တစ်ပတ်အတွင်း ပဲမျိုးစုံ ဈေးကွက်သုံးသပ်ချက် (၉ - ၁၃.၁၀.၂၀၂၃)

15/10/2023 08:33 AM တွင် AMIA AMIA မှ ရေးသား

ဒီတစ်ပတ်အတွင်း ပဲအများစုက ဈေးငြိမ်နေပါတယ်။

မတ်ပဲ

မတ်ပဲကတော့ တစ်ပတ်အတွင်း ဈေးစံချိန်တင် ပြန်လည်မြင့်တက်လာခဲ့ပါတယ်။ အိန္ဒိယနိင်ငံတွင်း မတ်ပဲ အသစ်တွေ ထွက်ရှိပေမယ့် ပွဲတော်အကြိုဝယ်ယူတာတွေကြောင့် ပြည်တွင်း မတ်ပဲ အပြင် မြန်မာပြည်တွင်း မတ်ပဲတွေ အဝယ်လိုက်ပြီး ဈေးမြင့်တက်လာတာ ဖြစ်ပါတယ်။

အိန္ဒိယနိုင်ငံတွင်း ထွက်ရှိတဲ့ မတ်ပဲက အရည်အသွေးပိုင်းအားနည်းတာ ဖြစ်တဲ့အပြင် အထွက်နှုန်း ‌‌ လျော့နည်းတာ ဖြစ်လို့ မြန်မာပြည်တွင်း မတ်ပဲကတော့ ရေရှည်မှာ ဆက်ပြီး‌ဈေးကောင်းနိုင်တဲ့ အခြေအနေရှိတယ်လို့ အိန္ဒိယနိုင်ငံ သတင်းတွေရဲ့ ဖော်ပြချက်အရသိရပါတယ်။

ရန်ကုန်ဈေးကွက်မှာ မတ်ပဲ(FAQ/RC)က တစ်တန်ကို ၁၆၄၀၀၀၀ ပေါက်ဈေးရှိပြီး ပြီးခဲ့တဲ့အပတ်နဲ့ ယှဉ်ရင် တစ်တန်ကို ၁၃၃၀၀၀ ကျပ်ဈေးမြင့်တက်လာသည်။

မန္တလေးဈေးကွက်မှာတော့ တစ်အိတ်ကို ၂၅၀၀၀၀ မှ ၂၅၅၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၁၂၀၀၀ ကျပ်ဈေးမြင့် တက်လာသည်။

နယ်ဈေးကွက်တွေမှာတော့ မတ်ပဲက တစ်အိတ်ကို ၈၅၀၀၀ မှ ၈၆၀၀၀ အကြားအရောင်း အဝယ်ရှိနေပါတယ်။

ပဲစင်းငုံနီ

ပဲစင်းငုံနီက‌တော့ ပြည်တွင်းဈေးကွက်မှာ ဈေးနှုန်းတွေ မမြင့်တက်လာပေမယ့် FOB ဈေးနှုန်းမှာတော့ ဈေးမြင့်တက်လာပါတယ်။ လက်ကျန်ကုန်တွေ တင်ပို့နေတာဖြစ်ပြီး ပြည်တွင်းမှာတော့ အရောင်းအဝယ်မရှိဘူး လို့ ကုန်သည်အချို့က ဆိုပါတယ်။

ရန်ကုန်ဈေးကွက်မှာ မတ်ပဲက တစ်တန်ကို ၄၀၇၅၀၀၀ ဖြင့် နှစ်ပတ်ဆက်တိုက်ဈေးငြိမ်နေသည်။ မန္တလေးဈေးကွက်မှာတော့တစ်အိတ်ကို ၃၉၀၀၀၀ ကျပ်ပေါက်ဈေးရှိပြီး အရောင်းအဝယ်မရှိဘူးလို့ သိရပါတယ်။

ပဲတီစိမ်း

ပဲတီစိမ်းကတော့ အနည်းငယ်ဈေးပြန်အေးသွားပါတယ်။ ပြီးခဲ့တဲ့အပတ်က တရုတ်ဝယ်လက်ရှိပေမယ့် ဒီတစ်ပတ်အဝယ်နည်းသွားလို့ ဈေး အေး ဈေးကျဆင်းသွားတာ ဖြစ်တယ်လို့သိရပါတယ်။

ရန်ကုန်ဈေးကွက်မှာ ပဲတီစိမ်း(ဝါးခယ်မ)ကတော့ တစ်ပိဿာကို ၂၈၃၀ မှ ၃၃၀၀ ပေါက်ဈေးရှိပြီး ဈေးငြိမ်ပါတယ်။ ပဲတီစိမ်း(ပဲခူးရွှေဝါ)ကတော့ တစ်ပိဿာကို ၃၄၆၅၊ပဲတီစိမ်း(ခရမ်းရွှေဝါ)ကတော့ တစ်ပိဿာကို ၃၆၃၀ ရှိပြီး ဈေးငြိမ်နေပါတယ်။

မန္တလေးဈေးကွက်မှာတော့ ပဲတီစိမ်း(အညာ)က တစ်အိတ်ကို ၁၅၅၀၀၀ မှ ၁၇၀၀၀၀ ရှိပြီး တစ်အိတ်ကို ၃၀၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။

နယ်ဈေးကွက်တွေမှာတော့ တစ်တင်းကို ၅၅၀၀၀  မှ ၅၉၀၀၀ ကြား ပေါက်ဈေးရှိနေပါတယ်။

ကုလားပဲ

ကုလားပဲဈေးကတော့ တစ်ပတ်အတွင်း အနည်းငယ်သာ အတက်အကျ အပြောင်းအလဲ ရှိပါတယ်။ ဈေးကွက်အတွင်း ပုံမှန် ဝယ်လက်တွေ သာ အရောင်းအဝယ်ရှိပြီး ဈေးအေးနေတာ ဖြစ်တယ်လို့ သိရပါတယ်။

မန္တ‌လေးဈေးကွက် မှာ ကုလားပဲ(ထိုင်ဝမ်) က တစ်အိတ် ကို ၂၅၇၀၀၀ မှ ၂၅၈၀၀၀ ၊ကုလား (၉၂၉)က တစ်အိတ်ကို ၂၆၄၀၀၀ မှ ၂၆၅၀၀၀၊ကုလားပဲ V2 က တစ်အိတ်ကို ၂၆၈၀၀၀၊ကုလားပဲ V7 ကတော့ တစ်အိတ်ကိ ၂၇၇၀၀၀ ရှိပြီး တစ်အိတ်ကို ၂၀၀၀ မှ ၅၀၀၀ ကြား ဈေးမြင့်တက်လာသည်။

ပဲကြီး

ဈေးကွက်အတွင်း ပဲကြီးတွေ ဈေးပြန်မြင့်တက်လာပါတယ်။ ဈေးကွက်အတွင်း လက်ကျန်နည်းနေပေမယ့် ဝယ်လက်ရှိနေတာ ဖြစ်လို့ ဈေးကောင်းပေးဝယ်နေတယ်လို့ သိရပါတယ်။

ရန်ကုန်ဈေးကွက်မှာတော့ ပဲကြီး(ကုန်း၊ ရွှေကျွန်း)က တစ်ပိဿာ ကို ၅၂၁၅ မှ ၅၅၈၀ ရှိပြီး ဈေးငြိမ်ပါတယ်။

မန္တလေးဈေးကွက်မှာတော့ တစ်အိတ်ကို ၃၀၀၀၀၀ မှ ၃၃၀၀၀၀ ကြား ရှိပြီး တစ်အိတ်ကို ၁၀၀၀၀ မှ ၂၀၀၀၀ ကြား ဈေးမြင့်တက်လာသည်။

ပဲယင်း၊ ပဲကြား

ဈေးကွက်အတွင်း ပဲယင်းဈေးတွေက ကျဆင်းသွားပါတယ်။ ဈေးကွက်ထဲ အဝင်သွက်နေတဲ့အတွက် ဈေးတွေ ကျဆင်းလာတာ ဖြစ်တယ်လို့သိရပါတယ်။ မန္တ‌လေးဈေးကွက်မှာ ပဲယင်း(ကြီးနဲ့သေး)က တစ်အိတ်ကို ၁၆၀၀၀၀ မှ ၁၆၅၀၀၀ ရှိပြီး တစ်အိတ်ကို ၃၀၀၀ ကနေ ၅၀၀၀ ကြား ဈေးကျဆင်းသွားပါတယ်။

ပဲကြားကလည်း ဈေးကွက်ထဲ အမြင့်ဈေးနဲ့ ဝင်လာပေမယ့် လက်ရှိ အထွက်များအဝင်များနေ တဲ့အတွက် ဈေးက တစ်ဖြည်းဖြည်း ပြန်ကျဆင်းလာပါတယ်။ မန္တလေးဈေးကွက်မှာ တစ်အိတ်ကို ၁၉၀၀၀၀ မှ ၁၉၅၀၀၀ ရှိပြီး တစ်အိတ်ကို ၁၀၀၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။

 စိုက်ပျိုးရေးဈေးကွက်သတင်းအေဂျင်စီ (AMIA) က ပေးပို့လာသည့်အတိုင်း ပြန်လည်ဖော်ပြခြင်းပဲဖြစ်ပါတယ်။

(အခြားကုန်စည်နှင့်သီးနှံဈေးနှုန်းများ သိရှိလိုပါက Green Way App ရှိ ' သီးနှံဈေးနှုန်းများ ' ကဏ္ဍတွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။)

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 

 


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်