ယခုတစ်ပတ်အတွင်း အပြောင်းအလဲဖြစ်ပေါ်ခဲ့သော သီးနှံစျေးနှုန်းများ

29/04/2019 16:25 PM တွင် AMIA AMIA မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

ဆန်၊စပါး

ဒီတစ်ပတ်မှာတော့ ဆန်ဈေးရော စပါးဈေးရော အဝင်ပုံမှန်ရှိပေမယ့် အရောင်းအဝယ်ကတော့ အေးနေပါတယ်။ ပြီးခဲ့တဲ့ နှစ်တွေနဲ့ယှဉ်ရင် ဒီနှစ်သင်္ကြန်က ထင်သလောက်အရောင်းအဝယ်မဖြစ်တဲ့နှစ်လည်းဖြစ်ပါတယ်။ 

သင်္ကြန်အပြီးမှာ အာဖရိကနိုင်ငံအိုင်ဗရီကို့မှာ မြန်မာ့ဆန်တွေဖျက်ဆီးတယ်ဆိုတဲ့ သတင်းကလည်း ဆန်လောကအကြား လှုပ်လှုပ်ခတ်ခတ်ဖြစ်သွားခဲ့ပြီး ဆန်ဈေးတွေ အနည်းငယ်ကျဆင်းသွားခဲ့တယ်လို့ ကုန်သည်တွေထံကနေ သိရပါတယ်။ ဒါပေမယ့် ဆန်စပါးလုပ်ငန်းရှင်အသင်းက တင်ပို့တဲ့ဆန်ကြောင့် မဟုတ်ပဲ သင်္ဘောတင်တဲ့ ကာလအတွင်းအချိန်ကြန့်ကြာမှုကြောင့် ဖြစ်တယ်ဆိုတဲ့ ထုတ်ပြန်ချက်ကြောင့် ဆန်သတင်းတွေကလည်း တည်ငြိမ်သွားခဲ့ပါတယ်။

ဧပြီလဆန်းပိုင်းနဲ့ယှဉ်ရင်တော့ ဈေးက အနည်းငယ်တက်လာခဲ့ပါတယ်။ ရက် ၉၀ ဆန်က လက်ရှိပေါက်ဈေး ၁၉၅၀၀ ကျပ်ကနေ ၂၀၅၀၀ ကျပ်ရှိပြီး ၅၀၀ ကျပ်ဈေးတက်လာခဲ့ပါတယ်။ သီးထပ်ဆန်ကလည်း တစ်အိတ်ကို ၁၈၅၀၀ ကနေ ၁၉၀၀၀ ကျပ်ရှိပြီး တစ်အိတ်ကို ၃၀၀ ကျပ်ဈေးတက်လာခဲ့ပါတယ်။ ပေါ်ဆန်းဆန်ကလည်း တစ်အိတ်ကို ၃၅၀၀၀ ကနေ ၃၇၀၀၀ ကျပ်ရှိပြီး ၅၀၀ ကျပ် အသီးသိးဈေးတက်လာခဲ့ပါတယ်။

ပုသိမ်ဈေးကွက်မှာတော့ ပေါ်ဆန်းဆန်က ၄၁၀၀၀ ရှိပြီး တစ်အိတ်ကို ၁၀၀၀ ကျပ် ဈေးတက်လာခဲ့ပါတယ်။ စပါးကတော့ ၈၉၀၀၀၀ ရှိပြီး ဈေးငြိမ်နေပါတယ်။

မတ်ပဲ (FAQ/RC)

မတ်ပဲကတော့ သင်္ကြန်မတိုင်ခင် နဲ့ယှဉ်လိုက်ရင် ဈေးတက်လာခဲ့ပါတယ်။ အိန္ဒိယက ပြီးခဲ့တဲ့ လကဝယ်ယူမယ်ဆိုတဲ့ သတင်းထုတ်ပြန်ခဲ့ပေမယ့် ဝယ်ယူမယ့်ကာလ အတိအကျမပါတဲ့အတွက် ဈေးက ပြန်တည်ငြိမ်သွားခဲ့ပါတယ်။ 

သင်္ကြန်ကာလမှာတော့ အိန္ဒိယက ပဲဝယ်ယူမှုအတွက် လျှောက်လွှာစတင်ခေါ်ယူခဲ့ပြီး ဈေးကလည်းတစ်တန်ကို ငွေကျပ် ၈ သိန်း ၂ သောင်းကျော်အထိ ဈေးက တက်လာခဲ့ပါတယ်။ပြီးခဲ့တဲ့ မတ်လ နဲ့ယှဉ်ရင်တော့ တစ်တန် ကို ငွေကျပ် ၂ သိန်းကျော်ဈေးတက်လာခဲ့ပါတယ်။ ထို့ပြင် ပြည်တွင်း ငွေလဲလှယ်နှုန်းဈေးမြင့်တက်တာကလည်း ပဲဈေးကို မြင့်တက်လာပါတယ်။

မုံရွာဈေးကွက်မှာတော့ မတ်ပဲက တစ်တင်းကို ၂၅၅၀၀ ကျပ်ရှိပြီး ၂၅၀၀ ကျပ်ဈေးတက်လာခဲ့ပါတယ်။ နေပြည်တော်ကုန်စည်ဒိုင်မှာလည်း တစ်တင်းကို ၂၅၀၀၀ ကျပ်ရှိပြီး ၁၀၀၀ ကျပ်၊ပြည်ကုန်စည်ဒိုင်မှာတော့ တစ်တင်းကို ၂၆၀၀၀ ကျပ် ရှိပြီး ၁၀၀၀ ကျပ် အသီးသီးဈေးတက်လာခဲ့ပါတယ်။

ပဲစင်းငုံနီ

ပဲစင်းငုံနီကလည်း ဈေးတက်လာခဲ့ပါတယ်။ အိန္ဒိယနိုင်ငံအပြင်အခြား ပြည်ပနိုင်ငံတွေကလည်း ဝယ်ယူမှုရှိတဲ့အတွက် ဈေးကတော့ ဆက်တက်နေခဲ့ပါတယ်။ ပြီးခဲ့တဲ့ နှစ်ကာလအထိ မတ်ပဲကပဲ အမြင့်ဆုံးဈေးနဲ့ရှိနေပေမယ့် ပြီးခဲ့တဲ့ ၂၁၀၈ နှစ်ဝက်မှာတော့ မတ်ပဲက ပဲစင်းငုံနီထက် ဈေးကျဆင်းသွားပြီး ပဲစင်းငုံနီက အမြင့်ဆုံးဈေးနဲ့ရှိနေခဲ့တာလည်းဖြစ်ပါတယ်။ လက်ရှိမှာလည်း ပဲစင်းငုံနီက မတ်ပဲထက် တစ်သိန်းကျော် ဈေးကွာခြားမှုရှိနေခဲ့ပါတယ်။

ရန်ကုန်ဈေးကွက်မှာ ပဲစင်းငုံနီက တစ်တန်ကို ၉၇၅၀၀၀ အထိ ဈေးတက်လာခဲ့ပြီး ဧပြီလဆန်း နဲ့ယှဉ်ပါက တစ်တန်ကို ငွေကျပ် ၂ သိန်းကျော်ဈေးတက်လာခဲ့ပါတယ်။ မုံရွာဈေးကွက်မှာတော့ တစ်တင်းကို ၃၁၀၀၀ ကျပ်ရှိပြီး ၂၀၀၀ ကျပ်၊ မြင်းခြံကုန်စည်ဒိုင်မှာတော့ တစ်တင်းကို ၃၀၆၀၀ ကျပ်ရှိပြီး ၂၀၀၀ ကျပ်၊ ပခုက္ကူကုန်စည်ဒိုင်မှာတော့ တစ်တင်းကို ၃၁၅၀၀ ကျပ်ရှိပြီး ၂၀၀၀ ကျပ်၊ ပြည်ကုန်စည်ဒိုင်မှာတော့ တစ်တင်းကို ၃၀၀၀၀ ကျပ်ရှိပြီး ၁၀၀၀ ကျပ် အသီးသီးဈေးတက်လာခဲ့ပါတယ်။

ကုလားပဲ

ကုလားပဲကတော့ သင်္ကြန်မတိုင်ခင်ကတည်းက ဈေးတက်လာခဲ့ပါတယ်။ လက်ရှိမှာတော့ ပြည်ပဝယ်ယူမှုများနေတဲ့အပြင် ပြည်တွင်းဝယ်ယူမှုတွေလည်း များနေတဲ့အတွက် ဈေးကတက်လာခဲ့တာလည်း ဖြစ်ပါတယ်။

မုံရွာဈေးကွက်မှာ ကုလားပဲလုံးဝါ(ကြီး၊သေး)က တစ်တင်းကို ၂၅၀၀၀ ကနေ ၂၇၀၀၀ ပေါက်ဈေးရှိပြီး တစ်တင်းကို ၂၀၀၀ ကျော်ဈေးတက်လာပါတယ်။ ကုလားပဲလုံးဖြူ(ကြီး၊သေး)ကတော့ တစ်တင်းကို ၂၆၇၀၀ ကနေ ၂၇၇၀၀ ပေါက်ဈေးရှိပြီး တစ်တင်းကို ၁၅၀၀ ကျပ် ဈေးတက်လာပါတယ်။

မြင်းခြံကုန်စည်ဒိုင်မှာတော့ ကုလားပဲလုံးဝါကြီးက တစ်တင်းကို ၂၇၅၅၀ ကျော်ရှိပြီး တစ်တင်းကို ၁၉၀၀ ကျပ်၊ ကုလားပဲလုံးဖြူကြီးကတော့ တစ်တင်ကို ၂၆၁၂၅ ကျပ်ရှိပြီး ၁၆၀၀  ကျပ် ဈေးတက်လာပါတယ်။

ပခုက္ကူကုန်စည်ဒိုင်မှာတော့ ကုလားပဲလုံးဝါကြီးက တစ်တင်းကို ၂၈၀၀၀ ပေါက်ဈေးရှိပြီ းတစ်တင်းကို ၁၃၀၀ ကျပ်၊ ကုလားပဲလုံးဖြူကြီးကတော့ တစ်တင်းကို ၂၆၇၀၀  ပေါက်ဈေးရှိပြီး ၁၆၀၀ ကျပ်အသီးသီး ဈေးတက်လာခဲ့ပါတယ်။

ပြည်ကုန်စည်ဒိုင်မှာတော့ ကုလားပဲလုံးဝါကြီးက တစ်တင်းကို ၃၀၀၀၀ ကျပ်ရှိပြီး ၂၀၀၀ ကျပ်၊ကုလားပဲဖြူလုံး ကြီးတော့ တစ်တင်းကို ၂၆၅၀၀ ကျပ်ရှိပြီး ၅၀၀ ကျပ်  အသီးသီးဈေးတက်လာခဲ့ပါတယ်။

 

ဝတ်ရည်မွန် (AMIA)

 


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်