တစ်ပတ်အတွင်း သီးနှံဈေးကွက် သုံးသပ်ချက် (၁၇- ၂၁.၃ ၂၀၂၅)

24/03/2025 11:16 AM တွင် AMIA AMIA မှ ရေးသား

ပြောင်း

ပြောင်းကတော့ စျေးကွက် အတက်ဘက်ကိုရောက်လာနေတယ်လို့သိရပါတယ်။ ပြောင်းအထွက်နှုန်းနည်းခြင်း၊ ပြည်ပကဝယ်လိုအားကောင်းခြင်းကြောင့် မြန်မာ့ပြောင်းစျေးကွက်ကောင်းနေတာဖြစ်တယ်လို့ သိရပါတယ်။

ထိုင်းဝယ်လက်တွေကတော့ ဧရာဝတီပြောင်းကို ပိုပြီးဝယ်လိုအားကောင်းနေပါတယ်။ ပြောင်းဆံကို ထိုင်းနဲ့အိန္ဒိယကို အခွန်ကင်းလွတ်ခွင့်နဲ့တင်ပို့နေတဲ့အပြင် တခြားပြည်ပနိုင်ငံတွေကိုပါ တင်ပို့မှုရှိနေပါတယ်။

ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်မှာပြောင်းဆံ တစ်ပိဿာကို ၁၆၈၀ မှ  ၁၆၉၀ ကျပ်ရှိပါ တယ်။ ကုန်ချိန်ပမာဏများများရောင်းချမယ်ဆိုရင်တော့ ၁၇၃၀ ကျပ်လောက်အထိစျေးရနေပါတယ်။

ပဲတီစိမ်း 

ပဲတီစိမ်းက အတက်စျေးတန်းမှာ  ငြိမ်နေပေမယ့် အရောင်းအဝယ်တော့သွက်နေတယ်လို့ သိရပါတယ်။ တရုတ်ဝယ်လိုအားရှိတာကြောင့် ဈေးကွက်ကောင်းနေတာ ဖြစ်ပါတယ်။ တောင်သူတွေက သိုလှောင်မှုနည်းပြီး ရောင်းလိုအားများနေပါတယ်။

ရန်ကုန်ဘုရင့်နောင်ဈေးကွက်မှာ ပဲတီစိမ်းခရမ်းရွှေဝါနဲ့ ပဲတီစိမ်း ပဲခူးရွှေဝါက တစ်ပိဿာကို ၅၅၀၀ ကျပ်နဲ့ဈေးငြိမ်နေ ပြီး  ပဲတီစိမ်း အညာကလည်းအရင်တပတ်ကအတိုင်း ၅၁၆၅ ကျပ်မှ ၅၁၈၅ ကျပ်မှာဈေးငြိမ်နေတာ ပါတယ်။ ပဲတီစိမ်း ဝါးခယ်မကတော့   ၅၂၅၀ မှ ၅၂၇၀ ကျပ်ရှိပါတယ်။

မန္တလေးဈေးကွက်မှာ ပဲတီစိမ်းအညာက ၂၆၀၀၀၀ မှ၂၆၅၀၀၀ ကျပ်ရှိပါတယ်။

မတ်ပဲ

မတ်ပဲက တော့ တစ်တန်ကို ကျပ်သိန်း ၃၀ အထက်မှာပဲ စျေးတန်းရှိနေပါတယ်။ အိန္ဒိယအစိုးရဘက်က အခွန်ကင်းလွတ်ခွင့်နဲ့ တင်သွင်းခွင့်ပြုလိုက်ပြီးနောက်မှာ စျေးထပ်မတက်လာပေမယ့်လည်း  သိန်း ၃၀ ကျပ်စျေးတန်းအောက်ကို ကျဆင်းသွားခြင်းမရှိဘဲ ကျပ်သိန်း ၃၀ အပေါ်မှာပဲ အတက်အကျရှိနေတာဖြစ်ပါတယ်။

ရန်ကုန်ဘုရင့်နောင်ဈေးကွက်မှာ တနင်္လာနေ့က မတ်ပဲ (FAQ )တစ်တန်ကို ၃၀၁၇၀၀၀ ကျပ်၊ အင်္ဂါနေ့မှာ ၃၀၀၆၀၀၀၊ ဗုဒ္ဓဟူးနေ့မှာ ၃၀၁၅၀၀၀ ကျပ် ၊ ကြာသပတေးနေ့မှာ ၃၀၁၁၀၀၀ ကျပ်၊ သောကြာနေ့မှာ ၃၀၁၁၀၀၀ ကျပ်ရှိပါတယ်။ အခုတပတ်မှာ ၃၀၀၀၀ လောက်ကျပါတယ်။

မန္တလေးဈေးကွက်မှာ မတ်ပဲ ပိဿာ ၆၀ကို ၂၈၀၀၀၀ မှ ၂၈၂၀၀၀ ကျပ်ရှိပါတယ်။

ပဲစဉ်းငုံ

ပဲစဉ်းငုံကလည်း အခုတစ်ပတ်မှာ ဈေးတန်းပြန်ကျလာပါတယ်။ တစ်တန်ကို ကျပ်သိန်း  ၃၀၅၅၀၀၀ အထိမြင့်တက်ခဲ့ရာကနေ ဒီတစ်ပတ်မှာတော့  တစ်တန်ကို ကျပ်သိန်း ၃၀ အောက်ပြန်ကျသွားပါတယ်။ 

စျေးတန်းအေးပေမယ့် အိန္ဒိယက ပဲစဥ်းငုံအဝယ်ပုံမှန်ရှိပြီး လှောင်လက်သမားတွေလည်း အဝယ်ရှိနေပါတယ်။

ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်မှာ တနင်္လါနေ့နဲ့ အင်္ဂါနေ့က  ပဲစဉ်းငုံနီ တစ်တန်ကို ၂၉၆၀၀၀၀ကျပ်  ၊ ဗုဒ္ဓဟူးနေ့ကနေ သောကြာအထိ မှာ ၂၉၈၀၀၀၀  ကျပ်သာရှိပါတယ်။

မန္တလေးဈေးကွက်မှာ ခုတစ်ပတ်မှာ ပဲစဉ်းငုံနီကို ပိဿာ ၆၀ ကို၂၇၈၀၀၀ မှ ၂၇၉၀၀၀ ကျပ်ရှိပါတယ်။

ကြက်သွန်နီ

ကြက်သွန်နီကတော့ ပြီးခဲ့တဲ့ အပတ်နဲ့ယှဉ်ရင် အဝင်နည်းပေမယ့် ဈေးက အကျဈေးနဲ့ ရှိနေပါတယ်။ ပြည်တွင်း ဝယ်လိုအားနည်းပြီး ရောင်းအား များနေတာကြောင့် ဈေးတွေ က ဆက်တိုက်ကျဆင်းနေတာလည်း ဖြစ်ပါတယ်။ နေ့စဉ် ဘုရင့်နောင်ဈေးကွက်ထဲကို ပိဿာချိန် ၂ သိန်းခွဲ ပတ်ချာလည် အဝင်ရှိနေပါတယ်။

ရန်ကုန်ဘုရင့်နောင် ဈေးကွက်မှာ ကြက်သွန်နီ (ဆိတ်ဖြူ၊မြစ်သား၊တို့က တစ်ပိဿာကို ၁၆၀၀ မှ ၂၇၀၀ ကြားရှိပြီး တစ်ပိဿာကို ၁၀၀ ဈေးကျဆင်းပါတယ်။ ရက် ၂၀ အတွင်း တစ်ပိဿာကို ၃၀၀ မှ ၈၀၀ ကြား ဈေးကျဆင်းသွားပါတယ်။

ကြက်သွန်ဖြူ

ကြက်သွန်ဖြူကတော့ ပြီးခဲ့တဲ့အပတ်နဲ့ယှဉ်ရင် ဈေးပြန်မြင့်တက်လာပါတယ်။ ဈေးကွက်ထဲ အဝင်နည်းပြီး ဈေးမြင့်တက်လာတာ ဖြစ်ပါတယ်။ 

ရှမ်းကြက်သွန်ဖြူက တစ်ပိဿာကို ၆၀၀၀ မှ ၇၅၀၀ ကျပ်ရှိပြီး တစ်ပိဿာကို ၅၀၀ ကျပ်ဈေးတက်လာပြီး ကြူကုတ်ကလည်း တစ်ပိဿာကို ၁၃၀၀၀ မှ ၁၃၅၀၀ ရှိပြီး တစ်ပိဿာကို ၅၀၀ ကျပ်ဈေးမြင့်တက်လာပါတယ်။

မတ်လ အစ နဲ့ ယှဉ်ရင်တော့ ရှမ်းကြက်သွန်ဖြူက တစ်ပိဿာကို ၃၀၀၀ ကျပ်ဈေးကျဆင်းသွားခဲ့ပြီး ကြူကုတ်ကတော့ တစ်ပိဿာကို ၁၀၀၀ ကျော်လောက်ဈေးတက်လာပါတယ်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်