နယ်စပ်ကုန်သွယ်ရေးလမ်း အခက်အခဲကြောင့် မြေပဲ၊ သခွား၊ ဖရဲနဲ့ နှမ်း အရောင်းအဝယ်အေးကာ ဈေးတွေကျ

24/11/2023 17:00 PM တွင် AMIA AMIA မှ ရေးသား

 

နယ်စပ်ကုန်သွယ်ရေး လမ်းကြာင်းများ ပိတ်ဆို့မှု၏ အကျိုးဆက်ကို ပြည်တွင်းမှ စိုက်ပျိုးထုတ်လုပ်သူများ၊ ကုန်သည်များ ခံစားနေရသည်မှာ အချိန်ကာလတစ်ခုကို ရောက်ရှိလာပါပြီ။ အိမ်နီးချင်းနိုင်ငံများသို့ ပုံမှန် နယ်စပ် ထွက်ပေါက် ကုန်သွယ်ရေး လမ်းကြောင်းများဖြင့် ပို့ကုန်တင်ပို့နိုင်ခြေမရှိချိန်တွင် လမ်းကြောင်းအသစ်များ ရှာဖွေပြီး ကုန်သွယ်ရာတွင်လည်း အချိန်ကြန့်ကြာမှု၊ လမ်းခရီးဝေးကွာလွန်းမှု၊ လမ်းပိတ်ဆို့မှုများအပြင် အခြားအခြားသော စိန်ခေါ်မှုများကလည်း မြန်မာ့လယ်ယာထွက်ကုန်ပို့ကုန်များအပေါ် သက်ရောက်မှု တွေရှိ လာပါတယ်။

စိုက်ပျိုးရေးကို အခြေခံသော နိုင်ငံစီးပွားရေးတွင် အိမ်နီးချင်းနိုင်ငံများသို့ နယ်စပ်ကုန်သွယ်ရေးဖြင့် လယ်ယာထုတ်ကုန်များ တင်ပို့ခြင်းလုပ်ငန်းများ၏ အခန်းကဏ္ဍကလည်း အဓိကကျပါတယ်။

ဆိုတော့ လက်ရှိ နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းများ ပိတ်လာချိန်တွင် မြန်မာ့လယ်ယာထွက်ကုန်များ၏ ဈေးကွက်နှင့် ဈေးနှုန်းများက အကျဘက်ကိုသာ ဦးတည်နေပါတယ်။

မြေပဲ

တရုတ်ကို တင်ပို့မှုရပ်သွားလို့ မြေပဲဈေးကွက်ကဆက်တိုက်ကျဆင်းလာပြီး အရောင်းဝယ်လည်းအေးနေတယ်လို့ ကုန်သည်တွေက ပြောပါတယ်။

လက်ရှိမြေပဲဆံဈေးကွက်က ကုန်စည်ဒိုင်တွေမှာ ၅၃၀၀ ကနေ ၆၀၀၀ တပတ်လည်အထိဈေးရှိပေမယ့်  တောင်သူတွေရောင်းချနေရတဲ့ဈေးကတော့ မြေပဲလုံးဆံနီ၊မြေပဲအဖြူလုံးဆံက ၅၀၀၀ ပတ်လည်သာရှိပြီး ဆီကြိတ်တဲ့ ဆီဆံကတော့ ၄၅၀၀ လောက်ပဲရှိတယ်လို့သိရပါတယ်။

မြေပဲအတောင့်ဈေးကွက်မှာ  နှစ်နေလှန်းထားတဲ့ စက်ကျမြေပဲအနီတောင့်က ၂၅ ပေါင်တစ်တင်းကို ၁၅၀၀၀ ဝန်းကျင်ရှိပြီး မြေပဲအဖြူတောင့် ၂၅ ပေါင် တစ်တင်းကို ၁၆၀၀၀ ရှိပါတယ်။ လှောင်တန်းဝင် မြေပဲအခြောက်တောင့်ကတော့ ၂၄၀၀၀ ကျပ်ကနေ ၂၅၀၀၀ အထိသာရှိတယ်လို့သိရပါတယ်။

ယခုနှစ် မြေပဲစိုက်ပျိုးစရိတ်အနေနဲ့ တစ်ဧကကို ၆ သိန်းမှ ၇ သိန်းခွဲဝန်းကျင်အထိ ရင်းနှီးထားရကြောင်း တောင်သူအချို့ကပြောပါတယ်။

ဖရဲ

ဖရဲသီးက အရင်က မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်ကနေ ဝမ်တိန်ကိုပို့ပါတယ်။ အဲ့လိုပို့ရာမှာ ခရီးစရိတ်သက်သာပြီး လမ်းကြောင်း မြန်ဆန်တဲ့အတွက် အသီးပျက်စီးမှုနည်းပါတယ်။

လက်ရှိမှာ မူဆယ်ကပို့မရတာကြောင့် မိုင်းလား တာလောဂိတ်ကနေတင်ပို့ရတဲ့အခါ လမ်းခရီးကုန်ကျစရိတ်က သိန်း ၁၂၀ ကျော်ကုန်ပြီး လမ်းကြောင်းက ကြာတဲ့အတွက် ဖရဲသီးအရည်အသွေးပျက်ကာ အပယ်သီးများရင် ကားစရိတ်ပင်မရတဲ့အထိ အရှုံးရှိနေတယ်လို့ စိုက်ပျိုးထုတ်လုပ်သူတွေက ပြောဆိုနေကြပါတယ်။

လက်ရှိတရုတ်ဘက်မှာ ဖရဲ တစ်ကီလိုကို အကောင်းဆုံး အသီးက တရုတ်ယွမ်ငွေ ၆ ယွမ်(၁ယွမ် ၄၇၀ကျပ်ဖြင့် ကျပ်၂၈၀၀ ကျော်)မှ ၆.၅ယွမ်(ကျပ်၃၀၀၀ ကျော်)ထိရှိပြီး အလတ်စားအသီးက ၄ ယွမ်(ကျပ် ၁၈၈၀)နဲ့ ၅ယွမ် (ကျပ် ၂၃၅၀) ကားသာရှိတယ်လို့သိရပါတယ်။အရည်အသွေးမကောင်းလို့ ပယ်ခံရတဲ့ ဖရဲသီးကားတစ်စီးလျှင်က  ၁၀ တန် လောက်အထိ ရှိနေတယ်လို့သိရပါတယ်။

သခွားမွှေး

တရုတ်ကုန်သွယ်မှုရပ်လို့ တင်ပို့ရပ်ထားတာကြာပြီဖြစ်တဲ့ ပြည်တွင်းထွက် သခွားမွှေးကိုလည်း ပြီးခဲ့တဲ့ရက်ကစပြီး မိုင်းလား တာလော့ဂိတ်ကနေ စတင် တင်ပို့နေပါတယ်။ သခွားမွေးကလည်း   သယ်ယူပို့ဆောင်ခ တာလော့အရောက်ကို သိန်း ၁၃၀ ကျော်ကုန်ကျပါတယ်။ အပယ်သီးများရင် ရှုံးတယ်လို့သိရပါတယ်။ စိုက်ပျိုးထုတ်လုပ်သူများအတွက် စိန်ခေါ်မှုများသည့် အခြေအနေမျိုးဖြစ်နေပါတယ်။ သခွားမွှေးကတော့ တစ်ကီလို ၄ ယွမ် (ကျပ် ၁၈၈၀)ကနေ ၇ ယွမ် (ကျပ်၃၃၀၀ခန့်) အထိ ဈေးရနေတယ်လို့ သိရပါတယ်။

နှမ်း

နှမ်းမျိုးစုံဈေးကွက်ကလည်း တရုတ်ကိုတင်ပို့နိုင်ခြင်းမရှိလို့ ဈေးတန်းက ပြည်တွင်းတရုတ်ဝယ်လက်ကုန်သည်တွေအပေါ်ပဲ မူတည်နေပါတယ်။ အရင်တပတ်က နှမ်းဈေးကွက်ပြန်တက်လာပြီး ခုတပတ်မှာ ပြန်ကျသွားပါတယ်။ တရုတ်ဝယ်လက်တွေက အက်ဆစ်လွတ်တဲ့ နှမ်းကိုပဲရွေးချယ်ဝယ်ယူနေကြတာဖြစ်ပါတယ်။

မန္တလေးဈေးကွက်မှာ နှမ်းဖြူ ရိုးရိုးက ၄၅ ပိဿာကို အမြင့်ဆုံး ၃၅၀၀၀၀ ရှိရာကနေ ၃၄၅၀၀၀ ကျပ်ကို ပြန်ကျသွားသလို နှမ်းနက် စမုံကတော့ ၄၅ ပိဿာကို အရင်တပတ်ကဈေးတန်း ၃၅၅၀၀၀ ကျပ်မှာပဲရှိနေပါတယ်။ လက်ရှိမှာ နှမ်းအသစ်တွေ ဈေးကွက်ထဲကို ဝင်ရောက်နေပြီဖြစ်ပါတယ်။

ပြောင်း

ပြည်တွင်းကထွက်ရှိတဲ့ ပြောင်းဆံကလည်း  တရုတ်နယ်စပ်ကုန်သွယ်ရေးဂိတ်တွေကနေ ကုန်သွယ်မှုရပ်သွား ပြီး လက်ရှိ မိုင်းလား တာလော့ကနေ တစ်ရက်ကို တန် ၁၀၀ လောက်သာ တင်ပို့မှုရှိနေပါတယ်။ တရုတ်ဘက်က မှောင်ခိုဝယ်ယူတာဖြစ်လို့ ပြောင်းဆံကို ပမာဏများများရောင်းချလို့မရသလို မြန်မာဘက်က လမ်းကြောင်းအခြေနေကလည်း ခက်ခဲတာကြောင့် အနည်းငယ်ပဲတင်ပို့ရောင်းချနေရတယ်လို့သိရပါတယ်။

ဒါကြောင့် ပြောင်းဆံကို ပြည်တွင်းကမွေးမြူရေး အစာစပ်စက်ရုံတွေကိုပဲ အဓိကရောင်းချနေကြရလို့ ဈေးတန်းက တန့်နေပါတယ်။လက်ရှိမှာ ပြောင်းဆန် အသစ်တွေပေါ်ပြီး ဈေးကွက်ထဲကိုဝင်ရောက်နေပြီး အစာစပ်စက်ရုံတွေကတော့ အဟောင်းနဲ့အသစ်ကို ရောသုံးနေကြတာဖြစ်တယ်လို့သိရပါတယ်။

ရန်ကုန်ဈေးကွက်မှာ ပြောင်းဆံက ၁၀၇၀ကျပ် ကနေ ၁၀၉၀ ကျပ်အထိရှိပြီး မန္တလေးကုန်စည်ဈေးကွက်မှာက တစ်ပိဿာကို ၉၄၄ ကျပ်မှ ၉၈၁ ကျပ်သာရှိနေပါတယ်။ 

Chit Khon Cho (AMIA )

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 

 


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်