ယခုတစ်ပတ်အတွင်း စျေးနှုန်းအပြောင်းအလဲဖြစ်ပေါ်ခဲ့သည့်သီးနှံများ

12/10/2018 16:29 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

(၈.၁၀.၂၀၁၈ မှ ၁၂.၁၀.၂၀၁၈)ထိ

ဆန်၊ စပါး

လက်ရှိမှာ ဆန်ဟောင်းတွေက ဈေးကွက်ထဲကို လက်ကျန်နည်းပြီး အဝင်လည်းနည်းလာ ပါတယ်။ မိုးစပါးအသစ်တွေ ဝင်ရောက်လာတော့မှာ ဖြစ်တဲ့အတွက် လက်ကျန်ဆန်စပါးတွေက ဈေးကတက် နေခဲ့ပါတယ်။ အရောင်းအဝယ်ကတော့ ပုံမှန်ရှိနေပြီး ဆန်ချောက ဆန်ကြမ်းထက်ဈေးပိုတက်နေတာကိုလည်း တွေ့ရပါတယ်။

ရန်ကုန်ဈေးကွက်မှာတော့ ဒီတစ်ပတ်မှာ ရွှေဘိုပေါ်ဆန်းက က တစ်အိတ်ကို ၁၀၀၀ ဈေးတက်ခဲ့ပြီး ၆၁၀၀၀ ကနေ ၆၃၀၀၀ ပေါက်ဈေးရှိနေပါတယ်။ အခြား ဆန်တွေကတော့ ဈေးငြိမ်နေပါတယ်။

ပုသိမ်ဈေးကွက်မှာတော့ ပထမတန်းစား စပါးနဲ့ဆန်တွေ ဈေးတက်ခဲ့ပြီး ဒုတိယတန်းစား စပါးနဲ့ဆန်ကတော့ ဈေးငြိမ်နေပပါတယ်။

ဧရာဝတီပေါ်ဆန်းစပါးက တင်း ၁၀၀ ကို ၁၃၅၈၀၀၀ ကျော်ပေါက်ဈေးရှိပြီး တင်း ၁၀၀ ကို ၄၀၀၀၀ ကျော်ဈေးတက်ခဲ့ပါတယ်။ ဆန်ကတော့ တစ်တင်းခွဲကို ၅၄၅၀၀ ပေါက်ဈေးရှိပြီး ၂၅၀၀ ကျပ်ဈေး တက်လာပါတယ်။

ပေါ်ဆန်းရင်ကတာ့ တင်း ၁၀၀ ကို ၁၂၇၀၀၀၀ ကျော်ရှိပြီး ၅၀၀၀၀ ကျော်ဈေးတက်လာပါတယ်။ ဆန်ကတော့ တစ်တင်းခွဲကို ၂၀၀၀ တက်လာပြီး ၅၁၀၀၀ ပေါက်ဈေးရှိပါတယ်။ 

ဖျာပုံပေါ်ဆန်းကတော့ တင်း ၁၀၀ ကို ၁၃၁၄၀၀၀ ကျော်ရှိပြီး တင်း ၁၀၀ကို ၈၀၀၀၀ နီးပါးဈေးတက်လာခဲ့ပါတယ်။ ဆန်ကတော့ တစ်တင်းခွဲကို ၂၀၀၀ တက်လာပြီး ၅၄၀၀၀ ပေါက်ဈေးရှိပါတယ်။

မတ်ပဲ (FAQ/RC)

မတ်ပဲကတော့ ရန်ကုန်ဈေးကွက်မှာ ဒီတစ်ပတ်အမြင့်ဆုံးဈေး သုံးတင်းဝင်တစ်အိတ်ကို ၅၈၀၀၀ ကျော်အထိ ဈေးတက်လာခဲ့ပါတယ်။ ပဲအသစ်တွေလည်း ထွက်တော့မှာ ဖြစ်သလို လက်ကျန်ပဲတွေက နည်းနေတဲ့အတွက် ဈေးကတက်လာခဲ့တာလည်း ဖြစ်ပါတယ်။ 

တောင်သူတွေကလည်း ဈေးအမြင့်ကို ဆက်လက်စောင့်နေပြီး လက်ကျန်ပဲတွေကို ထုတ်မရောင်းသေးတာတွေကိုလည်း တွေ့ရပါတယ်။ လက်ကျန်ပဲတွေကို ထုတ်ရောင်းတဲ့အချိန်မှာတော့ ဈေးကပြန်လည်ကျဆင်းသွားပြီး ကုန်သည်အချို့ ဈေးကစားနေတာကိုလည်တွေ့ရပါတယ်။ လက်ရှိမတ်ပဲကို အိန္ဒိယနိုင်ငံအပြင် တရုတ်ကပါ အဝယ်ရှိနေပြီး အရောင်းအဝယ်ကတော့ အရင်လောက် မများပေမယ့် သွက်နေတယ်လို့ ပြောလို့ရပါတယ်။

ပဲကုန်သည်များအသင်းကတော့ မတ်ပဲအသစ်တွေ မကြာခင်ထွက်ရှိတော့မှာ ဖြစ်လို့ အဟောင်းတွေကို ရောင်းချရာမှာ ကုန်သည်တွေအနေနဲ့တိုက်ရိုက်ရောင်းချကြရန်၊လက်ဆင့်ကမ်းရောင်းချချင်း မပြုလုပ်ရန် သတိပေးထားပြီးလက်ဆင့်ကမ်းရောင်းချပါက အရေးယူသွားမယ်လို့ အောက်တိုဘာ လ ၈ ၇က်နေ့က ထုတ်ပြန်ချက်ထုတ်ထားပါတယ်။ မန္တလေးဈေးကွက်မှာလည်း မတ်ပဲက တစ်အိတ်ကို အမြင့်ဆုံးဈေး ၅၈၀၀၀ အထိ ရရှိနေပြီး ရန်ကုန်ဈေးကွက်မှာလည်း အမြင့်ဆုံးဈေး ၅၇၀၀၀ အထိ ဈေးရရှိနေပါတယ်။ မုံရွာကုန်စည်ဒိုင်ဈေးကွက်မှာလည်း တစ်အိတ်ကို ၅၇၀၀၀ ရှိပြီး တစ်အိတ်ကို ၂၅၀၀ ကျပ်ဈေးတက်လာပါတယ်။ ပြည်ကုန်စည်ဒိုင်မှာလည်း တစ်အိတ်ကို ၆၀၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၆၀၀၀ ကျပ်ဈေးတက်လာပါတယ်။

ပဲစင်းငုံနီ

ပဲစင်းငုံနီကတော့ ရန်ကုန်ဈေးကွက်မှာ အတက်ဈေးနဲ့ ဈေးနှစ်ရက်သာဖွင့်ခဲ့ပြီး ကျန်ရက်တွေမှာ ဈေးမဖွင့်ခဲ့ပါဘူး။ နယ်ဈေးကွက်တွေမှာတော့ အရောင်းအဝယ်က ပုံမှန်ဖြစ်နေပြီး ဈေးတက်နေတာကိုလည်းတွေ့ရပါတယ်။

လက်ရှိမှာ အခြားပဲတွေက ဈေးကျဆင်းနေခဲ့ပေမယ့် လက်ကျန်နည်းလာလို့ အရောင်းအဝယ်ပြန်သွက်လာခဲ့ပြီး ဈေးကအနည်းငယ်တက်လာခဲ့တာလည်း ဖြစ်ပါတယ်။

မုံရွာဈေးကွက်မှာ ပဲစင်းငုံနီက တစ်တင်းကို ၁၄၂၅၀ နဲ့တစ်တင်းကို ၄၀၀ ကျပ်ဈေးတက်လာခဲ့ပါတယ်။ပခုက္ကူ ကုန်စည်ဒိုင်မှာတော့ ၁၄၆၀၀ နဲ့ တစ်တင်းကို ၁၂၀၀ ကျပ်ဈေးတက်လာခဲ့ပြီး ပြည်ကုန်စည်ဒိုင်မှာတော့ တစ်တင်းကို ၁၃၅၀၀ နဲ့ တစ်တင်းကို ၅၀၀ ကျပ်ဈေးတက်လာခဲ့ပါတယ်။

ပဲပုတ်

ပဲပုတ်ကတော့ ဒီတစ်ပတ်မှာ ဈေးကျဆင်းသွားခဲ့ပါတယ်။ လက်ကျန်နည်းလာပြီဖြစ်သလို အသစ်တွေကလည်း မကြာခင်ဝင်ရောက်တော့မှာဖြစ်တဲ့အတွက် ဈေးက ပြန်ကျဆင်းသွားတာလည်း ဖြစ်ပါတယ်။

မုံရွာကုန်စည်ဒိုင်မှာတော့ ပဲပုတ်က တစ်တင်းကို ၂၆၄၀၀ နဲ့ ၃၅၀ ကျပ်၊ မြင်းခြံကုန်စည်ဒိုင်မှာတော့ တစ်တင်းကို ၂၈၅၀၀ နဲ့ ၅၀၀ ကျပ်၊ ပြည်ကုန်စည်ဒိုင်မှာတော့ ၂၆၆၀၀ နဲ့ ၂၀၀ ကျပ် အသီးသီးဈေးကျဆင်းသွားခဲ့ပါတယ်။

ကြက်သွန်နီ

ကြက်သွန်နီကတော့ ဒီတစ်ပတ်မှာလည်းဈေးကပြန်ကျဆင်းသွားပါတယ်။ ကြက်သွန်ဈေးတွေ တက်နေတဲ့အတွက် အဝယ်က အေးသွားပြီးဈေးက ကျဆင်းသွားပါတယ်။ နေ့စဉ် ပိသာချိန်ပေါင်း ၃၀၀၀၀ ကနေ ၅၀၀၀၀ ကြားသာ ဝင်ရောက်နေပေမယ့် ဈေးကတော့ ကျဆင်းသွားပါတယ်။

ပခုက္ကူကုန်စည်ဒိုင်မှာတော့ တစ်ပတ်အတွင်း ၉၀၀ ကနေ ၁၀၀၀ ရှိပြီး တစ်ပတ်အတွင်း ၅၀ ကျပ်၊ မြင်းခြံကုန်စည်ဒိုင်မှာတော့ တစ်ပတ်အတွင်း ၉၀၀ ကနေ ၁၀၅၀ ရှိပြီး ၅၀ ကျပ် ဈေးကျဆင်းသွားပါတယ်။ ရန်ကုန်ဈေးကွက်မှာတော့ တစ်ပိဿာကို ၅၀ ကျပ် တက်လာပြီး ၉၅၀ ကနေ ၁၃၀၀ ကျပ်ပေါက်ဈေးရှိပါတယ်။

ဝတ်ရည်မွန်(AMIA)

 


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်