တစ်ပတ်အတွင်း လယ်ယာထွက်ကုန်သီးနှံစျေးကွက် နှိုင်းယှဉ်သုံးသပ်ချက်

05/07/2019 18:00 PM တွင် AMIA AMIA မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

(၁ .၇.၂၀၁၉ မှ ၅.၇.၂၀၁၉)ထိ 

ဆန်၊ စပါး

ဒီတစ်ပတ်မှာ ဧရာဝတီတိုင်းရဲ့ နယ်ဆန်ဈေး နဲ့ စပါးဈေးနှုန်းတွေကလည်း အရောင်းအဝယ်အေးပြီး အရင်တစ်ပတ်ဈေးနှုန်းအတိုင်း အအပြောင်းအလဲမရှိ ငြိမ်နေပါတယ်။ တရုတ်နိုင်ငံကို တရားဝင်ဆန်ရောင်းချဖို့ ပြင်ဆင်နေတဲ့ သတင်းတွေကြောင့် အရင်နဲ့ယှဉ်ရင်တော့ ဈေးအနည်းငယ် မြင့်တက်လာခဲ့တယ်လို့ ဆိုနိုင်ပါတယ်။

မြောင်းမြဧည့်မထစပါးကတော့ တင်း ၁၀၀ ကို ၅၉၀၀၀၀ ပေါက်ဈေးရှိပါပြီ။ ဖျာပုံဧည့်မထစပါးကတော့ တင်း ၁၀၀  ကို ၅၆၁၀၀၀ ပေါက်ဈေးရှိပါတယ်။ 

ရန်ကုန်ဝါးတန်းကုန်စည်ဒိုင်မှာတော့  မြောင်းမြပေါ် ဆန်းကတစ်အိတ်ကို ၄၂၀၀၀ ကနေ ၄၄၀၀၀ ပေါက်ဈေးရှိပြီး ဆန်ကြမ်းဖြစ်တဲ့ နွေသီးထပ်ရှယ်ကတော့ ၂၀၅၀၀ ကနေ ၂၀၈၀၀ ကြား။ ရက် ၉၀ ဆန်ကတော့ တစ်အိတ် ကို ၂၀၅၀၀ ကနေ ၂၂၅၀၀ ကျပ်ဖြင့် ဈေးငြိမ်နေပါတယ်။

မတ်ပဲ (FAQ/RC)

မတ်ပဲကလည်း ဒီတစ်ပတ်မှာ ဈေးထပ်မံပြီး ကျဆင်းလာခဲ့ပါတယ်။ ရန်ကုန်ဈေးကွက်မှာ မတ်ပဲက တစ်တန်ကို ၈၄၉၀၀၀ ကျပ် ဈေးရှိပြီး၊ ၆၀၀၀ကျပ် ဈေးကျဆင်းခဲ့ပါတယ်။ မုံရွာကုန်စည်ဒိုင်မှာလည်း တစ်တင်းကို  ကျပ် ၂၅၀၀၀ နဲ့ ၇၅၀ ကျပ်၊ ပြည်ဈေးကွက်မှာတော့  ၂၇၂၀၀ ကျပ်နဲ့ ၁၆၀၀ကျပ်၊ နေပြည်တော်ကုန်စည်ဒိုင်မှာ တစ်အိတ်ကို ၈၄၀၀၀ ရှိပြီး ၁၀၀၀ ကျပ်ဈေးကျဆင်းခဲ့ပါတယ်။

အိန္ဒိယနိုင်ငံဘက်က တင်သွင်းခွင့်ရတဲ့ ကုမ္ပဏီစာရင်းတွေကို ထုတ်ပြန်ပြီးနောက် တင်သွင်းခွင့် လိုင်စင်ကို ဖြည်းဖြည်းချင်းထုတ်ပေးနေတဲ့ အနေအထားကြောင့်  မြန်မာနိုင်ငံဘက်ကနေ ပဲစင်းငုံနဲ့ မတ်ပဲကို အင်နှင့်အားနှင့် ဝယ်ယူမှုမျိုး မရှိသေးဘူးလို့ ကုန်သည်တွေထံက သိရပါတယ်။

ပဲစင်းငုံနီ 

ပဲစင်းငုံနီကတော့ ဒီတစ်ပတ်မှာ ဈေးအနည်းငယ်ကျဆင်းသွားပါတယ်။  အိန္ဒိယနိုင်ငံဘက်က နည်းနည်းချင်း စတင်ဝယ်ယူနေပြီဖြစ်ပေမဲ့ ရန်ကုန်ဈေးကွက်မှာတော့ ဒီတစ်ပတ်မှာ တစ်တန်ကို ၉၁၆၀၀၀ ကျပ် ရှိပြီး ၄၀၀၀၀ ကျပ် ပြန်ကျဆင်းသွားပါတယ်။ 

ပြည်ဈေးကွက်မှာလည်း ပဲစင်းငုံနီ က တစ်တင်းကို ကျပ် ၃၂၅၀၀ နဲ့ ၁၆၆၆ ကျပ် ၊ ပခုက္ကူဈေး ကွက်မှာတော့ ၃၂၀၀၀ ကျပ်နဲ့  ၂၂၆၀ ကျပ်ဈေးကျလာပြီး၊ မုံရွာဈေးကွက်မှာ  ၃၃၅၀၀ ကျပ်နဲ့ ၁၀၀၀ ကျပ် ဈေးကျဆင်းလာပါတယ်။

ငရုတ်

ငရုတ်ကတော့ အခုတစ်ပတ်မှာ ဈေးအနည်းငယ်ကျဆင်းနေပါတယ်။ အရောင်းအဝယ်အေးလို့ ဈေးချရောင်းတာတွေ ရှိလာတာကြောင့်  ဈေးအနည်းငယ်ကျဆင်းနေတာလို့ သိရပါတယ်။ မော်လမြိုင်ဈေးကွက်မှာ ငရုတ်ခြောက်အရှည်က တစ်ပိသာကို ၄၄၅၀ ကျပ်နဲ့ ၂၅၀ကျပ်၊ ပြည်ဈေးကွက်မှာလည်း ငရုတ်ခြောက်အရှည်က တစ်ပိသာကို ကျပ် ၅၀၅၀ ကျပ်နဲ့ ၈၅၀ကျပ် အသီးသီးဈေးကျဆင်းခဲ့ပါတယ်။ ရန်ကုန်ဈေးကွက်မှာတော့ ငရုတ်မိုးထောင် (မြစ်ဝ)က အခြောက်တစ်ပိသာကိုကျပ် ၅၈၀၀ ကနေ ၅၆၀၀ ကြား၊ ဆင်ဖြူကျွန်းငရုတ်ပွက တစ်ပိသာကို ကျပ် ၈၀၀၀ ကနေ ၉၀၀၀ ကြားဖြင်  အမြင့်ဈေးမှာ ဈေးငြိမ်နေပါတယ်။ 

အာလူး

အာလူးကတော့ဒီတစ်ပတ်မှာ ဈေးအနည်းငယ်ဈေးကျဆင်းလာပြီး အရောင်းအဝယ်အေးနေပါတယ်။ ရန်ကုန်ဈေးကွက်မှာ အားလူးက တစ်ပိသာကို ကျပ် ၅၀၀ မှ ၈၀၀ ကြားဈေးရှိပြီး၊ ဈေးငြိမ်နေပါတယ်။ 

အားလူး အောင်ပန်း (S1/S2) က တစ်ပိသာကို ၇၂၀ကျပ်၊ ဟဲဟိုး (OK) က တစ်ပိသာကို  ၆၈၀ ကျပ်၊ ဟဲဟိုး (S1)က ၇၃၀ ကျပ်နဲ့ ဈေးငြိမ်နေပါတယ်။ ပြည်ဈေးကွက်မှာတော့ အာလူး (A1)က တစ်ပိသာကို ၈၀၀ ကျပ်နဲ့ ၈၅ကျပ်၊ အာလူး (0k)က တစ်ပိသာကို  ၉၃၀ ကျပ်နဲ့ ၇၅ကျပ် အသီးသီးဈေးမြင့်တက်နေပါတယ်။

စိုးချစ်ချစ်ပိုင်(AMIA) 

 

 

 

 


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်