ယခုတစ်ပတ်အတွင်း စျေးနှုန်းအပြောင်းအလဲဖြစ်ပေါ်ခဲ့သည့်သီးနှံများ

14/12/2018 16:14 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

(၁၀.၁၂.၂၀၁၈ မှ ၁၅.၁၂.၂၀၁၈)ထိ

မတ်ပဲ (FAQ/RC)

မတ်ပဲကတော့ ဒီတစ်ပတ်မှာ ဈေးအတက်အကျ တည်ငြိမ်မှုမရှိတာကို တွေ့ရပါတယ်။ အိန္ဒိယနိုင်ငံရဲ့ ခဏခဏ ပြောင်းလဲနေတဲ့ မူဝါဒအချို့ကြောင့် ပဲဈေးနှုန်းတွေကလည်း တည်ငြိမ်မှုမရှိသလို ပြည်တွင်းမှာလည်း ငွေလဲလှယ်နှုန်းဈေးတွေ ပြောင်းလဲမှုကြောင့် ပဲဈေးက မှန်းမရအောင်ဖြစ်နေပါတယ်။

ဒီတစ်ပတ်မှာ အိန္ဒိယသမ္မတ မြန်မာနိုင်ငံကို ရောက်ရှိလာခဲ့ပြီး မြန်မာနိုင်ငံမှ ပဲမျိုးစုံတင်ပို့နိုင်ရေးအတွက် သီးသန့်ကိုတာ (Quota) ခွင့်ပြုရန် စိုက်ပျိုးရေး၊ မွေးမြူရေးကဏ္ဍများတွင် အကူအညီပေးရေးတို့အပါအဝင် နှစ်နိုင်ငံကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ရေးတို့ကို ဆွေးနွေးခဲ့ကြပါတယ်။

အဆိုပါဆွေးနွေးမှုနဲ့ ပတ်သတ်ပြီး တောင်သူတွေအနေနဲ့လည်း မျှော်လင့်ချက် ရှိလာသလို ငွေလဲလှယ်နှုန်း ဈေးတွေကလည်း ပြန်တက်လာတဲ့အတွက် ပြီးခဲ့တဲ့ အပတ်က ရုတ်တရက် ကျဆင်းသွားတဲ့ ပဲဈေးကလည်း အနည်းငယ် ပြန်တက်လာခဲ့ပါတယ်။ လက်ရှိမှာ ပဲဝယ်ယူမှုကတော့ ပုံမှန်ရှိနေပြီး နယ်ကုန်စည်ဒိုင်တွေမှာလည်း ပဲအသစ်တွေပေါ်လာတဲ့အတွက် ဈေးကတော့ အတက်အကျရှိနေခဲ့ပါတယ်။

ပြီးခဲ့တဲ့အပတ်က ဈေးကျဆင်းခဲ့တဲ့ မတ်ပဲက ဒီတစ်ပတ်မှာတော့ ဈေးပြန်တက်လာခဲ့ပြီး တစ်တန်ကို ၈ သိန်းကျော်အထိ ပေါက်ဈေးရှိခဲ့ပါတယ်။ မုံရွာကုန်စည်ဒိုင်မှာတော့ တစ်တင်းကို ၂၄၀၀၀ နဲ့ ၅၀၀ ကျပ်၊ ပြည်ကုန်စည်ဒိုင်မှာတော့ တစ်တင်းကို ၂၆၀၀၀ နဲ့ ၂၀၀၀ ကျပ်ဈေးကျဆင်းသွားခဲ့ပါတယ်။

ပဲစင်းငုံနီ

ပဲစင်းငံနီုကတော့ ဒီတစ်ပတ်မှာလည်း ဈေးကကျဆင်းသွားခဲ့ပါတယ်။ အဟောင်းတွေကိုသာ အရောင်းအဝယ်ဖြစ်နေပြီး ကွန်တင်နာအနည်းငယ်သာ ပြည်ပကိုတင်ပို့နေတာဖြစ်ပါတယ်။ အချို့ ရက်တွေမှာ ဈေးကွက်မဖွင့်တာကိုလည်း တွေ့ရပါတယ်။ 

ပြီးခဲ့တဲ့အပတ်က ငွေဈေးကြောင့် ရုတ်တရက်ဈေးကျဆင်းခဲ့ပေမယ့် ဒီတစ်ပတ် ငွေဈေးပြန်တက်လာခဲ့ပေမယ့် ပဲဈေးကတော့ တက်လာမတွေ့ရပဲ ထပ်ပြီးဈေးက ကျဆင်းသွားခဲ့ပါတယ်။ အိန္ဒိယနိုင်ငံရဲ့ ရာသီဥတုကြောင့် အထွက်နှုန်းကျဆင်းနိုင်တဲ့အတွက် ပဲစင်းငုံနီက ဈေးတက်နိုင်ခြေရှိတယ်လို့ သုံးသပ်ထားတဲ့ အတွက် တောင်သူတွေကလည်း ပဲစင်းငုံနီကို ထုတ်ရောင်းတာ မတွေ့ပဲ ဈေးကို ဆက်စောင့်နေတာလည်း ရှိပါတယ်။ အချို့ တောင်သူတွေကတော့ ဒီထက် ကျဆင်းသွားမှ စိုးတဲ့အတွက် ရတဲ့ဈေးနဲ့ ထုတ်ရောင်းနေပါတယ်။

တောင်သူအများဆုကတော့ ဈေးကျချိန်မှာ ကုန်သည်တွေ ဈေးကစားတာ ဖြစ်တယ်လို့ မှတ်ချက်ပြုကြပါတယ်။ လက်ရှိမှာ မူဝဒါမတည်ငြိမ် ငွေဈေးမတည်ငြိမ်မှုတွေကြောင့် ပြည်တွင်း ပဲဈေးတွေလည်း မငြိမ်တာတွေ့ရပါတယ်။ ဒီတစ်ပတ်မှာ ပဲစင်းငုံနီက ရန်ကုန်ဈေးကွက်မှာ တစ်တန်ကို ငွေကျပ် ၄ သောင်းလောက် ကျဆင်းသွားခဲ့ ပြီး ၇၅၀၀၀၀ နဲ့ တင်ပို့မှု ရှိပါတယ်။ မုံရွာဈေးကွက်မှာတော့ ၂၃၅၀၀ နဲ့ ဈေးငြိမ်နေပါတယ်။ ပခုက္ကူကုန်စည်ဒိုင်မှာ တစ်တင်းကို ၂၅၃၀၀ ပေါက်ဈေးရှိပြီး တစ်တင်းကို ၆၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။ ပြည်ကုန်စည်ဒိုင်မှာတော့ တစ်တင်းကို ၂၄၀၀၀ နဲ့ ၁၀၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။

ပဲတီစိမ်း

ပဲတီစိမ်းကတော့ အခြားပဲတွေ ဈေးကျဆင်းနေပေမယ့် တရုတ်နိုင်ငံက လက်ရှိအများအပြားဝယ်ယူနေတဲ့အတွက်ကြောင့် ဈေးက တက်နေတာတွေ့ရပါတယ်။ ပဲတီစိမ်းကို  တရုတ်က ပုံမှန်ဝယ်ယူနေတဲ့အတွက် ငွေဈေးအပြောင်းအလဲ ဖြစ်လည်း သိသာတဲ့ ဈေးနှုန်းက သိသာစွာ ကျဆင်းတာမျိုးမရှိခဲ့ပါဘူး။

မုံရွာဈေးကွက်မှာ ပဲတီစိမ်း(ကြီး၊သေး)က တစ်တင်းကို ၂၉၅၀၀ ကနေ ၃၃၀၀၀ ပေါက်ဈေးရှိပြီး တစ်တင်းကို ၂၀၀၀ ကျော်ဈေးတက်လာပါတယ်။ မြင်းခြံကုန်စည်ဒိုင်မှာတော့ တစ်တင်းကို ၂၈၀၀၀ ရှိြပီးတစ်တင်းကို ၁၀၀၀ ကျပ်ဈေးတက်လာပါတယ်။ ပခုက္ကူကုန်စည်ဒိုင်မှာလည်း တစ်တင်းကို ၃၂၀၀၀ ရှိပြီး တစ်တင်းကို ၅၀၀ ကျပ်ဈေးတက်လာပြီး နေပြည်တော်မှာလည်း  တစ်တင်းကို ၃၆၆၀၀ နဲ့ ၁၇၀၀ ကျပ်ဈေးတက်လာပါတယ်။ ပြည်ကုန်စည်ဒိုင်မှာလည်း တစ်တင်းကို ၃၅၅၀၀ ကျပ် နဲ့ ၅၀၀ ကျပ်ဈေးတက်လာပါတယ်။

စားအုန်းဆီ

စားအုန်းဆီကတော့ ဆက်တိုက်ကို ဈေးကျဆင်းနေခဲ့ပါတယ်။ ပြီးခဲ့တဲ့ နှစ်လအတွင်းတစ်ပိဿာကို ၂၀၀ နီးပါး ဈေးကျဆင်းခဲ့တာလည်း ဖြစ်ပါတယ်။ ကမ္ဘာ့စားအုန်းဆီတင်ပို့မှုအများဆုံး နိုင်ငံဖြစ်တဲ့ အင်ဒိုနီးရှားနိုင်ငံမှာပါ ဈေးအရမ်းကျဆင်းနေခဲ့တာလည်း ဖြစ်ပါတယ်။

စားအုန်းဆီကို ဇီဝလောင်စာမှာ အသုံးပြုနေတာဖြစ်တဲ့အတွက် စားအုန်းဆီဈေးကျဆင်းမှုကလည်း ရေနံစိမ်းအပေါ်မှာ များစွာ မူတည်နေပါတယ်။ ထို့ပြင် စားအုန်းဆီနှင့်အပြိုင် အခြား ဟင်းသီးဟင်းရွက်ဆီ၊ ပဲပုတ်ဆီတို့နဲ့လည်းဈေးကွက် ဝေစုခွဲယူနေရတဲ့အတွက် စားအုန်းဆီက မထင်မှတ်လောက်အောင်ကို ကျဆင်းသွားခဲ့တာလည်း ဖြစ်ပါတယ်။ စားအုန်းဆီက ပြည်ပမှာသာမက ပြည်တွင်းမှာလည်း ဈေးကကျဆင်းနေခဲ့တာလည်း ဖြစ်ပါတယ်။ ပြည်ပကနေ အများအပြားဝင်ရောက်နေတဲ့ ဆီတွေကြောင့် စားအုန်းဆီစားသုံးမှု လျော့ကျနေပြီး ဈေးကလည်း ကျဆင်းနေခဲ့ပါတယ်။ မြင်းခြံကုန်စည်ဒိုင်မှာတော့ တစ်ပိဿာကို ၁၆၀၅ ကျပ်၊ နေပြည်တော်ကုန်စည်ဒိုင်မှာတော့ တစ်ပိဿာကို ၁၈၀၀ နဲ့ ဈေးငြိမ်နေပြီး ပခုက္ကူကုန်စည်ဒိုင်မှာတော့ တစ်ပိဿာကို ၁၅၇၀ နဲ့ ၁၀ ကျပ်၊ ပြည်ကုန်စည်ဒိုင်မှာတော့ တစ်ပိဿာကို ၁၅၃၅ နဲ့ ၆၅ ကျပ် ဈေးကျဆင်းသွားခဲ့ပါတယ်။

နှမ်းမျိုးစုံ

ဒီတစ်ပတ်မှာတော့ နှမ်းမျိုးစုံက ဈေးအတက်အကျတည်ငြိမ်မှု မရှိပါဘူး။ နှမ်းအသစ်တွေကလည်း ဝင်လာပြီဖြစ်တဲ့အတွက် အဟောင်းလက်ကျန်တွေ မရှိသလောက် နည်းသွားပါပြီ။ တရုတ်အဝယ်ကတော့ ပုံမှန်ရှိနေတဲ့ အတွက် အရောင်းအဝယ်ကတော့ လက်ရှိမှာ ပုံမှန်ရှိနေပါတယ်။

နှမ်းဖြူ

မန္တလေးဈေးကွက်မှာ နှမ်းဖြူက တစ်အိတ်ကို ၁၆၄၀၀၀ ကနေ ၁၆၆၀၀၀ ထိ ဈေးက ကျဆင်းသွားခဲ့ပါတယ်။ တစ်ပတ်အတွင်း တစ်အိတ်ကို ၁သောင်းနီးပါးဈေး ကျဆင်းသွားခဲ့တာပါ။

နှမ်းနက်

နှမ်းနက် ကလည်း အတူတူပါပဲ။ တစ်အိတ်ကို ၂၀၀၀၀၀ ရှိပြီး တစ်ပတ်အတွင်းတစ်အိတ်ကို ၂ သောင်းနီးပါး ဈေးကျဆင်းသွားပါတယ်။

နှမ်းနက်(စမုံ)

နှမ်းနက်(စမုံ)ကလည်းဈေးကျဆင်းသွားခဲ့ပါတယ်။ တစ်အိတ်ကို ၁၀၀၀၀ ကျော်ဈေးကျဆင်းသွားခဲ့ပြိး လက်ရှိက တစ်အိတ်ကို ၂၀၀၀၀၀ ကနေ ၂၃၀၀၀၀ ကျော်ရှိပါတယ်။

ဝတ်ရည်မွန်(AMIA)

 

 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ပြောင်ခင်းမှာ ပေါင်းရှင်းဖို့ ဘူဒိုဇာ လာပြီ ဒိုး... ပြောင်းခင်း စိုက်နေရင်း ပေါင်းခင်းမဖြစ်သွားရအောင် မအပ်စပ်တဲ့ ပေါင်းတွေအကုန်ဒိုးဖို့ "ဘူဒိုဇာ" လာပြီဗျို့။ ပြောင်းခင်းထဲက ပေါင်းတွေကို အမြစ်ပြတ် သုတ်သင်ပေးမယ့် အစွမ်းထက်ထက် ဆေးတစ်လက် ဆိုရင် ပေါင်းမနိုင်ခင် "ပြောင်း" နိုင်ဖို့ ပြောင်းအထူး ရွေးချယ်ပေါင်းသတ်ဆေး "ဘူဒိုဇာ" နဲ့ဆိုရင် ဘယ်ပေါင်းတွေ ခံနိုင်ပါ့မလဲ? အဓိကပေါက်တတ်တဲ့ "မြေဇာ၊ မြက်ယား၊ ဆင်ငို၊ လက်သဲခွ၊ ဝမ်းဘဲစာ၊ လေးခွမြက်၊ ဝက်ကျွတ်၊ တောဟင်းနုနွယ်၊ မှိုချဥ်၊ ဟင်းဂလာ၊ ခွေးသေးပန်း၊ ဗောက်ပင်၊ ဗောက်လောက်ညို၊ ဆေးပုလဲ၊ ပရန္နဝါ၊ မြက်မုန်ညင်း" တို့ကို အမြစ်ပြတ် အထူးနှိမ်နင်းဖို့ "ဘူဒိုဇာ" ရှိရင် စိတ်သာချလိုက် ဦးကြီးတို့ရေ။ ပြောင်းဖူးပင် တစ်လသားမပြည့်မီ ပေါင်းအရွက် (၂-၄) ရွက် ထွက်ချိန်မှာ အချိန်မှန်မှန်နဲ့ မြန်မြန် သုံးထားဖို့ပဲ တိုက်တွန်းလိုက်ချင်တယ်ဗျ။ လက်မနှေးဘဲ အခုပဲ ပြောင်းခင်းထဲကပေါင်းတွေ "ဘူဒိုဇာ" နဲ့ ရှင်းလိုက်ရအောင်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်