ ၄၅၅၀၀၀၀၊ ကြာသပတေးနေ့မှာ ၄၅၀၀၀၀၀ ကျပ်၊သောကြာနေ့မှာ ၄၄၅၀၀၀၀ ကျပ်ရှိပါတယ်။ဒါကြောင့်အရက်တပတ်နဲ့ယှဥ်ရင် ခုတစ်ပတ်အတွင်းမှာ  တစ်တန်ကို ၇၀၀၀၀ ကနေ ၅သိန်းလောက်အထိစျေးကျပါတယ်။

မန္တလေးစျေးကွက်မှာတော့ ခုတပတ်မှာလည်း ပဲစဥ်းငုံနီကို စျေးဖွင့်ထားခြင်းမရှိတာ တွေ့ရပါတယ်။

ကုလားပဲ

ကုလားပဲက လက်ကျန်းနည်းနေပေမယ့်လည်း ပဲခွဲစက်တွေက အဝယ်အေးနေတာကြောင့် ကုလားပဲစျေးကွက် အေးနေတဲ့အတွက်  စျေးတန်းကလည်း နည်းနည်းထပ်ကျလာပါတယ်။

မန္တလေးကုန်စည်ဒိုင်စျေးကွက်မှာ  ကုလားပဲ (V2) သုံးတင်ဝင် တစ်အိတ်က ကျပ်၊၃၁၂၀၀၀ မှ ၃၁၃၀၀၀ ကျပ်၊  ကုလားပဲ (V7) က ၃၄၅၀၀၀  ကျပ်၊ ကုလားပဲ (ထိုင်ဝမ်) က ၂၈၄၀၀၀ မှ ၂၈၅၀၀၀  ကျပ်၊ ကုလားပဲ (929) က ၂၉၂၀၀၀ မှ ၂၉၃၀၀၀ ကျပ်ရှိပါတယ်။ အရင်တပတ်နဲ့ယှဥ်ရင် V2 ကအတက်အကျမရှိပေမယ့် V7 က တစ်အိတ်ကို ၁၀၀၀၀ ကျပ်ကျပြီး ကုလားပဲထိုင်ဝမ်က ၁၀၀၀ ကျပ်နဲ့ကုလားပဲ 929 ကတော့တစ်အိတ်ကို ၃၀၀၀ ကျပ် စျေးကျပါတယ်။

စားတော်ပဲ

စားတော်ပဲက ပြည်တွင်း စားသုံးမှုသာအဓိကဖြစ်လို့ ပြည်တွင်းဝယ်လိုအား၊ စားသုံးအားစသည်ဖြင့် လက်ကျန်အခြေအနေပေါ်လိုက်ပြီး စျေးက အတက်အကျ ရှိနေတာဖြစ်ပါတယ်။

ရန်ကုန်စျေးကွက်မှာ အရင်တပတ်ကစျေး အတိုင်း  တစ်ပိဿာကို ၇၀၀၀ မှ ၇၆၇၀ ကျပ်နဲ့ငြိမ်နေပါတယ်။ 

မန္တလေးကုန်စည်ဒိုင် စျေးကွက်မှာ စားတော်ပဲ ကနေဒါက ၅၉.၂၅ပိဿာကို ၅၈၅၀၀၀ ကျပ်ရှိပြီး စားတော်ပဲ ကျွန်းက ၃၈၅၀၀၀ ကျပ်ရှိပါတယ်။ အရင်တစ်ပတ်နဲ့ယှဥ်ရင် စားတော်ပဲ ကနေဒါက ၁၀၀၀၀ ကျပ်တက်ပြီး စားတော်ပဲ ကျွန်းက ၁၀၀၀၀ လောက်ကျပါတယ်။

ပဲတီစိမ်း

 

ပဲတီစိမ်းကတော့ အရင်တစ်ပတ်ကအတိုင်းစျေးဆက်ငြိမ်နေပါတယ်။ ပြည်တွင်းမှာ လက်ကျန်မရှိသလောက်နည်းနေပြီး အရောင်းအဝယ်လည်းအေးနေပါတယ်။

ရန်ကုန်ဘုရင့်နောင်ဈေးကွက် မှာ ပဲတီစိမ်း(ခရမ်းရွှေဝါ)၊ (ပဲခူးရွှေဝါ)၊ ဝါးခယ်မတို့က တစ်ပိဿာ ကို ၄၃၃၀ ကနေ ၅၈၅၀ ကြား ပေါက်ဈေးရှိနေပြီးဈေးငြိမ်​နေတာ ပါ။

 မန္တလေးဈေးကွက်မှာလည်း ပဲတီစိမ်း(အညာ) အသစ်က သုံးတင်းဝင်တစ်အိတ်ကို ၁၉၀၀၀၀ မှ ၂၄၀၀၀၀ ဈေးရှိပါတယ်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်