တစ်ပတ်အတွင်း လယ်ယာထွက်ကုန် သီးနှံစျေးကွက်နှိုင်းယှဉ်သုံးသပ်ချက်

24/06/2019 11:46 AM တွင် AMIA AMIA မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

ဆန်၊စပါး

ဒီတစ်ပတ်မှာတော့ ဆန်ဈေးက တက်လာခဲ့ပါတယ်။ တရုတ်နိုင်ငံကို ဘာတာစနစ်နဲ့ တန်ချိန်တစ်သောင်းကျော်တင်ပို့ခွင့်ရခဲ့ပြီး ဈေးကတက်လာခဲ့တာလည်းဖြစ်ပါတယ်။ ထို့ပြင် ရန်ကုန်ကအဝယ်လိုက်တဲ့အပြင် အညာဒေသတွေကို ကိုယ်တိုင်တင်ပို့ရောင်းချမှုတွေကြောင့် ဈေးကတစ်ဖြေးဖြေး တက်လာတာဖြစ်တယ်လို့သိရပါတယ်။ ရန်ကုန်ဝါးတန်းကုန်စည်ဒိုင်မှာ ပေါ်ဆန်းရှယ်က တစ်အိတ်ကို ၃၈၀၀၀ ကနေ ၄၀၀၀၀ ပေါက်ဈေးရှိပြီး ၁၀၀၀ ကျပ်၊ မြောင်းမြပေါ်ဆန်းက တစ်အိတ်ကို ၄၂၀၀၀ ကနေ ၄၄၀၀၀ ပေါက်ဈေးရှိပြီး ၂၀၀၀ ကျပ်အသီးသီး ဈေးတက်လာပါတယ်။ ဆန်ကြမ်းဖြစ်တဲ့ နွေသီးထပ်ကတော့ ၁၉၈၀၀ ကနေ ၂၀၃၀၀ ပေါက်ဈေးရှိပြီး ၃၀၀ ကျပ်၊ ရက် ၉၀ ဆန်က တစ်အိတ် ကို ၂၁၀၀၀ ကနေ ၂၃၅၀၀ ကျပ် ရှိပြီး ၅၀၀ ကျပ် အသီးသီးဈေးတက်လာခဲ့ပါတယ်။ ကြားပျံကတော့  တစ်အိတ်ကို ၃၈၅၀၀ ကနေ ၄၂၀၀၀ ပေါက်ဈေးရှိပြီး ၂၀၀၀ ကျပ် ဈေးကျဆင်းသွားခဲ့ပါတယ်။ ရန်ကုန်ဈေးကွက်မှာ ဆန်ချောက အဝင်နည်း အရောင်းအဝယ်ပုံမှန်ရှိနေပြီး အကြမ်းတွေကတော့ အရောင်းအဝယ်ကောင်း ဈေးတက်နေတဲ့အခြေအနေဖြစ်ပါတယ်။ ပုသိမ်ဈေးကွက်မှာလည်း စပါးဈေးရော ဆန်ဈေးရောတက်လာခဲ့ပါတယ်။ ပြီးခဲ့တဲ့အပတ်ကအထိ အကျဈေးနဲ့ ရှိခဲ့ပေမယ့် ဒီတစ်ပတ်မှာ ဈေးက ပြန်တက်လာခဲ့တာလည်းဖြစ်ပါတယ်။ မြောင်းမြ ဧည့်မထစပါးကတော့ တင်း ၁၀၀ ကို ၅၉၀၀၀၀ ပေါက်ဈေးရှိပါပြီ ၂၀၀၀၀ ကျပ်၊ဒေးဒရဲဧည့်မထစပါးက ကတော့ တင်း ၁၀၀ ကို ၅၅၂၀၀၀ ပေါက်ဈေးရှိပြီး ၁၉၀၀၀ ကျပ်၊ ဖျာပုံဧည့်မထစပါးကတော့ တင်း ၁၀၀ ကို ၅၅၂၀၀၀ ပေါက်ဈေးရှိပြီး ၁၉၀၀၀ ကျပ် အသီးသီးဈေးတက်လာခဲ့ပါတယ်။ ဧည့်မထ(မြောင်းမြ၊ဒေးဒရဲ၊နဲ့ ဖျာပုံဆန်တို့ကတော့ တစ်တင်းခွဲ တစ်အိတ်ကို ၂၃၀၀၀ ကျပ်ရှိပြီး ၁၀၀၀ ကျပ် ဈေးတက်လာခဲ့ပါတယ်။

ပုသိမ်ပေါ်ဆန်း(စပါး)ကတော့ တင်း ၁၀၀ ကို ၉၂၀၀၀၀ ကျပ်ဖရှိပြီး ၃၀၀၀၀ ကျပ် ၊မြောင်းမြပေါ်ဆန်  းစပါးကတော့ တင်း ၁၀၀ ကို ၉၀၂၀၀၀ ကျပ်ရှိပြီး ၉၀၀၀ ကျပ် ဈေးတက်လာပြီး မြောင်းမြဆန်ကတော့ တစ်အိတ်ကို ၄၃၀၀၀ နဲ့ ၁၀၀၀ ကျပ်ဈေးတက်လာပါတယ်။

မတ်ပဲ (FAQ/RC)

မတ်ပဲကတော့ ဒီတစ်ပတ်မှာ ဈေးတက်လာခဲ့ပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းက အိန္ဒိယအစိုးရ နဲ့ မြန်မာအစိုးရတွေ့ဆုံခဲ့ပြီး ကျန်ရှိသည့် ပဲတန်ချိန် ၂ သိန်းခန့်ကို ၄ လအတွင်း ဝယ်ယူဖို့ သဘောတူညီချက် ချခဲ့ပါတယ်။

လက်ရှိမှာ ဈေးတက်တယ်ဆိုပေမယ့် အိန္ဒိယနိုင်ငံမှာ ငွေကြေးဈေးတွေ ကျဆင်းနေတဲ့အပြင် ဈေးထိုး တက်သွား မှာစိုး တဲ့အတွက် ပဲဈေးကို ထိန်းနေတာဖြစ်တဲ့အတွက် အရမ်းကြီးတော့ ဈေးက တက်နိုင်ခြေမရှိ ဘူးလို့လည်းကု န်သည်တွေက ဆိုပါတယ်။ ရန်ကုန်ဈေးကွက်မှာ မတ်ပဲက တစ်တန်ကို ၈၈၀၀၀၀ အထိ တက်ခဲ့ပေမယ့် အနည်းငယ်ပြန်ကျပြီး ဈေးက ငြိမ်သွားပါတယ်။ မုံရွာကုန်စည်ဒိုင်မှာတော့ တစ်တင်းကို ၂၄၂၅၀ ကျပ်ရှိပြီး ၂၅၀ ကျပ်၊ နေပြည်တော်ကုန်စည်ဒိုင်မှာ ၂၈၃၀၀ ရှိပြီး ၃၀၀ ကျပ်၊ပြည်ကုန်စည်ဒိုင်မှာတော့ ၂၈၈၀၀ ရှိပြီး ၆၀၀ ကျပ် ဈေးတက်လာပါတယ်။

ပဲစင်းငုံနီ

ပဲစင်းငုံနီကတော့ ဒီတစ်ပတ်မှာ ဈေးအနည်းငယ်ကျဆင်းသွားပါတယ်။လက်ရှိမှာ အိန္ဒိယရဲ့ ဈေးထိန်းဝယ်ယူမှုတွေ ကြောင့် ဈေးက ဆက်မတက်လာတော့ပဲ ၉၅၀၀၀၀ အတွင်းဈေးက ငြိမ်နေပါတယ်။ ကုန်သည်တွေကတော့ ၁၀ သိန်းအထိ ဈေးတက်လာနိုင်မယ်လို့ ပြောဆိုမှုတွေရှိပါတယ်။ ရန်ကုန်ဈေးကွက်မှာတော့ဒီတစ်ပတ်မှာ တစ်တန်ကို ၉၅၀၀၀၀ ကျော်အထိ ဈေးတက်လာခဲ့ပြီး ပြန်ကျဆင်းသွားပါတယ်။

မုံရွာကုန်စည်ဒိုင်မှာတော့ တစ်တင်းကို ၃၄၅၀၀ ကျပ်နဲ့ ၅၀၀ ကျပ်၊ ပခုက္ကူကုန်စည်ဒိုင်မှာတော့ ၃၁၅၀၀၀ ကျပ် နဲ့ ၂၀၀ ကျပ် ဈေးတက်လာပြီး ပြည်ကုန်စည်ဒိုင်မှာတော့ တစ်တင်းကို ၃၃၀၀၀ ကျပ် နဲ့ ၅၀၀ ကျပ် ဈေးကျဆင်းသွား ပါတယ်။

ပဲလွန်းပြာ

ပဲလွန်းပြာကတော့ ဒီတစ်ပတ်မှာ အနည်းငယ်ဈေးတက်ခဲ့ပါတယ်။ ပြည်ပတင်ပို့မှုလည်းရှိနေပြီး အဟောင်း တွေမရှိ တော့ပဲ အသစ်တွေကိုသာ ရောင်းဝယ်နေတာဖြစ်တဲ့အတွက်ဈေးက တက်လာခဲ့တာလည်းဖြစ်ပါတယ်။ မန္တလေးကုန်စည်ဒိုင်မှာ တစ်အိတ်ကို ၅၅၀၀၀ ကနေ ၅၈၀၀၀ ပေါက်ဈေးရှိပြီး ၆၀၀၀ ကျပ်ဈေးတက်လာခဲ့ပါတယ်။

ပဲလွန်းဖြူ

ပဲလွန်းဖြူကတော့ ဒီတစ်ပတ်မှာ ဈေးကျဆင်းနေပါတယ်။ ကုန်စည်ဒိုင်တွေကို အသစ်တွေဆက်တိုက်ဝင်ရောက် နေတာဖြစ်တဲ့အတွက်ဈေးက ကျဆင်းနေတာလည်းဖြစ်ပါတယ်။  မန္တလေးကုန်စည်ဒိုင်မှာ တစ်အိတ်ကို ၅၇၀၀၀ ကနေ ၆၀၀၀၀ ပေါက်ဈေးရှိပြီး ၅၀၀၀ ကျပ် ဈေးကျဆင် းသွားပါတယ်။ ပြည်ကုန်စည်ဒိုင်မှာတော့ တစ်တင်းကို ၁၉၀၀၀ ကျပ်နဲ့ဈေးငြိမ်နေပါတယ်။

 

ဝတ်ရည်မွန်(AMIA)

 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ပြောင်ခင်းမှာ ပေါင်းရှင်းဖို့ ဘူဒိုဇာ လာပြီ ဒိုး... ပြောင်းခင်း စိုက်နေရင်း ပေါင်းခင်းမဖြစ်သွားရအောင် မအပ်စပ်တဲ့ ပေါင်းတွေအကုန်ဒိုးဖို့ "ဘူဒိုဇာ" လာပြီဗျို့။ ပြောင်းခင်းထဲက ပေါင်းတွေကို အမြစ်ပြတ် သုတ်သင်ပေးမယ့် အစွမ်းထက်ထက် ဆေးတစ်လက် ဆိုရင် ပေါင်းမနိုင်ခင် "ပြောင်း" နိုင်ဖို့ ပြောင်းအထူး ရွေးချယ်ပေါင်းသတ်ဆေး "ဘူဒိုဇာ" နဲ့ဆိုရင် ဘယ်ပေါင်းတွေ ခံနိုင်ပါ့မလဲ? အဓိကပေါက်တတ်တဲ့ "မြေဇာ၊ မြက်ယား၊ ဆင်ငို၊ လက်သဲခွ၊ ဝမ်းဘဲစာ၊ လေးခွမြက်၊ ဝက်ကျွတ်၊ တောဟင်းနုနွယ်၊ မှိုချဥ်၊ ဟင်းဂလာ၊ ခွေးသေးပန်း၊ ဗောက်ပင်၊ ဗောက်လောက်ညို၊ ဆေးပုလဲ၊ ပရန္နဝါ၊ မြက်မုန်ညင်း" တို့ကို အမြစ်ပြတ် အထူးနှိမ်နင်းဖို့ "ဘူဒိုဇာ" ရှိရင် စိတ်သာချလိုက် ဦးကြီးတို့ရေ။ ပြောင်းဖူးပင် တစ်လသားမပြည့်မီ ပေါင်းအရွက် (၂-၄) ရွက် ထွက်ချိန်မှာ အချိန်မှန်မှန်နဲ့ မြန်မြန် သုံးထားဖို့ပဲ တိုက်တွန်းလိုက်ချင်တယ်ဗျ။ လက်မနှေးဘဲ အခုပဲ ပြောင်းခင်းထဲကပေါင်းတွေ "ဘူဒိုဇာ" နဲ့ ရှင်းလိုက်ရအောင်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်