သင်္ကြန်ပိတ်ရက်ပြီးကတည်းက ဈေးတက်လာတဲ့ ကြက်သွန်နီနဲ့ ၁ တန်ကို ၈၀၀၀၀ လောက်ကျသွားတဲ့ မတ်ပဲ

26/04/2024 09:15 AM တွင် AMIA AMIA မှ ရေးသား

မတ်ပဲ

မတ်ပဲကတော့ သင်္ကြန်ပိတ်ရက်ကာလအပြီး ဈေးတွေက ဆက်တက်မလာဘဲ ကျဆင်းသွားပါတယ်။ ပိတ်ရက်မတိုင်ခင် အရောင်းအဝယ်တွေ သွက်နေခဲ့ပြီး အိန္ဒိယနိုင်ငံရဲ့ လိုအပ်ချက်ကြောင့် ပဲဈေးက ဆက်တက်နိုင်တယ်လို့ ခန့်မှန်းထားကြပေမယ့် အိန္ဒိယနိုင်ငံတွင်းမှာလည်း ရွေးကောက်ပွဲ ကာလအတွင်း ပဲဈေးကျဆင်းအောင် နည်းအမျိုးမျိုးလုပ်ဆောင်နေတာဖြစ်လို့ အိန္ဒိယနိုင်ငံမှာလည်း ပဲ ဈေးက ကျဆင်းသွားပါတယ်။

ဈေးကွက်အတွင်းမတ်ပဲ ဈေးကျဆင်းသွားပေမယ့် ပြီးခဲ့တဲ့ မတ်လကာလနဲ့ ယှဉ်ရင် အတက်ဈေးမှာပဲ ရှိနေတယ်လို့ ကုန်သည်တွေက ဆိုပါတယ်။ 

လက်ရှိ အိန္ဒိယနိုင်ငံချန်နိုင်းဈေးကွက်မှာ မတ်ပဲ FAQ က တစ်တန်ကို ၉၂၀၀ ရူပီးရှိပြီး တစ်ပတ်အတွင်း ရူပီး ၁၀၀ ဈေးကျဆင်းသွားပါတယ်။ ပိတ်ရက်မတိုင်ခင်ကာလနဲ့ ယှဉ်ရင်တော့ တစ်တန်ကို ၃၀၀ နီးပါးဈေးကျဆင်းသွားခဲ့တာပါ။

ရန်ကုန်ဈေးကွက်မှာ မတ်ပဲ (FAQ/RC)က တစ်တန်ကို ၃၁၉၀၀၀၀ ပေါက်ဈေးရှိပြီး  ပိတ်ရက်မတိုင်ခင် အခြေအနေနဲ့ ယှဉ်ရင် တစ်တန်ကို ငွေကျပ် ၈၀၀၀၀ နီးပါး ဈေးကျဆင်းသွားပါတယ်။  (SQ/RC)ကတော့ တစ်တန်ကို    ၃၄၇၃၀၀၀ ပေါက်ဈေးရှိပြီး တစ်တန်ကို ၈၀၀၀၀  ကျပ်လောက် ဈေးကျဆင်းပါတယ်။  မတ်ပဲ Raw ကတော့ တစ်ပိဿာကို ၅၂၀၅  မှ ၅၂၄၅ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၄၀ ကျပ်လောက်ဈေးကျဆင်းပါတယ်။

မတ်ပဲက ၄ လတာကာလအတွင်း တစ်တန်ကို ၃၅ သိန်းအထိ မြင့်တက်ခဲ့ပေမယ့် လက်ရှိအိန္ဒိယနိုင်ငံရဲ့ ရွေးကောက်ပွဲ အခြေအနေကြောင့် စံချိန်တင်ဈေးရောက်ရှိနိုင်မှာ မဟုတ်ဘူးလို့ သုံးသပ်ရပါတယ်။

ကုလားပဲ 

ကုလားပဲကတော့ ပိတ်ရက်အပြီး ရန်ကုန်ဈေးကွက်မှာ ဈေးအနည်းငယ်မြင့်တက်လာခဲ့ပေမယ့် မန္တလေးဈေးကွက်မှာတော့ ဈေးအနည်းငယ် ကျဆင်းသွားပါတယ်။ 

ပိတ်ရက် မတိုင်မီ အစ္စလာမ်ပွဲတော်ကြောင့် ဝယ်ယူမှုများပြီး ဈေးမြင့်တက်ခဲ့ပေမယ့် ပွဲတော်အပြီး ဈေးကွက်ထဲ ဝယ်ယူမှု နည်းသွားလို့ ဈေးတွေ ပြန်ကျဆင်းသွားတာ ဖြစ်တယ်လို့ကုန်သည်တွေက ပြောပါတယ်။ ဒါပေမယ့် သင်္ကြန်ပိတ်ရက်ကာလအတွင်း ငွေကြေးဈေးမြင့်တက်လာတာနဲ့အတူ သယ်ယူပို့ဆောင်စရိတ်တွေကာမိအောင် အမြင့်ဈေးနဲ့ ဈေးဖွင့်တာတွေကြောင့် ပဲ ဈေးက တည်ငြိမ်မှု မရှိဘူးလို့လည်း ဆိုပါတယ်။

ရန်ကုန်ဘုရင့်နောင်ဈေးကွက်မှာတော့ ကုလားပဲလုံးဖြူက တစ်ပိဿကို ၄၁၆၅ မှ ၄၃၃၅ ရှိပြီးပိတ်ရက် မတိုင်မီလာနဲ့ယှဉ်ရင်  တစ်ပိဿာကို ၈၅ ကျပ်၊ ကုလားပဲလုံးဖြူကြီးကတော့ တစ်ပိဿာ ကို ၄၃၃၀   မှ ၄၅၀၀ ရှိပြီး တစ်ပိဿာကို ၈၅ ကျပ်ဈေးမြင့်တက်လာပါတယ်။ ကုလားပဲခြမ်း ကတော့ တစ်ပိဿာကို ၅၆၅၀  မှ ၆၀၀၀ ရှိပြီး ၅၀ ကျပ်ဈေးကျဆင်းသွားပါတယ်။

မန္တလေးဈေးကွက်မှာတော့ ကုလားပဲ v2 က တစ်အိတ်ကို ၂၄၅၀၀၀  ကျပ် ရှိပြီး တစ်အိတ်ကို ၃၀၀၀ ကျပ်၊ ကုလားပဲ ၉၂၉က တစ် အိတ် ကို  ၂၃၃၀၀၀ ကျပ်  ရှိပြီး တစ်အိတ်ကို ၁၀၀၀၀ ကျပ်၊ ကုလားပဲ(ထိုင်ဝမ်) က တစ်အိတ်ကို ၂၂၈၀၀၀ကျပ်မှ ၂၃၀၀၀၀ ကျပ်ရှိပြီး တစ်အိတ်ကို ၅၀၀၀ ကျပ်၊ ကုလားပဲ v7 ကတော့ တစ်အိတ်ကို ၂၅၀၀၀၀ ကျပ်ရှိပြီး ၅၀၀၀ ကျပ် အသီးသီးဈေးကျ ဆင်းသွားပါတယ်။ 

ကြက်သွန်နီ

ကြက်သွန်နီကတော့ ဈေးကွက်ထဲ နယ်ပေါင်းစုံကနေ အဝင်များနေပေမယ့် ပိတ်ရက်အပြီးမှာတော့ အမြင့်ဈေးနဲ့ ရှိနေခဲ့ပါတယ်။ အရည်အသွေးပေါ် မူတည်ပြီး အတက်အကျ ရှိနေပေမယ့် ဈေးကွက်ထဲ ဈေးကောင်းတဲ့ ဆိပ်ဖြူဈေးကတော့ ဈေးမြင့်တက်ပါတယ်။ နေ့စဉ် ရန်ကုန်ဘုရင့်နောင်ဈေးကွက် ကို အဝင်ကလည်း ပိဿာချိန် ၂ သိန်း ပတ်ချာလည်း အဝင်ရှိနေတာ ဖြစ်ပြီး ပွဲတော်ကာလ ဖြစ်တဲ့အတွက် အရောင်းအဝယ်ကလည်းသွက်နေပါတယ်။

ရန်ကုန်ဘုရင့်နောင်ဈေးကွက်မှာ ကြက်သွန်နီ ဆိပ်ဖြူကတော့ တစ်ပိဿာကို ၁၇၀၀ မှ ၂၅၀၀ ကျပ်ရှိပြီး တစ်ပိဿာကို ၄၀၀ ကျပ်၊တောင်တွင်းကတော့ တစ်ပိဿာကို ၁၇၀၀ မှ ၂၆၀၀ ကျပ်ရှိပြီး တစ်ပိဿာကို ၅၀၀ ကျပ်ဈေးမြင့်တက်လာပါတယ်။

ငရုတ်

ငရုတ်ကလည်း လက်ရှိ ပြည်တွင်းဝယ်ယူမှုလောက်သာ ရှိတဲ့အတွက် အကျဈေးနဲ့ ငြိမ်နေပါတယ်။ အချို့ ငရုတ်တွေကတော့ ဈေးကွက်ထဲ အရောင်းအဝယ်မသွက်တဲ့အတွက် ဈေးကျဆင်းတာ တွေလည်း ရှိပါတယ်။ ပုံမှန် ထိုင်းနိုင်ငံဘက်ကို တင်ပို့မှု ရှိပေမယ့် လက်ရှိမှာ‌တော့ပြည်တွင်း မှာ အဝင်များနေတာအပြင် ပြည်ပတင်ပို့နိုင်မှုလည်း မရှိတဲ့အတွက် ဈေးက ဆက်တိုက်ကျဆင်းနေခဲ့ပါတယ်။

ရန်ကုန်ဘုရင့်နောင်ဈေးကွက်မှာ ငရုတ်ဆင်ဖြူကျွန်းက တစ်ပိဿာကို ၈၅၀၀ မှ ၉၀၀၀ ကျပ် ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၅၀၀ ကျပ်၊ ၊ ငရုတ် မြှားနီကတော့ တစ်ပိဿာကို ၄၀၀၀ မှ ၄၅၀၀ ကြားပေါက်ဈေးရှိပြီး တစ်ပိဿာကို ၃၀၀ ကျပ် ‌ဈေးကျဆင်းပြီး ငရုတ် ပန်းရဲ ကတော့ ၄၅၀၀ မှ ၄၈၀၀ ကျပ်နဲ့ ဈေးငြိမ်နေပါတယ်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ပြောင်ခင်းမှာ ပေါင်းရှင်းဖို့ ဘူဒိုဇာ လာပြီ ဒိုး... ပြောင်းခင်း စိုက်နေရင်း ပေါင်းခင်းမဖြစ်သွားရအောင် မအပ်စပ်တဲ့ ပေါင်းတွေအကုန်ဒိုးဖို့ "ဘူဒိုဇာ" လာပြီဗျို့။ ပြောင်းခင်းထဲက ပေါင်းတွေကို အမြစ်ပြတ် သုတ်သင်ပေးမယ့် အစွမ်းထက်ထက် ဆေးတစ်လက် ဆိုရင် ပေါင်းမနိုင်ခင် "ပြောင်း" နိုင်ဖို့ ပြောင်းအထူး ရွေးချယ်ပေါင်းသတ်ဆေး "ဘူဒိုဇာ" နဲ့ဆိုရင် ဘယ်ပေါင်းတွေ ခံနိုင်ပါ့မလဲ? အဓိကပေါက်တတ်တဲ့ "မြေဇာ၊ မြက်ယား၊ ဆင်ငို၊ လက်သဲခွ၊ ဝမ်းဘဲစာ၊ လေးခွမြက်၊ ဝက်ကျွတ်၊ တောဟင်းနုနွယ်၊ မှိုချဥ်၊ ဟင်းဂလာ၊ ခွေးသေးပန်း၊ ဗောက်ပင်၊ ဗောက်လောက်ညို၊ ဆေးပုလဲ၊ ပရန္နဝါ၊ မြက်မုန်ညင်း" တို့ကို အမြစ်ပြတ် အထူးနှိမ်နင်းဖို့ "ဘူဒိုဇာ" ရှိရင် စိတ်သာချလိုက် ဦးကြီးတို့ရေ။ ပြောင်းဖူးပင် တစ်လသားမပြည့်မီ ပေါင်းအရွက် (၂-၄) ရွက် ထွက်ချိန်မှာ အချိန်မှန်မှန်နဲ့ မြန်မြန် သုံးထားဖို့ပဲ တိုက်တွန်းလိုက်ချင်တယ်ဗျ။ လက်မနှေးဘဲ အခုပဲ ပြောင်းခင်းထဲကပေါင်းတွေ "ဘူဒိုဇာ" နဲ့ ရှင်းလိုက်ရအောင်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်