အရင်အပတ်နဲ့ယှဉ်ရင် မတ်ပဲတစ်တန်ကို ၂ သောင်းလောက် စျေးထပ်ကျ (တစ်ပတ်စာ ဈေးကွက်သုံးသပ်ချက်)

30/11/2024 09:40 AM တွင် AMIA AMIA မှ ရေးသား

မတ်ပဲ

မတ်ပဲစျေးကွက်က  နေ့စဥ်နဲ့အမျှစျေးတန်းကကျဆင်းလာနေပြီး ဒီတစ်ပတ်မှာလည်းစျေးအနည်းငယ် ထပ်ကျတာတွေ့ရပါတယ်။ မတ်ပဲကိုအဓိကဝယ်ယူတဲ့အိန္ဒိယနိုင်ငံကသူတို့နိုင်ငံရဲ့ မတ်ပဲလိုအပ်ချက်ပြည့်သွားတဲ့အတွက်ကြောင့်အဝယ်အေးသွားတဲ့အတွက် စျေးတန်းကကျဆင်းလာနေတာဖြစ်တယ်လို့သိရပါတယ်။

မိုး မတ်ပဲအသစ်တွေလည်း စပေါ်နေပြီးစျေးကွက်ထဲစတင်ဝင်ရောက်နေတာကြောင့်လည်း မတ်ပဲစျေးတန်အေးနေတာဖြစ်ပါတယ်။

ရန်ကုန်ဘုရင့်နောင်စျေးကွက်မှာ မတ်ပဲ(FAQ)တစ်တန်ကို ဒီတစ်ပတ်အင်္ဂါနေ့မှာ  ၃၅၇၆၀၀၀၊  ဗုဒ္ဓဟူးနေ့ မှာ  ၃၅၇၀၀၀၀၊ ကြာသပတေးနေ့မှာ ၃၅၆၅၀၀၀ ကျပ်နဲ့ သောကြာနေ့မှာ ၃၅၆၁၀၀၀ ကျပ်သာ ရှိပါတယ်။ အရင်အပတ်နဲ့ယှဉ်ရင် မတ်ပဲ တစ်တန်ကို ၂ သောင်းလောက် စျေးထပ်ကျပါတယ်။

မန္တလေးစျေးကွက်မှာတော့  မတ်ပဲ(အဟောင်း)က ပိဿာ ၆၀ တစ်အိတ်ကို ၃၀၀၀၀၀ မှ  ၃၂၅၀၀၀ ကျပ်ရှိပြီး မတ်ပဲအသစ်က တစ်အိတ်ကို  ၂၆၀၀၀၀ မှ ၂၈၀၀၀၀ ကျပ်ရှိပါတယ်။ 

ပဲစဥ်းငုံ

ပဲစဥ်းငုံကတော့  စျေးအတက်အကျတည်ငြိမ်မှု မရှိပါဘူး။ ဒီတစ်ပတ်မှာတော့  စျေးက ပြန်ကျပါတယ်။ ပြည်တွင်းမှာလည်းပဲလက်ကျန် မရှိသလောက်ဖြစ်နေပြီးအရောင်းအဝယ် အေးနေတာကတကြောင်း၊  ပြည်ပဝယ်လိုအားလည်းပုံမှန်လောက်သာရှိတာကြောင့်စျေးပြန်ကျတာဖြစ်ပါတယ်။

နိုင်ငံခြားငွေစျေးအတက်အကျကြောင့်လည်း စျေးကွက်ကအတက်အကျတည်ငြိမ်မှုမရှိဘဲ ဖြစ်နေတယ်လို့သိရပါတယ်။

မကြာခင် ပဲ အသစ်တွေ ဈေးကွက်ထဲဝင်တော့မှာဖြစ်လို့ ပဲဈေးက လက်တလောမှာတော့ အတက်မရှိနိုင်သေးဘူးလို့ ကုန်သည်အချို့ကတော့သုံးသပ်ပါတယ်။

ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်မှာ ပဲစဥ်းငုံနီ တစ်တန်ကို အင်္ဂါနေ့မှာ  ၃၉၅၀၀၀၀၊ ဗုဒ္ဓဟူးနေ့က áƒá‰á„၂၀၀၀၊ ကြာသပတေးနေ့မှာ ၃၈၉၅၀၀၀၊ သောကြာနေ့မှာ ၃၈၅၂၀၀၀  ကျပ်ရှိပြီး ပြီးခဲ့တဲ့အပတ်နဲ့ယှဥ်ရင် တစ်တန်ကို ၁  သိန်းဝန်းကျင်စျေး ပြန်ကျပါတယ်။

မန္တလေးစျေးကွက်မှာတော့ ဒီတစ်ပတ်လည်း  ပဲစဥ်းငုံနီကို စျေးဖွင့်ထားခြင်းမရှိတာတွေ့ရပါတယ်။

ပဲတီစိမ်း

ပဲတီစိမ်းကတော့ အရင်တပတ်ကတည်းကစျေးတွေတက်လာပြီး ဒီတစ်ပတ်မှာလည်း ဝါးခယ်မနဲ့ ပဲတီစိမ်းအညာကထပ်တက်လာပါတယ်။ခရမ်းရွှေဝါနဲ့ ပဲခူးရွှေဝါကတော့ အတက်စျေးမှာ ငြိမ်နေပါတယ်။ တရုတ်ဝယ်လက်ကြောင့် ဈေးကွက်အတွင်း ဈေးမြင့်တက်လာတာလို့ သိရပါတယ်။

ရန်ကုန်ဘုရင့်နောင်ဈေးကွက် မှာ  ပဲတီစိမ်း(ခရမ်းရွှေဝါ)က ၅၂၅၀ ကျပ်၊  (ပဲခူးရွှေဝါ)က ၅၀၈၀ ကျပ်နဲ့ငြိမ်နေတာပါ။  ဝါးခယ်မ FAQ  နဲ့ ပဲတီစိမ်းအညာကတစ်ပိဿာကို ၄၅၀၀ မှ ၄၅၂၀ ကြားရှိပြီး အရက်အပတ်ကထက် တစ်ပိဿာကို ၈၅ ကျပ် ထပ်တက်လာပါတယ်။

မန္တလေးဈေးကွက်မှာလည်း ပဲတီစိမ်း(အညာ)သုံးတင်းဝင်တစ်အိတ်ကို ၂၉၀၀၀၀ မှ ၃၀၀၀၀၀ ကျပ်ရှိပြီး တစ်အိတ်ကို ၁၀၀၀၀လောက်ထပ်တက်လာပါတယ်။

ပြောင်း

ပြောင်းဆံစျေးကလည်း  ဒီတစ်ပတ်မှာ စျေးတက်လာပါတယ်။ ပြောင်းဆံအသစ်တွေပေါ်နေပေမယ့် လမ်းပန်းဆက်သွယ်ရေးကြောင့် ပြောင်းဆံတွေစျေးကွက်ထဲဝင်ရောက်မှုနည်းခြင်း၊ ပြောင်းစိုက်ပျိုးမှု နည်းလို့အထွက်နှုန်းနည်းခြင်း၊ ပြည်ပကလည်းဝယ်လိုအားရှိသလိုပြည်တွင်းအစာစပ်စက်ရုံတွေက လည်း ဝယ်ယူမှုရှိနေတာကြောင့် စျေးတက်လာတာဖြစ်ပါတယ်။

ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်မှာပြောင်းဆံ တစ်ပိဿာကို ၁၅၅၀ မှ ၁၅၇၀ ကျပ်ရှိပြီး တစ်ပိဿာ  ၃၀ ကျပ်တက်လာပါတယ်။ 

မန္တလေးကုန်စည်ဒိုင်စျေးကွက်မှာလည်း ပြောင်း (ဗမာ) က ၅၄ ပိဿာတစ်အိတ်ကို ၇၈၀၀၀ မှ ၇၉၀၀၀ ကျပ်ရှိပြီး ပြောင်း (CP)နဲ့ ပြောင်း (ရှမ်း) ၅၄ ပိဿာကို ၈၀၀၀၀ မှ ၈၁၀၀၀ ကျပ် စျေးရှိပါတယ်။ ပြောင်း တစ်အိတ်ကို  ၂၀၀၀ လောက် တက်လာပါတယ်။ 

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 


Farm Link Co.,Ltd ကြော်ငြာ
🌾စပါးဈေးမကောင်းတဲ့ ရာသီမှာ အမြတ်ကျန်အောင် ဘယ်လိုစိုက်မလဲ⁉️ ❗စပါးဈေးကလည်းမသေချာ၊ သွင်းအားစုစရိတ်တွေကလည်း တက်နေတဲ့ဒီလိုအချိန်မှာ သွင်းအားစုဖိုးကို လျှော့ချပြီး အထွက်နှုန်းကို ထိန်းထားနိုင်မှ ဦးကြီးတို့ အဆင်ပြေမှာနော် ✔️ဒါကြောင့် ကိုယ်သုံးသမျှ ကိုယ့်အတွက်အကျိုးရစေမယ့် အရည်အသွေးစိတ်ချရတဲ့ သွင်းအားစုပစ္စည်းတွေကိုပဲ ရွေးချယ်သုံးသင့်ပါတယ်။
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်