ဒီတစ်ပတ် မတ်ပဲဈေးတက် (တစ်ပတ်အတွင်း သီးနှံဈေးကွက်သုံးသပ်ချက်)

27/09/2024 19:17 PM တွင် AMIA AMIA မှ ရေးသား

 မတ်ပဲ

---------

အရင်တစ်ပတ်ကစျေးကျခဲ့တဲ့ မတ်ပဲက အခုတစ်ပတ်မှာတော့ စျေးနှုန်း ပြန်တက်လာပါတယ်။

နိုင်ငံခြားငွေ စျေးကွက်ကျဆင်းသွားပေမယ့် FOB စျေးနှုန်းတက်လာပြီး ပြည်တွင်းမှာလည်း မတ်ပဲလက်ကျန်နည်းခြင်း၊ ရန်ကုန်အဝယ်ရှိခြင်း ၊ ကုန်စည်ဒိုင်တွေကို မတ်ပဲအဝင်နည်းခြင်း၊ ပို့ကုန်ရငွေဖြေလျှော့မှုတွေကြောင့် မတ်ပဲစျေးနှုန်း ပြန်လည်မြင့်တက်တာဖြစ်တယ်လို့သိရပါတယ်။

ရန်ကုန်ဘုရင့်နောင်စျေးကွက်မှာ မတ်ပဲ (FAQ )တစ်တန်ကို ခုတပတ် တနင်္လာနေ့က သိန်း ၄၀ ရှိပြီး အင်္ဂါနေ့က မတ်ပဲ (FAQ )တစ်တန်ကို ၃၉၇၃၀၀၀ ၊ ဗုဒ္ဓဟူးနေ့မှာ ၃၉၆၇၀၀၀၊ ကြာသပတေးနေ့မှာ ၃၉၉၀၀၀၀ ကျပ်နဲ့ သောကြာနေ့မှာ ၃၉၇၇၀၀၀ ကျပ်ရှိပါတယ်။

အရင်တစ်ပတ်နဲ့ယှဥ်ရင် တစ်တန်ကို ၂၆၀၀၀ ကျပ်တက်လာပါတယ်။

မန္တလေးစျေးကွက်မှာတော့ မတ်ပဲ ပိဿာ ၆၀ တစ်အိတ်ကို ၃၇၀၀၀၀ မှ ၃၈၅၀၀၀ ကျပ်ရှိလို့ အရင်တစ်ပတ်ကထက် ၅၀၀၀ ကျပ် အတက်ပြပါတယ်။

ပဲစဥ်းငုံ 

-------

ပဲစင်းငုံကတော့ အခုတစ်ပတ်ပထမနှစ်ရက်မှာ စျေးနှုန်းအတက်ပြခဲ့ပေမယ့်နောက်ရက်တွေမှာ ဆက်တိုက်ပြန်ကျဆင်းသွားခဲ့ပါတယ်။ 

ပဲစဥ်းငုံကို ပြည်ပတင်ပို့မှုရှိပြီး FOB စျေးလည်းမကျပေမယ့် နိုင်ငံခြားငွေ စျေးကျဆင်းခြင်း၊ အရောင်းဝယ်အေးတဲ့ အခြေအနေတွေကြောင့် စျေးပြန်ကျလာတာပါ။

ပဲလက်ကျန်ကလည်း မရှိသလောက်နည်းတယ်လို့ သိရပါတယ်။

ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်မှာ ပဲစဥ်းငုံနီ တစ်တန်ကို တနင်္လာနေ့က ၄၉၅၀၀၀၀ ၊ အင်္ဂါနေ့က ၄၈၉၅၀၀၀ ၊ ဗုဒ္ဓဟူးနေ့မှာ ၄၈၅၀၀၀၀ ၊ ကြာသပတေးနေ့မှာ ၄၈၀၀၀၀၀ ကျပ်၊ သောကြာနေ့မှာ ၄၇၉၅၀၀၀ ကျပ်ရှိပါတယ်။

မန္တလေးစျေးကွက်မှာတော့ အခုတစ်ပတ်မှာ ပဲစဥ်းငုံနီကို စျေးဖွင့်ထားခြင်းမရှိတာတွေ့ရပါတယ်။

ပဲတီစိမ်း

---------

ပဲတီစိမ်းကတော့ ရန်ကုန်မှာ အတက်အကျမရှိဘဲ အရင်တစ်ပတ်ကအတိုင်း စျေးဆက်ငြိမ်နေပြီး မန္တလေးစျေးကွက်မှာ ကျရိပ်ပြပါတယ်။ လက်ကျန်မရှိသလောက်နည်းနေပြီး အရောင်းအဝယ်လည်း အေးနေပါတယ်။ 

ရန်ကုန်ဘုရင့်နောင်ဈေးကွက် မှာ ပဲတီစိမ်း(ခရမ်းရွှေဝါ)၊ ပဲခူးရွှေဝါ၊ ဝါးခယ်မတို့က တစ်ပိဿာ ကို ၄၃၃၀ ကနေ ၅၈၅၀ ကြား ပေါက်ဈေးရှိနေပြီး ဈေးငြိမ်​နေတာပါ။

 မန္တလေးဈေးကွက်မှာတော့ ပဲတီစိမ်း(အညာ) အသစ်က သုံးတင်းဝင်တစ်အိတ်ကို ၁၉၀၀၀၀ မှ ၂၄၀၀၀၀ ပေါက်ဈေးရှိပြီး ပြီးခဲ့တဲ့အပတ်နဲ့ယှဉ်ရင် တစ်အိတ်ကို ၅၀၀၀ ကျပ် ဈေးကျဆင်းပါတယ်။ 

မြေပဲ

------

မြေပဲကတော့ ဩဂုတ်လတတိယပတ်လောက်ကစလို့ စျေးတွေဆက်တိုက်ကျဆင်းခဲ့တာ ယခုတစ်ပတ်မှာလည်း စျေးထပ်ကျပါတယ်။ 

စျေးကွက်ထဲကို မြေပဲအသစ်တွေလှိုင်လှိုင်ဝင်ရောက်နေတဲ့အပြင် ဆီစက်တွေကလည်း စျေးချဝယ်နေတာကြောင့် မြေပဲစျေးကွက်ကျနေတာဖြစ်ပါတယ်။

မန္တလေးစျေးကွက်မှာ S1 လုံးဆံက ၈၁၀၀ မှ ၈၅၀၀ ကျပ်၊ မြေပဲအနီလုံးဆံက ၈၀၀၀ မှ ၈၂၀၀ ကျပ်၊ S1 ဆီဆံက ၇၀၀၀ မှ ၇၅၀၀ ကျပ်ရှိပါတယ်။ ဒါကြောင့် မြေပဲဆံစျေးကွက်က အရင်တစ်ပတ်နဲ့ယှဥ်ရင် တစ်ပိဿာကို အမျိုးအစားနဲ့အရည်အသွေးပေါ်လိုက်ပြီး ၅၀၀ မှ ၇၀၀ ကျပ် စျေးထပ်ကျသွားပါတယ်။

ပြောင်း

--------

ပြောင်းဆံစျေးကတော့ ယခုတစ်ပတ်မှာ ရန်ကုန်၊ မန္တလေးစျေးကွက်အားလုံးမှာ စျေးတန်းငြိမ်လာပါတယ်။

ရှမ်းပြည်နယ် အပါအဝင်ဒေသအများစုမှာ ရေကြီးနစ်မြုပ်မှု​ဖြစ်ပွားမှုကြောင့် ပြောင်းဆံတွေအရောင်းနည်းသွားခြင်း၊ ပြည်တွင်းလက်ကျန်နည်းခြင်း၊ ပြည်တွင်းအစာစပ်စက်ရုံတွေကဝယ်လိုအားရှိပေမယ့်လည်း ပြည်ပတင်ပို့မှုလျော့သွားလို့ ပြောင်းဆံစျေးက ထပ်တက်မလာဘဲ ယခင်အတက်စျေးတန်းမှာပဲငြိမ်နေတာဖြစ်ပါတယ်။

ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်မှာ တစ်ပိဿာကို ၁၇၃၀ မှ ၁၇၅၀ ကျပ်နဲ့စျေးငြိမ်နေပါတယ်။ 

မန္တလေးကုန်စည်ဒိုင်စျေးကွက်မှာလည်း ပြောင်း (ဗမာ) က ၅၄ ပိဿာတစ်အိတ်ကို ၈၀၀၀၀ မှ ၈၂၀၀၀ ကျပ်ရှိပြီး ပြောင်း (CP)နဲ့ ပြောင်း (ရှမ်း) ၅၄ ပိဿာကို ၈၃၀၀၀ မှ ၈၅၀၀၀ ကျပ်နဲ့ အရင်အပတ်ကအတိုင်း စျေးငြိမ်ပါတယ်။ 

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်