ရန်ကုန် ဘုရင့်နောင်ဈေးကွက် ကြက်သွန်နီဈေးဟာ ဒီတစ်ပတ်အတွင်းမှာ အကျဘက်ကို တဖြည်းဖြည်း ပြန်ရောက်လာနေတယ်လို့ စိုက်ပျိုးရေးဈေးကွက်သတင်းအေဂျင်စီ (AMIA) က ပေးပို့တဲ့ ဈေးနှုန်းဖော်ပြ ချက်တွေအရ သိရပါတယ်။
ဒီတစ်ပတ် ဇွန် ၂၀ ရက်မှာ အဖွင့်ဈေးအနေနဲ့ ကြက်သွန်နီ(ဆိပ်ဖြူရှယ်-သစ်) ဟာ တစ်ပိဿာ ၁၇၅၀ ကျပ် ရှိခဲ့ပြီး ဇွန် ၂၁ ရက်မှာ ၁၉၀၀ ကျပ်ထိ ပြန်တက်လာပေမယ့် တဖြည်းဖြည်း ပြန်ကျသွားတာဖြစ်ပါတယ်။ ဇွန် ၂၄ ရက် သောကြာနေ့အပိတ်ဈေးမှာတော့ တစ်ပိဿာ ၁၇၀၀ ကျပ်ထိ ရောက်သွားတာဖြစ်ပါတယ်။
ဘုရင့်နောင်ဈေးကွက်ကို ကြက်သွန်နီကားအဝင်ကတော့ ဆက်လက်ရှိနေပေမယ့် အရည်အသွေးပိုင်း ကတော့ အားနည်းနေကြောင်းသိရတယ်လို့တော့ AMIA ရဲ့ သတင်းဖော်ပြချက်မှာ ထည့်သွင်းဖော်ပြ ထားပါတယ်။
ဇွန် ၂၄ ရက်(သောကြာနေ့) ကြက်သွန်ဈေးနှုန်းတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

ကြက်သွန်နီ (ဆိပ်ဖြူရှယ်)(သစ်) (၁)ပိဿာ 1700 ကျပ်
ကြက်သွန်နီ (ဆိပ်ဖြူလတ်ကြီး) (၁)ပိဿာ 1600 ကျပ်
ကြက်သွန်နီ (ဆိပ်ဖြူလတ်သန့်) (၁)ပိဿာ 1450 ကျပ်
ကြက်သွန်နီ(ဆိပ်ဖြူလတ်ချော) (၁)ပိဿာ 1100 ကျပ်
ကြက်သွန်ဖြူ(ကြူကုတ်)(ရှယ်) (၁)ပိဿာ ၂၈၀၀ မှ ၃၀၀၀ ကျပ်
ကြက်သွန်ဖြူ(အောင်ပန်း ထူး ၂) (၁)ပိဿာ 2300 ကျပ်
(စိုက်ပျိုးရေးဈေးကွက်သတင်းအေဂျင်စီ (AMIA) က ပေးပို့လာသည့် ဈေးနှုန်းများကို ဖော်ပြခြင်းဖြစ်ပါသည်။)
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
Farm Link Co.,Ltd
ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား?
ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်..
👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။
👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။
အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့
နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။
👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးငမြောင်တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုးတွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။
👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။
👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။
မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more