ကြက်သွန်အပါအဝင် ပဲဈေးကွက်သုံးသပ်ချက် (၁၂-၁၆.၂.၂၀၂၄)

16/02/2024 17:00 PM တွင် AMIA AMIA မှ ရေးသား

ဖေဖော်ဝါရီလ ၁၂ ရက်မှ ဖေဖော်ဝါရီလ ၁၆ ရက်နေ့အထိ စျေးကွက်အတွင်း အရောင်းအဝယ်ဖြစ်ခဲ့တဲ့ စျေးနူန်းတွေအပေါ် စျေးကွက်သုံးသပ်ချက် ဖြစ်ပါတယ်။ 

ဒီတစ်ပတ်မှာတော့  မတ်ပဲရော ပဲစဥ်းငုံနီပါ ဆက်တိုက်ဈေးပြန်ကျလာသလို  ပဲတီစိမ်း၊ မြေထောက်ပဲစျေးလည်းကျပါတယ်။ ကြက်သွန်နီ ကြက်သွန်ဖြူဈေးတွေတော့ ပြန်မြင့်တက်လာပါတယ်။ ဗဟိုဘဏ်က ပို့ကုန်ရငွေအပေါ် ထိန်းချုပ်မှုအချို့ ပြန်လုပ်လိုက်တာကြောင့် ပဲစျေးကွက် လှုပ်ခတ်မှုဖြစ်ပြီး ပဲစျေးနှုန်းတွေကျရိပ်ပြလာတာဖြစ်ပါတယ်။

မတ်ပဲစျေးကွက်

မတ်ပဲကတော့ ဒီတစ်ပတ်မှာလည်း  စျေးတွေထပ်ကျပြီး  တစ်တန်ကို သိန်း ၃၀ အောက်ထိရောက်ရှိသွား ရာကနေ တစ်ပတ်အတွင်း သိန်း၃၀ ကျော်အထိပြန်မြင့်တက်ခဲ့ပေမယ့် ပြီးခဲ့တဲ့အပတ်နဲ့ယှဉ်ရင်  စျေးက ကျဆင်းသွားပါတယ်။

မတ်ပဲအသစ်တွေလည်း နယ်စုံကနေ စျေး ကွက်ထဲဝင်ရောက်နေတဲ့အတွက်ကြောင့်လည်း စျေးတန်းက ပြန်အေးသွားတာ မှန်ပေမယ့်  အိန္ဒိယက မြန်မာ့မတ်ပဲကိုလိုအပ်ချက်ရှိပြီး ဝယ်လိုအား ကောင်း တာကြောင့် စျေးကွက်က လှုပ်ခတ်မှုရှိနေပြီး အများကြီး ကျဆင်းနိုင်မှာ မဟုတ်ဘူးလို့ ကုန်သည်ကြီး တွေက ခန့်မှန်းထားကြပါတယ်။

ဒီတစ်ပတ် ရန်ကုန် ဘုရင့်နောင်ဈေးကွက်မှာ  မတ်ပဲ FAQ တစ်တန်ကို ၃၁၂၃၀၀၀ ကျပ်ရှိပြီး    ပြီးခဲ့တဲ့အပတ်နဲ့ယှဥ်ရင် တစ်တန်ကို ၁၇၇၀၀၀  လောက် ဈေးကျဆင်းသွားခဲ့ပါတယ်။

မန္တလေးစျေးကွက်မှာလည်း ဒီတစ်ပတ် မတ်ပဲက  ပိဿာ ၆၀ ဝင်တစ်အိတ်ကို ၂၇၅၀၀၀ မှ ၂၈၀၀၀၀ ကျပ်စျေးပေါက်ပြီး  အရင်အပတ်ကထက် တစ်အိတ်ကို ၃၀၀၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။

နယ်ကုန်စည်ဒိုင်တွေမှာလည်း မတ်ပဲတစ်တင်းကို   ၉၈၀၀၀ ကနေ ၉၉၅၀၀ ကြားရှိနေပြီး ပြီးခဲ့တဲ့ အပတ်နဲ့ယှဉ်ရင် တစ်တင်းကို ၆၀၀၀ လောက်ဈေးကျဆင်းသွားပါတယ်။  

ပဲစဥ်းငုံနီစျေးကွက်

ပဲစဥ်းငုံနီကလည်း  ဒီတစ်ပတ်မှာ  စျေးကျလာပြီး တစ်တန်ကို သိန်း ၄၀ အောက် ဈေးကျလာပါတယ်။

ပဲစဥ်းငုံ စျေးကျပေမယ့် အိန္ဒိယဘက်က ပဲလိုအပ်ချက် ရှိပြီး  ဝယ်လိုအားကောင်းတဲ့ အတွက်   စျေးတန်း က အများကြီးပြုတ်ကျနိုင်မယ့်အခြေအနေမရှိဘူးလို့ ကုန်သည်တွေကသုံးသပ် ထားကြပါတယ်။

ဒီတစ်ပတ် ရန်ကုန်စျေးကွက်မှာ ပဲစဥ်းငုံနီတစ်တန်ကို ၃၉၂၀၀၀၀ ကျပ်ရှိနေပြီး ​ပြီးခဲ့တဲ့အပတ်နဲ့ယှဥ်ရင်တစ်တန်ကို  ၁၀၇၀၀၀ ကျပ်  ဈေးကျဆင်းလာပါတယ်။

အလားတူ မန္တလေး စျေးကွက်မှာလည်း ပိဿာ ၆၀ တစ်အိတ်ကို ၃၇၇၀၀၀ ကနေ ၃၇၈၀၀၀ ကြား  ပေါက်ဈေးရှိပြီး ပြီးခဲ့တဲ့အပတ် နဲ့ယှဉ်ရင်  တစ်အိတ်ကို ၈၀၀၀ ကျပ်လောက် ကျလာတာဖြစ်ပါတယ်။

ပဲတီစိမ်းစျေးကွက်

ပဲတီစိမ်းကတော့ ဒီတစ်ပတ် ရန်ကုန်မှာ စျေးငြိမ်နေပေမယ့် မန္တလေးစျေးကွက်မှာ စျေးကျလာတာ တွေ့ရပါတယ်။

ပဲတီစိမ်း အသစ်တွေ  ကုန်စည်ဒိုင်တွေကို  နယ်အစုံကနေ ဝင်ရောက်နေမှုရှိနေပေမယ့် တရုတ်က ဝယ်လိုအားအေးနေတာကြောင့်လည်း အရောင်းအဝယ်အေးနေပြီး စျေးကကျလာတာဖြစ်ပါတယ်။

ဒီတစ်ပတ်  ရန်ကုန်ဘုရင့်နောင်မှာ ပဲတီစိမ်း ခရမ်းရွေဝါ တစ်ပိဿာကို ၄၅၀၀ ကျပ်၊ ပဲတီစိမ်း ပဲခူးရွှေဝါက တစ်ပိဿာကို ၄၄၆၅  ကျပ်၊ ပဲတီစိမ်း ဝါးခယ်မက တစ်ပိဿာကို ၃၅၀၀ မှ   ၃၈၃၅ ကျပ် ရှိပြီး အရင်အပတ်ကစျေးအတိုင်း ငြိမ်နေပါတယ်။ 

မန္တလေးဈေးကွက်မှာတော့   ပဲတီစိမ်း(အညာ) ပိဿာ ၅၆.၂၅  တစ်အိတ်ကို ၁၅၅၀၀၀ မှ ၁၈၅၀၀၀  ကျပ်စျေးရှိလို့ အရင်နဲ့ယှဉ်ရင် တစ်အိတ်ကို  ၁၅၀၀၀ ကျပ်  စျေးကျသွားပါတယ်။

မြေထောက်ပဲစျေးကွက်

မြေထောက်ပဲကတော့ စျေးတွေဆက်တိုက် ကျဆင်းလာပြီး မန္တလေးစျေးကွက်မှာ   အရောင်းအဝယ်လည်းအေးနေတယ်လို့ သိရပါတယ်။

မြေထောက်ပဲကို တရုတ်နဲ့ အိန္ဒိယကအဝယ်ရှိပေမယ့် လက်ရှိပြည်တွင်းမှာဖြစ်နေတဲ့ ပို့ကုန်ရငွေ ကန့်သတ်မှု ဒေါ်လာငွေအပြောင်းအလဲတွေကြောင့်  ပဲစျေးတွေ လှုပ်ခတ်ပြီး  တည်ငြိမ်မှု မရှိဖြစ်နေတာပါ။

ဒီတစ်ပတ် မန္တလေးစျေးကွက်မှာ မြေထောက်ပဲ သုံးတင်းဝင်တစ်အိတ်ကို ၃၇၀၀၀၀ မှ ၃၇၇၀၀၀ ကျပ်ရှိပြီး  ပြီးခဲ့တဲ့အပတ် နဲ့ယှဥ်ရင်  ၁၈၀၀၀ လောက် ဈေးကျဆင်း လာတာဖြစ်ပါတယ်။

ကြက်သွန်နီ

ကြက်သွန်နီကတော့ ဈေးကွက်ထဲ အဝင်ပေါ်မူတည်ပြီး ဈေးနှုန်းအတက်အကျ ဖြစ်ပေါ်နေပေမယ့် ပြီးခဲ့တဲ့ အပတ်နဲ့ယှဉ်ရင်တော့ ဈေး အနည်းငယ် ပြန်မြင့်တက်လာပါတယ်။နေ့စဉ် ဘုရင့်နောင်ဈေးကွက်ကို နယ်စုံကနေ ပိဿာချိန် ၂သိန်းနီးပါးအဝင်ရှိနေပါတယ်။

ရန်ကုန်ဘုရင့်နောင်ဈေးကွက်မှာ ကြက်သွန်နီ တစ်ပိဿာကို ၁၄၀၀ ကနေ ၃၁၀၀ ကြားရှိနေပြီး ပြီးခဲ့တဲ့ အပတ်နဲ့ယှဉ်ရင် တစ်ပိဿာကို ၂၀၀ လောက်ဈေးမြင့်တက်လာပါတယ်။

ကြက်သွန်ဖြူ

ကြက်သွန်ဖြူ(ရှမ်း)ကတော့ ဈေးပြန်မြင့်တက်လာပါတယ်။ ဈေးကွက်ထဲ ကြက်သွန်ဖြူ အဝင်အနည်းငယ် နည်းလာပြီး ပြည်တွင်း ဝယ်ယူမှု မြင့်တက်လာတဲ့အတွက် ဈေးပြန်မြင့်တက်လာတာ ဖြစ်ပါတယ်။ကြက်သွန်ဖြူကတော့ လက်ရှိ အမြင့်ဆုံး ဈေး ရောက်ရှိနေတာ ဖြစ်ပါတယ်။

ရန်ကုန်ဘုရင့်နောင်ဈေးကွက်မှာ ကြက်သွန်ဖြူ(အောင်ပန်း)တွေက တစ်ပိဿာကို ၁၆၅၀၀ မှ ၁၇၈၀၀ ရှိပြီး တစ်ပိဿာကို ၈၀၀ ကျပ်ဈေးပြန်မြင့်တက်လာပါတယ်။

ကြက်သွန်ဖြူ(ကြူကုတ်)ကတော့ ပုံမှန် ပဲ ဈေးအပြောင်းအလဲ မရှိဘဲ တစ်ပိဿာကို ၉၀၀၀ ကနေ ၉၂၀၀ ကြားပေါက်ဈေးရှိနေပါတယ်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်