မြန်မာ့လယ်ယာပို့ကုန်များ ဈေးမြင့်လာ

29/11/2025 10:00 AM တွင် AMIA AMIA မှ ရေးသား

မြန်မာနိုင်ငံ၏ လယ်ယာပို့ကုန်များအားအိမ်နီးချင်းနိုင်ငံကြီးများမှ ရေရှည် ၀ယ်ယူပေးနိုင်မည့် အခြေအနေအပေါ်စိုးရိမ်မှုများရှိနေ သော်လည်း ကာလတိုတွင် ပြည်တွင်းဈေး အတက်ဘက်ကို ပြောင်းလဲနေသည်။

ဈေးတက်လာသည့်မတ်ပဲ

အိန္ဒိယနိုင်ငံ၏ မဟာဗျူဟာ သွင်းကုန်ဖြစ်သည့် မတ်ပဲက ယခုရက်သတ္တပတ် ပြည်ပဈေးအနည်း ငယ်သာ လှုပ်သော်လည်း ပြည်တွင်း‌‌ဈေးက တစ်တန်လျှင် ကျပ် ၁၀၀,၀၀၀ ကျော်ဈေးမြင့်တက်သည်။

အိန္ဒိယနိုင်ငံသည် မတ်ပဲကို ပြည်တွင်းစိုက်ပျိုးထုတ် လုပ်မှု သာမက ပြည်ပနိုင်ငံများမှ နှစ်စဉ်တန်ချိန် သိန်းချီ၍တင်သွင်းနေသည်။ အိန္ဒိယနိုင်ငံသည်အိမ်နီးချင်း မြန်မာနိုင်ငံအပြင် ဘရာဇီး နိုင်ငံမှမတ်ပဲ တန်ချိန်တိုးမြှင့်၀ယ်ယူ တင်သွင်းနေသည်။

အိန္ဒိယအစိုးရက ပြည်ပမှ မတ်ပဲတင်သွင်းမှုနှင့်ပက်သက်၍ မူဝါဒအသစ် ချမှတ်ခြင်းမရှိသေးသော်လည်း ယခုနှစ်ပြည်ပမှမတ်ပဲတင်သွင်းမှုလျော့နည်းသဖြင့် မြန်မာဈေးကွက်တွင် မတ်ပဲဈေးကျဆင်းခဲ့သည်။

သို့သော် ယခုရက်သတ္တပတ်တွင်လည်း မတ်ပဲပြည်ပဈေးက အနည်းငယ်ပြောင်းလဲပြီး ပြည်တွင်းဈေး ပြန် လည်မြင့်တက်လာသည်။ ပြည်ပရောင်းချသည့် FOBဈေးက မတ်ပဲ FAQ တစ်တန်လျှင် အမေရိကန် ဒေါ်လာ ၆၈၀/၆၉၀မှ  ၆၉၀/၇၀၀သို့ဈေးပြောင်းလဲပြီး မတ်ပဲSQတစ်တန်လျှင် ‌၇၅၅/၇၆၅ဒေါ်လာမှ ၇၆၅/ ၇၇၅ ဒေါ်လာသို့ဈေးပြောင်းလဲသည်။

ပြည်ပ FOB ဈေး အပြောင်းအလဲနည်းသော်လည်း ပြည်တွင်းဈေးကွက်တွင် မတ်ပဲ FAQ ဈေးက တစ်တန် လျှင် ကျပ်၂,၆၃၅,၀၀၀ မှ ၂,၇၆၀,၀၀၀သို့ဈေးမြင့်တက်ပြီး မတ်ပဲSQကလည်း တစ်တန် ကျပ် ၂,၉၃၀,၀၀၀,မှ ၃,၀၉၀,၀၀၀ သို့ဈေးမြင့်တက်လာသည်။

ပြောင်းဈေးထပ်မံမြင့်တက်

ဖိလစ်ပိုင်နိုင်ငံမှ ၀ယ်လိုအားနှင့် ပြည်တွင်း မွေး မြူရေး အစားအစာထုတ်လုပ်သည့် လုပ်ငန်းများမှ ၀ယ်လို အားကြောင့် ပြည်တွင်းပြောင်းဈေး ဆက်လက်မြင့်တက်နေသည်။ထို့ပြင်ဗီယက်နမ်ဈေးကွက် ကိုလည်း ပြောင်းတင်ပို့ ရန်ကြိုးစားနေသည်။

သိုသော် ထိုင်းနိုင်ငံ၏ ပြည်ပမှပြောင်းတင်သွင်းမည့်မူဝါဒ အပြောင်းအလဲ အိန္ဒိယ၏ မြန်မာ့ပြောင်း အ၀ယ်ကမ်းလှမ်းချက်ပယ်ချမှုတို့‌ကြောင့် အနာဂတ်ပြောင်းဈေးကွက်အတွက် စိန်ခေါ်မှုများ ဆက်ရှိ နေသည်။ မြန်မာနိုင်ငံတွင် ပြောင်းစိုက်ဧက ၁သန်းကျော်ရှိပြီး စိုက်ဧကအများစုမှာ ရှမ်းပြည် နယ်တွင်ရှိ နေသည်။

ယခုရက်သတ္တပတ် ရန်ကုန်ဈေးကွက်တွင် ပြောင်းဈေးက ပြည်ပ FOB ဈေးငြိမ်နေ‌သော်လည်း ပြည်တွင်ဈေး အနည်းငယ်ထပ်မံမြင့်တက်လာသည်။ ဘုရင့်နောင်ကုန်စည်ဒိုင်တွင် ပြည်ပတင်ပို့နေသည့် ပြောင်း FOB ဈေး တစ်တန်လျှင် ဒေါ်လာ၂၃၀/၂၄၀ ဖြင့်ဈေးငြိမ်နေသည်။သို့သော် ပြည်တွင်း ပြောင်းဈေးက တစ်ပိဿာ လျှင် ကျပ်၁,၄၀၀/၁,၄၂၀မှ ကျပ် ၁,၄၂၀ /၁,၄၄၀ သို့ဈေးမြင့်တက်သည်။

မန္တလေးဈေးကွက်တွင်လည်းပြောင်းဈေးက ရှမ်းပြောင်းတစ်တန်လျှင် ကျပ် ၈၁၆,၀၀၀ ကျော်မှ ၈၃၉,၀၀၀ကျော်သို့မြင့်ဆက်ပြီး CPပြောင်းသစ်ကလည်းကျပ် ၈၁၆,၀၀၀ကျော်မှ ၈၃၉,၀၀၀ ကျော်သို့ ဈေးတက်လာသည်။

ဆီထွက်သီးနှံဈေးအပြောင်းအလဲ

နှမ်း

ပြည်ပ၀ယ်လိုအားအနည်းငယ်ရှိနေသဖြင့် နှမ်းFOB ဈေးနှုန်းက အတက်ဘက်မှာရှိနေသော်လည်း ပြည် တွင်း‌‌ဈေးကျဆင်းလာသည်။

နှမ်းကို တရုတ်နိုင်ငံအပြင် အခြားသော ပြည်ပနိုင်ငံအချို့ကိုတင်ပို့နေပြီး ယခုရက်သတ္တပတ် နှမ်းFOB ဈေး ကအနည်းငယ် မြင့်တက်လာသည်။ နှမ်းနက်(စမုံ)တစ်တန်လျှင် ဒေါ်လာ၃၀ ဈေးမြင့်တက်ပြီး၊ နှမ်းဖြူ တစ်တန်လျှင် ၁၀ဒေါ်လာဈေးမြင့်တက်သည်။

နှမ်းFOBဈေးနှုန်းက နှမ်းနက်(စမုံ)တစ်တန်လျှင် ဒေါ်လာ ၂,၅၄၅/၂,၆၅၅မှ ၂,၆၇၅/၂,၆၈၅ ဒေါ်လာသို့ဈေးပြောင်းလဲပြီး နှမ်းဖြုတစ်တန်လျှင် ဒေါ်လာ ၁,၀၁၅/၁,၁၀၅မှ ၁,၁၁၅မှ၁,၁၂၅ သို့ဈေးပြောင်းလဲ သည်။ယခုရက်သတ္တပတ် ပြည်တွင်းနှမ်းဈေးက နှမ်းနက်(စမုံ) တစ်တန်လျှင် ကျပ် ၂၇၀,၀၀၀ ကျော်၊ နှမ်းဖြူ (ဂျ ပန်)တစ်တန်လျှင် ကျပ်၂၀,၀၀၀ ကျော်ဈေးကျဆင်း သည်။

မန္တလေး‌ဈေးကွက်တွင် နှမ်းနက်(စမုံ)တစ်တန်လျှင် ကျပ်၁၀၂သိန်းကျော်မှ ကျပ်၉၉သိန်းကျော် သို့ဈေးကျပြီး နှမ်းဖြူ(ဂျပန်)တစ်တန်လျှင် ကျပ် ၃,၈၃၀,၀၀၀ ကျော်မှ ၃,၈၁၀,၀၀၀ ကျော်သို့ဈေး ကျဆင်းသွားသည်။

မြေပဲ

ဒေသစုံမှ မိုးရာသီစိုက်ပျိုးသော မြေပဲများ ဈေးကွက် ၀င်လာချိန် အရည်အသွေးအလိုက် မြေပဲဈေးက အ ပြောင်းအလဲရှိနေသည်။

ပြည်ပ‌တင်ပို့နေသည့် မြေပဲ လုံးဆံ ဈေးက တစ်တန်လျှင် ဒေါ်လာ ၁,၃၅၅/၁,၃၆၅ ဖြင့်ဈေးငြိမ်နေသော်လည်း ပြည်တွင်းမြေပဲဈေးက အမျိုးအစားအလိုက် အပြောင်းအလဲအနည်းငယ်ရှိနေသည်။ မန္တလေး ဈေးကွက် တွင် မြေပဲ S1လုံးဆံတစ်တန်လျှင်ကျပ်၅၂သိန်း ကျော်မှ ၅,၁၄၀,၀၀၀ ကျော်သို့ ဈေးကျဆင်းသည်။ ထို့အပြင် S1ဆီဆံက တစ်တန်လျှင် ကျပ် ၄,၇၃၀,၀၀၀ ကျော်မှ ၄,၇၇၀,၀၀၀ ကျော် သို့ဈေးပြောင်းသွားသည်။

သို့‌သော် မြေပဲအနီလုံးဆံက တစ်တန်ကျပ် သိန်း ၅၀ ကျော်ဖြင့် ဈေးငြိမ်၍ မြေပဲအနီဆီဆံက တစ်တန် လျှင် ကျပ် ၄,၅၃၀,၀၀၀ ကျော်မှ ၄,၇၇၀,၀၀၀ ကျော်သို့ဈေးမြင့်တက်လာသည်။

စားဖိုဆောင်သီးနှံဈေးငြိမ်

ပြည်တွင်းစိုက်ပျိုးထုတ်လုပ်သည့် ကြက်သွန်နီက ရန်ကုန်ကို ကားအ၀င်များပြီး ပြည်ပ၀ယ်အားနည်းခြင်း ကြောင်း ဈေးအပြောင်းအလဲအနည်းငယ်သာရှိနေသည်။

ရန်ကုန်ဈေးကွက်တွင် ယခုရက်သတ္တပတ် ကြက်သွန်နီဈေးက ပျမ်းမျှ တစ်ပိဿာ  ကျပ် ၃၅၀ မှ ကျပ် ၁,၈၀၀ ၀န်းကျင်ဈေးဖြင့် ဈေးကွက် စတင်ခဲ့ပြီးနောက် ကျပ် ၄၅၀မှ၁,၈၀၀သို့ ဈေး အနည်းငယ်သာပြောင်းလဲသည်။ ထို့အပြင်ရန်ကုန်‌ဈေးကွက်တွင်ရောင်းချသည့် ကြက်သွန်နီ အမျိုးအစားအများစုက ဈေးငြိမ်နေပါသည်။

AMIA (ဈေးကွက်နှင့် သတင်းအေဂျင်စီ)မှ အစိမ်းရောင်လမ်းဆော့ဝဲသို့ ပေးပို့ထားသော အစိမ်းရောင်လမ်း၏ မူပိုင်ဆောင်းပါးဖြစ်သဖြင့် ဆောင်းပါးများ၊ သတင်းများ ကူးယူဖော်ပြလိုပါက “အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်ဟု” ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်