တစ်ပတ်အတွင်း သီးနှံဈေးကွက်သုံးသပ်ချက် (၂၃ - ၂၇. ၁၂.၂၀၂၄)
ဒီတစ်ပတ်မှာ ပဲတီစိမ်းနဲ့ ပြောင်းက စျေးတက်လာပြီး မတ်ပဲနဲ့ ပဲစဥ်းငုံက စျေးတန်းထပ်ကျဆင်းသွားပါတယ်"
ပြောင်း
အရင်အပတ်ကစျေးအေးခဲ့တဲ့ ပြောင်းကတော့ ဒီတစ်ပတ်မှာ အနည်းငယ်တက်ရိပ်ပြပါတယ်။
ပြောင်းကို အိန္ဒိယကဝယ်လိုအားများတဲ့အပြင် တခြားပြည်ပနိုင်ငံတွေကလည်း ဝယ်လိုအားကောင်းနေတာကြောင့် ပြောင်းစျေးကတက်လာတာဖြစ်ပါတယ်။ ပြည်တွင်းအစာစပ်စက်ရုံတွေကလည်း ပုံမှန်အတိုင်း အဝယ်ရှိနေနေပါတယ်။
ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်မှာပြောင်းဆံ တစ်ပိဿာကို ၁၆၆၀ မှ ၁၆၈၀ ကျပ်ရှိပြီးတော့ အရင်အပတ်ကထက် တစ်ပိဿာကို ၁၀ ကျပ်တက်ပါတယ်။
မန္တလေးကုန်စည်ဒိုင်စျေးကွက်မှာတော့ ပြောင်း (ဗမာ) က ၅၄ ပိဿာတစ်အိတ်ကို ၈၃၀၀၀ မှ ၈၄၀၀၀ ကျပ်ရှိပြီး ပြောင်း (CP)နဲ့ ပြောင်း (ရှမ်း) ၅၄ ပိဿာကို ၈၅၀၀၀ မှ ၈၆၀၀၀ ကျပ် စျေးရှိပါတယ်။ အရင်အပတ်ကထက် ၁၀၀၀ ကျပ် ထပ်ကျလာပါတယ်။
ပဲတီစိမ်း
ပဲတီစိမ်းကတော့ ဒီတစ်ပတ်မှာလည်း စျေးတွေထပ်မံမြင့်တက်လာပါတယ်။
ခရမ်းရွှေဝါနဲ့ပဲခူးရွှေဝါက ဆောင်းရာသီစိုက်ပျိုးမှုစတင်ချိန်ဖြစ်ပြီး ပဲလက်ကျန်မရှိတဲ့အပြင် ပဲအသစ်တွေလည်းမပေါ်သေးတာကြောင့် စျေးထပ်တက်လာပါတယ်။
မိုးပဲတီစိမ်းအညာကတော့ စျေးတန်းငြိမ်နေပြီး ဝါးခယ်မပဲအသစ်တွေကတော့ စျေးတက်လာပါတယ်။
ရန်ကုန်ဘုရင့်နောင်ဈေးကွက်မှာ ပဲတီစိမ်း(ခရမ်းရွှေဝါ)က ၅၅၈၀ ကျပ်၊ (ပဲခူးရွှေဝါ)က ၅၂၅၀ ကျပ်၊ ဝါးခယ်မ FAQ က ၄၆၆၅ မှ ၄၆၈၅ ကျပ်ကြားရှိပြီး အရင်အပတ်ကထက် တစ်ပိဿာကို ၃၅ ကျပ်မှ ၈၅ ကျပ် ထပ်တက်လာပါတယ်။ ပဲတီစိမ်းအညာကတော့ တစ်ပိဿာကို ၄၉၁၅ မှ ၄၉၃၅ ကျပ်နဲ့ငြိမ်နေ ပါတယ်။
မန္တလေးဈေးကွက်မှာလည်း ပဲတီစိမ်း(အညာ)သုံးတင်းဝင်တစ်အိတ်ကို အမြင့်ဆုံး ၃၀၅၀၀၀ ကျပ်ရှိနေပါတယ်။

မတ်ပဲ
မတ်ပဲကတော့ ဒီတစ်ပတ်မှာလည်း စျေးတန်းထပ်ကျသွားပြီး တစ်တန်ကို ၃၃ သိန်းကျော်သာရှိပါတော့တယ်။
အိန္ဒိယနိုင်ငံမှာ မိုးမတ်ပဲအသစ်ပေါ်ပြီး စျေးကွက်ထဲဝင်ရောက်မှုရှိနေတာကြောင့် ကုန်သည်တွေက စျေးချဝယ်ယူနေတဲ့အတွက် စျေးတန်းကျဆင်းနေတာဖြစ်ပါတယ်။
မြန်မာမှာလည်း မတ်ပဲအသစ်တွေပေါ်နေသလို အိန္ဒိယက အဝယ်အေးတာကြောင့် စျေးတန်းဆက်တိုက်ကျလာပါတယ်။
ဒီတစ်ပတ်ရန်ကုန်ဘုရင့်နောင်စျေးကွက်မှာ မတ်ပဲ (FAQ )တစ်တန်ကို ၃၃၂၀၀၀၀ ကျပ်ရှိပါတယ်။ အရင်တစ်ပတ်ထက် ၁ သိန်းကျော် စျေးတန်းထပ်ကျသွားပါတယ်။
မန္တလေးစျေးကွက်မှာတော့ မတ်ပဲ ပိဿာ ၆၀ အသစ်က ၂၈၀၀၀၀ မှ ၂၉၇၀၀၀ ကျပ်ရှိလို့ ၃၀၀၀၀ ကျပ်လောက်စျေးကျလာပါတယ်။
ပဲစဥ်းငုံ
ပဲစဥ်းငုံကလည်း တစ်တန်ကို ၁၆၀၀၀၀ ကျော် စျေးထပ်ကျလာပါတယ်။
ပြည်တွင်းမှာမိုးပဲအသစ်တွေပေါ်နေတဲ့အပြင် အိန္ဒိယကလည်း ပဲအဝယ်အေးနေတာကြောင့် ပဲစဥ်းငုံ စျေးတန်းအေးနေတာဖြစ်ပါတယ်။ဆောင်းပဲလက်ကျန်အဟောင်းကတော့ မရှိသလောက်ဖြစ်နေတယ်လို့သိရပါတယ်။
ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်မှာ ပဲစဥ်းငုံနီ တစ်တန်ကို ၃၃၇၅၀၀၀ ကျပ်သာရှိပါတယ်။
မန္တလေးစျေးကွက်မှာတော့ ဒီတစ်ပတ်မှာလည်း ပဲစဥ်းငုံနီကို စျေးဖွင့်ထားခြင်းမရှိတာတွေ့ရပါတယ်
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
အကြောင်းအရာ 1
ပြည်တွင်းသီးနှံဈေးကွက်
နေရောင်အောက်က ဘဝသမား
လွန်ခဲ့သော ၇ လ ကမော်လမြိုင်မှာပဲတီစိမ်းရွှေဝါကဘယ်စျေးရနိုင်လဲဗျား ရောင်းချင်လို့ပါ
Aung Than Moe
လွန်ခဲ့သော ၁ နှစ် ကရက်၉၀စပါးမှို့ကပ်ရက်သိချင်လို့
ဆက်စပ်ဆောင်းပါးများ
ဆက်စပ်မေးခွန်းများ
ဘာပိုးကျတာလဲခင်ဗျာမှိုရောဂါဖစ်တာလားခင်ဗျာ
Dar Gypt • ဖြေကြားချက် 1 ခု
10. လပိုင်း 15. 16. မျိုးချချင်လို့။ မိုးလေဝသနဲ့။ ပျိုးရက်ကောင်းလားဆရာ။ ဖြေပေးပါအုန်း။ ကျေးဇူးပြုပီး
Nwe Nwe aung • ဖြေကြားချက် 2 ခု
ရောဂါကျနေ့အရွက်တွေကို အခုလို ပုံအတိုင်း ညှပ်ချလိုက်ပါတယ် တတန်းဘဲဘညှပ်ရသေးပါတယ် ညှပ်သင့် မညှပ်သင့် အဖြေကိုပြောပေးစေ လိုပါတယ်
ရှိုင်းထက်အောင် • ဖြေကြားချက် 3 ခု
မတ်ပဲတစ်ဧကိုအပင်ဦးရေ၁၅၀၀၀၀ကနေ၂၀၀၀၀၀ ရှိရမယ်ဆိုတာဟုတ်လား ဒါဆိုမတ်ပဲ၆ပြည်ကြဲရင်လုံလောက်တာပေါ့ ၁၂ပြည်ဆိုရင် ၄သိန်းအထိရှိသွားမှာပေါ့
Sawsamson • ဖြေကြားချက် 7 ခု
ငါးရံ့၊ငါးခူ ငါးသားပေါက်များမှာယူချင်လို့ပါ...စိတ်ချရမယ့် ဆက်သွယ်ရမယ့်ဖုန်းနံပါတ်ဖြစ်ဖြစ် ဆိုင်လိပ်စာ ဖြစ်ဖြစ် မအူပင်နဲ့ဖျာပုံအနီးအနားကနေရာများကိုညွှန်ပေးကြပါအုံးခင်ဗျာ့....အရေးကြီးအမြန်လိုအပ်နေလို့ပါ။
YS • ဖြေကြားချက် 2 ခု
နောက်ဆုံး ဆောင်းပါးများ
ကြံတစ်တန်လျှင် စက်ရုံအရောက်ဈေး ၁၃၉,၀၀၀ ကျပ်ဖြင့် ဈေးဖွင့်ရန် စီစဉ်နေသည့်အတွက် ပဲခူးတိုင်းရှိတောင်သူများ အခက်ကြုံ
09/10/2026
ငါးမွေးမြူးရေးအတွက် မရှိမဖြစ်အဓိကအကျဆုံး အစာကုန်ကြမ်းဖွဲနု
08/10/2026
အယ်လ်နီညိုကြောင့် ကမ္ဘောဒီးယားနိုင်ငံ ဆိုးရွားစွာ မိုးခေါင်ရေရှားနိုင်ကြောင်း FAO သတိပေးထုတ်ပြန်
08/10/2026
အစိမ်းရောင်လမ်းရဲ့ website အသစ်ထဲမှာ ဈေးတန်းကြီးရှိနေပြီဆိုတာ သိထားပြီးကြပြီလား?
07/10/2026
အသား၊ ငါးဈေးများ ဆက်တိုက်မြင့်တက်ခြင်းကြောင့် ရောင်းအား သိသိသာသာ လျော့ကျနေ
07/10/2026
More from AMIA
အားလုံး
ကြံတစ်တန်လျှင် စက်ရုံအရောက်ဈေး ၁၃၉,၀၀၀ ကျပ်ဖြင့် ဈေးဖွင့်ရန် စီစဉ်နေသည့်အတွက် ပဲခူးတိုင်းရှိတောင်သူများ အခက်ကြုံ
09/10/2026
အသား၊ ငါးဈေးများ ဆက်တိုက်မြင့်တက်ခြင်းကြောင့် ရောင်းအား သိသိသာသာ လျော့ကျနေ
07/10/2026
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (စက်တင်ဘာ ၂၈ မှ အောက်တိုဘာ ၂ ရက်အထိ)
02/10/2026
ကြက်သွန်နီဈေး သိသိသာသာ ဆက်တိုက်မြင့်တက်နေ
01/10/2026
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၂၁ - ၂၅.၉.၂၀၂၆)
26/09/2026