ဒေါ်လာဈေးမြင့်တက်မှုနှင့်အတူ မတ်ပဲ၊ ပဲစင်းငုံနှင့် ကြက်သွန်နီဈေးများ အမြင့်ဆုံးဈေးများနား ပြန်တက်လာ

20/07/2022 17:00 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

 

ဒေါ်လာဈေးမြင့်တက်လာမှုနဲ့အတူ မတ်ပဲ၊ ပဲစင်းငုံဈေးတွေဟာ အခုဇူလိုင်လဆန်းပိုင်းက ရောက်ရှိခဲ့တဲ့ အမြင့်ဆုံးဈေးတွေအနီး ပြန်ရောက်လာသလို ကြက်သွန်နီဈေးတွေဟာလည်း ပြီးခဲ့တဲ့ ဇွန်လကုန်ပိုင်းတုန်းက ရောက်ရှိခဲ့တဲ့ အမြင့်ဆုံးဈေးတွေနားထိ ပြန်ရောက်လာတာ ဖြစ်ပါတယ်။

ရန်ကုန် ဘုရင့်နောင်ဈေးကွက်မှာ အခု ဇူလိုင်လဆန်းပိုင်းတုန်းက တစ်တန်ကို ကျပ် ၁၇ သိန်းကျော်ထိ ဈေးမြင့်တက်ခဲ့တဲ့ မတ်ပဲ(FAQ/RC-2022) ဈေးဟာ ပြီးခဲ့တဲ့တစ်ပတ်ကပြန်ကျသွားရာက အခုအပတ်မှာတော့ ဒေါ်လာဈေးမြင့်တက်မှုနဲ့အတူ ဈေးပြန်တက်လာတာဖြစ်ပြီး ဒီနေ့မှာတော့ တစ်တန်ကို ၁၆၇၀၀၀၀ ထိ ပြန်ရောက်လာတာဖြစ်ပါတယ်။

အလားတူ ဇူလိုင်လဆန်းပိုင်းတုန်းက တစ်တန်ကို ကျပ် ၁၉ သိန်း ၃ သောင်းကျော်ထိ ဈေးမြင့်တက်ခဲ့တဲ့ မတ်ပဲ(SQ/RC-2021) ဈေးဟာလည်း ပြီးခဲ့တဲ့တစ်ပတ်ကပြန်ကျသွားရာကနေ အခုအပတ်မှာတော့ ဈေးပြန်တက်လာတာဖြစ်ပြီး ဒီနေ့မှာတော့ တစ်တန်ကို ၁၉၀၅၀၀၀ ထိ ပြန်ရောက်လာပြီဖြစ်ပါတယ်။

ဇူလိုင်လဆန်းပိုင်းက တစ်တန်ကို ၁၄၉၇၀၀၀ ကျော်ထိ ပေါက်ဈေးရှိခဲ့ပြီး အနည်းငယ်အကျပိုင်းဘက်ကို ပြန်ရောက်သွားခဲ့တဲ့ ပဲစင်းငုံနီ (RC-2021) ဟာလည်း ဒီနေ့မှာတော့ ၁၄၉၀၀၀၀ ထိ ဈေးပြန်တက်လာပါတယ်။

အထက်ပါပဲမျိုးတွေအားလုံးဟာ အိန္ဒိယနိုင်ငံဘက်ကို တင်ပို့နေတဲ့ပဲတွေဖြစ်ပြီး ဒီတစ်ပတ်အတွင်း ပြင်ပမှာဒေါ်လာဈေးမြင့်တက်မှုသိသိသာသာဖြစ်လာတဲ့ဂယက်နဲ့အတူ ဈေးတွေ လိုက်မြင့်လာတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇွန်လကုန်ပိုင်းက အမျိုးအစားအလိုက် တစ်ပိဿာ ကျပ် ၁၉၀၀ ထိ ရောက်ရှိသွားခဲ့ပြီး တဖြည်းဖြည်း ဈေးပြန်ကျလာတဲ့ ကြက်သွန်နီဈေးဟာလည်း ဒီတစ်ပတ်မှာ ဈေးပြန်တက်လာပြီး ဒီနေ့မှာတော့ အမျိုးအစားအလိုက် တစ်ပိဿာဈေးနှုန်း ကျပ် ၁၃၀၀ ကနေ ကျပ် ၁၈၅၀ ထိ ပြန်တက်လာတာ ဖြစ်ပါတယ်။

(စိုက်ပျိုးရေးဈေးကွက်သတင်းအေဂျင်စီ (AMIA) က ပေးပို့လာသည့် ဈေးနှုန်းများကို ဖော်ပြခြင်းဖြစ်ပါသည်။)

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်