ယခုတစ်ပတ်အတွင်း စျေးနှုန်းအပြောင်းအလဲဖြစ်ပေါ်ခဲ့သည့်သီးနှံများ

21/12/2018 15:10 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

(၁၇.၁၂.၂၀၁၈ မှ ၂၁.၁၂.၂၀၁၈)ထိ

ဆန်၊စပါး

ရန်ကုန်ဈေးကွက်မှာ ဆန်ဈေးတွေကတော့ အရောင်းအဝယ်လည်းအေး ဈေးလည်းအေးနေပါတယ်။ အသစ်တွေကတော့ ဈေးကွက်ထဲကို လှိုင်လှိုင်ဝင်နေပါတယ်။ မြောင်းမြပေါ်ဆန်းသစ်က တစ်အိတ်ကို ၃၈၀၀၀ ကနေ ၄၂၀၀၀ ကျပ်၊ ဖျာပုံပေါ်ဆန်းကတော့ တစ်အိတ်ကို ၃၆၀၀၀ ကနေ ၃၈၀၀၀ ကျပ်၊ ဒေးဒရဲပေါ်ဆန်းသစ်က တစ်အိတ်ကို ၃၆၀၀၀ ကနေ ၃၈၀၀၀ ကျပ်၊ ပေါ်ဆန်းနယ်စုံသစ်က တစ်အိတ်ကို ၃၃၀၀၀ ကနေ ၃၅၀၀၀ ကျပ်၊ရှိပါတယ်။ ဆန်အသစ်တွေက ဆက်တိုက်ကို ဝင်လာတာဖြစ်တဲ့အတွက်ကြောင့် ဈေးက ကျဆင်းနေခဲ့ပြီး ဆန်အဟောင်းလက်ကျန်က မရှိသလောက် နည်းသွားတဲ့အတွက် ဆန်အဟောင်းလက်ကျန် ဈေးနဲ့ဆန်သစ်ဈေးနှုန်းတွေကတော့ ကွာခြားမှု ရှိနေပါတယ်။

ပြီးခဲ့တဲ့နှစ်ကာလာတူအခြေအနေမှာတော့ အထက်ဖော်ပြပါ ဆန်ဈေးနှုန်းတွေက လက်ရှိအခြေအနေနဲ့ နှိုင်းယှဉ်ရင် ဈေးကျဆင်းနေတာတွေ့ရပါတယ်။  ၂၀၁၈ ခုနှစ်မှာ ဆန်ချော အသစ်ဈေးတွေက ပြီးခဲ့တဲ့ နှစ်နဲ့ နှိုင်းယှဉ်ရင် တစ်အိတ်ကို ၅၀၀၀ ကျပ်လောက် လျော့နည်းနေခဲ့ပါတယ်။

မတ်ပဲ (FAQ/RC)

မတ်ပဲကတော့ ဒီတစ်ပတ်မှာ ဈေးအလွန်အေးသွားခဲ့ပါတယ်။ တစ်တန်ကို ထောင်ဂဏန်းလောက်သာ အပြောင်းအလဲ ဖြစ်နေခဲ့ပါတယ်။ အိန္ဒိယဝယ်ယူမှု အနည်းငယ်တန့်သွားခဲ့တဲ့အတွက် ဈေးကလည်း ငြိမ်သွားခဲ့ပါတယ်။ အိန္ဒိယမူဝါဒအချို့ကြောင့် ပဲဝယ်မှုကလည်း ရပ်တန့သွားခဲ့ပါတယ်။ လက်ရှိအခြေအနေမှာ ကုန်သည်တွေကလည်းစောင့်ကြည့်နေဆဲ အခြေအနေဖြစ်ပြီး တစ်ပတ်အတွင်း တင်ပို့မှုက ထက်ဝက်လောက် ကျဆင်းသွားခဲ့ပါတယ်။

မြန်မာအစိုးရနဲ့ အိန္ဒိအစိုးရက ပြီးခဲ့တဲ့အပတ်က ကိုတာစနစ်နဲ့ ပတ်သတ်ပြီး ဆွေးနွေးမှု ပြုလုပ်ခဲ့ပေမယ့်လည်း တစ်စုံတစ်ရာ ထူးခြားမှု မတွေ့ရသေးပါဘူး။ ပြီးခဲ့တဲ့အပတ်က ဈေးကျဆင်းသွားခဲ့တဲ့ မတ်ပဲက တစ်တန်ကို ၈ သိန်း ကျော်နဲ့ ဈေးငြိမ်နေခဲ့ပါတယ်။ နယ်ကုန်စည်ဒိုင်ဖြစ်တဲ့ မုံရွာမှာတော့ တစ်တင်းကို ၂၃၀၀၀ နဲ့ ၁၀၀၀ ကျပ်၊ နေပြည်တော်ကုန်စည်ဒိုင်မှာတော့ ၂၅၀၀၀ နဲ့ ၃၀၀၀ ကျပ် ဈေးကျဆင်းသွားခဲ့ပြီး  ပြည်ကုန်စည်ဒိုင်မှာတော့ ၂၆၅၀၀ နဲ့ ၅၀၀ ကျပ်ဈေးတက် လာပါတယ်။

ပဲစင်းငုံနီ

ပဲစင်းငုံနီကတော့ ကုန်သည်အများစုက ခန့်မှန်းထားတဲ့အတိုင်း ဆက်တက်နိုင်ပြီး အိန္ဒိယရဲ့ အခြေအနေအရ ဈေးနှုန်းကျဆင်းရန် နည်းသည့်အခြေအနေမှာ အိန္ဒိယကဝယ်ယူမှု ရုတ်တရက်ရပ်တန့်လုနီးပါးဖြစ်သွားခဲ့ပြီး ရန်ကုန်ဈေးကွက်မှာလည် ဈေးအဖွင့်မရှိတော့သလို ဈေးဖွင့်တဲ့အချိန်မှာလည်း ဈေးကကျဆင်းသွားခဲ့ပါတယ်။

မှန်းချက်နဲ့နှမ်းထွက် မကိုက်တဲ့ အနေအထားမှာ ကုန်သည်တွေအများစုလည်း ခန့်မှန်းမှုတွေမရှိတော့ပဲ အိန္ဒိယရဲ့ဝယ်လိုအားကိုသာ စောင့်ကြည့်နေတဲ့အခြေအနေဖြစ်နေပါတယ်။တောင်သူတွေကတော့ ဈေးက ဆက်စောင့်ရမလား ယခင် အခြေအနေဖြစ်သွားမလားဆိုတဲ့ မေးခွန်းထုတ်မှုတွေကြား ဗျာများနေပါတယ်။ ပဲအသစ်တွေကလည်း ထွက်လာပြီဖြစ်ပေမယ့် ဈေးကတော့ အဆိုးအဝါး မဖြစ်တာ တောင်သူတွေအနေနဲ့ ခံသာနေတဲ့ အခြေအနေလည်းဖြစ်ပါတယ်။ ရန်ကုန်ဈေးကွက်မှာ ပဲစင်းငံနီက တစ်တန်ကို ၇၆၀၀၀၀ နဲ့ ဈေးရှိခဲ့ပြီး အရောင်းအဝယ်ကတော့ ရက်ခြား သာဖြစ်နေပါတယ်။ နယ်ကုန်စည်ဒိုင်ဖြစ်တဲ့ မုံရွာကုန်စည်ဒိုင်မှာ ပဲစင်းငုံနီက တစ်တင်းကို ၂၃၅၀၀ နဲ့ ဈေးငြိမ်နေပါတယ်။ ပခုက္ကူ ကုန်စည်ဒိုင်မှာတော့ ၂၄၁၀၀ နဲ့ ၁၂၀၀ ကျပ်ဈေးကျဆင်းသွားခဲ့ပါတယ်။ ပြည်ကုန်စည်ဒိုင်မှာလည်း တစ်တင်းကို ၂၃၅၀၀ နဲ့ ၅၀၀ ကျပ်ဈေးကျဆင်းသွားခဲ့ပါတယ်။

ပဲတီစိမ်း

ပဲတီစိမ်းကတော့ အဝင်ရှိသလောက် အဝယ်ရှိနေခဲ့ပါတယ်။ ဈေးကလည်း တက်နေပါတယ်။ အရည်အသွေး အလိုက်ဈေးအနည်းငယ်ကွာခြားပေမယ့် မတ်ပဲတို့ နဲ့ နှိုင်းယှဉ်ရင် ထိပ်ရောက်နေတဲ့ ပဲလည်း ဖြစ်ပါတယ်။ တရုတ်ဝယ်လက်ကလည်း ပဲတီစိမ်းကို အများအပြား ဝယ်ယူနေတာဖြစ်တဲ့အတွက် ပဲတီစိမ်းတောင်သူတွေကတော့ အရည်အသွေးပိုင်းနဲ့ ပဲ ပတ်သတ်ပြီး စိတ်ပူရမယ့် အခြေအနေတစ်ခုပါ။ ရန်ကုန်ဈေးကွက်မှာ ပဲတီစိမ်းက တစ်တင်းကို ၂၈၀၀၀ ကနေ ၄၀၀၀၀ အထိ ပေါက်ဈေးရှိပါတယ်။မုံရွာဈေး ကွက်မှာတော့ တစ်တင်းကို ၃၃၀၀၀ ကနေ ၃၆၅၀၀ ရှိပြီးတစ်တင်းကို ၅၅၀၀ ကျပ် ဈေးတက်လာပါတယ်။ ပခုက္ကူကုန်စည်ဒိုင်မှာတော့ တစ်တင်းကို ၃၃၀၀၀ ရှိပြီး ၁၀၀၀ ကျပ်ဈေးတက်လာပါတယ်။ ပြည်ကုန်စည်ဒိုင်မှာတော့ တစ်တင်းကို ၃၅၆၀၀ ကျပ် ရှိပါတယ်။

ကုလားပဲ

ဒီတစ်ပတ်မှာတော့ ကုလားပဲကလည်း ဈေးကျဆင်းသွားခဲ့ပါတယ်။ ငွေဈေးအပြောင်းအလဲကြောင့် ပြည်ပတင်ပို့မှု ပဲအများစု ကျဆင်းသွားခဲ့သလို ပြည်တွင်းဝယ်ယူတဲ့ ပဲတွေကလည်း ဈေးကျဆင်းသွားခဲ့ပါတယ်။ 

မုံရွာဈေးကွက်မှာ ကုလားပဲလုံးဝါ(ကြီး၊သေး)က တစ်တင်းကို ၂၃၅၀၀ ကနေ ၂၅၅၀၀ ရှိပြီး ၁၀၀၀ ကျပ်၊ ကုလားပဲလုံးဖြူ(ကြီး၊သေး)ကတော့ တစ်တင်းကို ၂၄၂၀၀ ကနေ ၂၅၅၀၀ ရှိပြီး တစ်တင်းကို ၁၀၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။ မြင်းခြံကုန်စည်ဒိုင်မှာ ကုလားပဲလုံးဝါကြီးက တစ်တင်းကို ၂၅၄၀၀ ကျပ်ရှိပြီး ၃၀၀ ကျပ်၊ ကုလားပဲလုံးဖြူကြီးက တစ်တင်းကို ၂၂၈၀၀ ရှိပြီး တစ်တင်းကို ၉၅၀ ကျပ်ဈေးကျဆင်းသွားခဲ့ပြီး 

ပခုက္ကူကုန်စည်ဒိုင်မှာလည်း ကုလားပဲလုံးဖြူကြီးကတော့ တစ်တင်းကို ၂၄၅၀၀ ကျပ်ရှိပြီး ၂၅၀ ကျပ် ဈေးကျဆင်းသွားပါတယ်။

 

ဝတ်ရည်မွန်(AMIA)

 


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်