တစ်နှစ်တာအတွက် ဈေးကွက်သုံးသပ်ချက်

31/12/2021 10:30 AM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

ဇန်နဝါရီ မှ ဒီဇင်ဘာ ထိ အပြောင်းအလဲဖြစ်ပေါ်ခဲ့သည့် လယ်ယာထွက်ကုန်သီးနှံများ

၂၀၂၁ ကတော့ အပြောင်းအလဲများစွာရှိခဲ့တဲ့နှစ်တစ်နှစ်ဖြစ်ပါတယ်။ ကိုဗစ်ရောဂါ ကူးစက်မှု အခြေအနေဆိုးရွားခဲ့သလို ပြောင်းလဲသွားတဲ့နိုင်ငံရေးအခြေအနေကြောင့် ငွေကြေးဖောင်းပွမှု၊ ဘဏ်ငွေထုတ်ရာတွင် ခက်ခဲမှု၊ သယ်ယူပို့ဆောင်ရေးစရိတ် မြင့်တက်လာမှု၊ ဓာတ်မြေဩဇာအဆမတန်မြင့်တက်လာမှု၊ ပြည်ပသွင်းကုန်မဝင်ရောက်တော့တဲ့အတွက် ပြည်တွင်းထုတ်ကုန်ဈေးနှုန်းများမြင့်တက်လာမှုတွေနဲ့ ကြုံတွေ့ရတဲ့ နှစ်လည်းဖြစ်ပါတယ်။ 

စိုက်ပျိုးရေးကဏ္ဍမှာလည်း ပြည်ပတင်ပို့မှုမရှိတဲ့အတွက်ကြောင့် စိုက်ပျိုးထုတ်လုပ်မှုတွေကို လျော့ချခဲ့ပြီး ထောပတ်သီး၊ ကော်ဖီ၊ ဝဥ အစရှိတဲ့ ထုတ်ကုန်တွေကို ပြည်ပတင်ပို့မှု ဈေးကွက်သစ်တွေလည်း ဆုံးရှုံးခဲ့ပါတယ်။

ဆန်၊ စပါး

စပါးဈေး၊ ဆန်ဈေးတွေကတော့ ပြီးခဲ့တဲ့ ၂၀၂၀ နဲ့ ယှဉ်လိုက်ရင် ဈေးတွေက မြင့်တက်လာခဲ့ပါတယ်။ ပြည်တွင်းဝယ်ယူစားသုံးမှုများတဲ့အတွက် မြင့်တက်လာခဲ့သလို ပြည်ပတင်ပို့မှုကလည်း ပင်လယ်ရေကြောင်းကနေတဆင့် တင်ပို့မှုတွေများတဲ့အတွက်ကြောင့် ဈေးတွေက မြင့်တက်လာခဲ့ပါတယ်။ အဓိကတင်ပို့မှုကတော့ တရုတ်ဖြစ်ပြီး အာဆီယံနိုင်ငံများအပါအဝင် အီးယူနိုင်ငံများကိုလည်း တင်ပို့မှုရှိခဲ့ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၀ဒီဇင်ဘာလမှာတော့ ရန်ကုန်ဈေးကွက်မှာ ပေါ်ဆန်း(ဖျာပုံ၊ ဒေးဒရဲ၊ မြောင်းမြ၊ ပုသိမ်၊ နယ်စုံ) တို့က တစ်အိတ်ကို ၃၄၀၀၀ ကနေ ၄၁၀၀၀ ကြားပေါက်ဈေးရှိခဲ့ပေမယ့် ယခုနှစ် ၂၀၂၁ ဒီဇင်ဘာလမှာတော့ တစ်အိတ်ကို ၄၃၀၀၀ ကနေ ၅၀၀၀၀ ကြားပေါက်ဈေးရှိနေပါတယ်။

ဧည့်မထ နဲ့ ၂၅ မှတ်တန် တို့ကတော့ တစ်အိတ်ကို ၂၀၂၀ ဒီဇင်ဘာလမှာ တစ်အိတ်ကို ၂၁၀၀၀ ကနေ ၂၆၀၀၀ ကြား ပေါက်ဈေးရှိခဲ့ပြီး ၂၀၂၁ ဒီဇင်ဘာလမှာတော့ တစ်အိတ်ကို ၂၂၅၀၀ ကနေ ၂၃၅၀၀ ပေါက်ဈေးရှိနေပါတယ်။

ဆန်ကြမ်းကို အဓိက တရုတ်နယ်စပ်ကနေတဆင့် အဓိကတင်ပို့မှုပြုနေပေမယ့် ကိုဗစ်ကြောင့် တင်ပို့မှု ရပ်နားမှုတွေကြောင့် ဈေးက ကျဆင်းခဲ့တယ်လို့လည်းသိရပါတယ်၊

စပါးတွေကတော့ ဆန်ဈေးအတက်နဲ့အတူ ဈေးတွေလည်း မြင့်တက်လာပါတယ်။ စပါးဈေးတွေ မြင့်တက်ပေမယ့် ဓာတ်မြေဩဇာမြင့်တက်မှုတွေကြောင့် ဈေးရရှိနေပေမယ့် တောင်သူအကျိုးခံစားမှု ကတော့ မရှိဘူးလို့ သိရပါတယ်။ ထို့ပြင် သီးနှံပေါ်ပေးစနစ်ကလည်း မရှိတော့တဲ့အတွက် စိုက်ဧကလျော့ချ စိုက်ပျိုးမှုတွေလည်း ရှိလာပါတယ်။

၂၀၂၀ ဒီဇင်ဘာ မှာ ဧရာဝတီတိုင်း ဈေးကွက်မှာ ပေါ်ဆန်းစပါးက တင်း ၁၀၀ ကို ၆၈၅၀၀၀ ကနေ ၇၈၆၀၀၀ ကြား  ပေါက်ဈေးရှိခဲ့ပြီး ၂၀၂၁ ဒီဇင်ဘာလမှာတော့ ပေါ်ဆန်းစပါးက တင်း ၁၀၀ ကို ၈၄၁၀၀၀ ကနေ ၉၅၅၀၀၀ ကြား ပေါက်ဈေးရှိပါတယ်။ ဧည့်မထစပါးကတော့ ပြီးခဲ့တဲ့ နှစ်က တင်း ၁၀၀ ကို ၆၂၅၀၀၀ ကနေ ၆၄၀၀၀၀ ကြားပေါက်ဈေးရှိခဲ့ပြီး ယခု ၂၀၂၁ မှာတော့ တင်း ၁၀၀ ကို ၆၆၂၀၀၀ ကနေ ၆၈၀၀၀၀ ကြားပေါက်ဈေးရှိနေပါတယ်။

အချောစပါးတွေက ဈေးကွာဟမှုတွေရှိပေမယ့် ဆန်ကြမ်းစပါးတွေကတော့ ဈေးကွာဟမှု သိပ်မရှိပါဘူး။

မတ်ပဲ

မတ်ပဲကတော့ ယခုနှစ်မှာ ဈေးအမြင့်ဆုံး တစ်တန်ကို သိန်း၂၀ ကျော်ထိ မြင့်တက်လာခဲ့ပါတယ်။ အဓိက နိုင်ငံခြားငွေလဲလှယ်နှုန်းဈေးက တစ်ဒေါ်လာကို ငွေကျပ် ၃၀၀၀ အထိ ဈေး မြင့်တက်ခဲ့တဲ့အတွက် ပြည်တွင်းပဲဈေးကလည်း မြင့်တက်လာခဲ့တာဖြစ်ပါတယ်။ ဘဏ်ငွေထုတ်ခက်ခဲခြင်း၊ ငွေစက္ကူရှားပါးမှု ပြသာနာတို့ကြောင့် ပဲဈေးတွေမြင့်တက်လာပေမယ့်လည်း တောင်သူအများစု ဈေးကောင်းရရှိမှု မရှိပါဘူး။

ထို့ပြင် သင်္ဘောကွန်တင်နာငှားခသယ်ယူစရိတ်တွေက မြင့်တက်လာခဲ့ခြင်းတို့ကြောင့် ဈေးက ဆက်တိုက် မြင့်တက်နေခဲ့တာလည်း ဖြစ်ပါတယ်။ အိန္ဒိယတင်ပို့မှုကတော့ လာမယ့် ၂၀၂၁ မတ်လအထိ  G to G  စာချုပ်အရ ဆက်လက်တင်ပို့နိုင်ဦးမှာဖြစ်ပါတယ်။

၂ လ ကျော် ၃ လနီးပါး အမြင့်ဈေးနဲ့ရှိခဲ့တဲ့ မတ်ပဲဈေးက လက်ရှိနှစ်ကုန်ပိုင်းမှာတော့ ငွေကြေးထိန်းချုပ်မှုအသစ်တွေဈေးကွက်ဝင်ရောက်လာမှုတို့ကြောင့် ဈေးတွေ ပြန်ကျဆင်းလာခဲ့ပါ တယ်။

ပြီးခဲ့တဲ့ ၂၀၂၀ ဒီဇင်ဘာလမှာ မတ်ပဲက ရန်ကုန်ပေါက်ဈေးက တစ်တန်ကို ၉၄၅၀၀၀ကနေ ၁၀၅၀၀၀၀ ကျော် ပေါက်ဈေးရှိခဲ့ပြီး ယခု ၂၀၂၁ ဒီဇင်ဘာလ မှာတော့ မတ်ပဲက တစ်တန်ကို ၁၂၇၀၀၀၀ ကနေ ၁၄၂၀၀၀၀ ကျော်ထိ ပေါက်ဈေးရှိပါတယ်။ မန္တလေးဈေးကွက်မှာတော့ ပြီးခဲ့တဲ့နှစ်က  တစ်အိတ်ကို ၉၅၀၀၀ ကနေ ၁၀၀၀၀၀ ကြားပေါက်ဈေးရှိခဲ့ပြီး ယခုနှစ်မှာတော့ တစ်အိတ်ကို ၁၂၀၀၀၀ ထိ ပေါက်ဈေးရှိနေခဲ့ပါတယ်။

လက်ရှိ မတ်ပဲဈေးကတော့ အိန္ဒိယလိုအပ်ချက်လည်းရှိနေပြီး ငွေကြေးလဲလှယ်နှုန်းဈေးက အတက်ဈေးနဲ့ပဲ ရပ်တန့်နေခဲ့တဲ့အတွက် မတ်ပဲဈေးက အများကြီးကျဆင်းသွားနိုင်တာမျိုးမရှိဘူးလို့ ကုန်သည်တွေက သုံးသပ်ပေမယ့် တောင်သူအများစုကတော့ သွင်းအားစုဈေးကြီးမြင့်တဲ့အတွက် ရရှိဈေးနဲ့ ပြန်လည် စိုက်ပျိုးဖို့အတွက်ခက်ခဲလို့ စိုက်ဧက လျော့ချစိုက်ပျိုးတာတွေ၊ သွင်းအားစုလျော့ထည့်တာတွေ ရှိနေတယ်လို့သိရပါတယ်။

ပဲစင်းငုံနီ

ပဲစင်းငုံနီကလည်း မတ်ပဲနည်းတူ ဈေးတွေတက်ခဲ့ပါတယ်။ တစ်တန်ကို ၁၈ သိန်းကျော်ထိ ဈေးရောက်ရှိခဲ့ပါတယ်။ ပဲစင်းငုံနီက မတ်ပဲလောက် စိုက်ဧကမများတဲ့အပြင် အိန္ဒိယနိုင်ငံအပြင် အခြားနိုင်ငံတွေကလည်း ဝယ်ယူမှုရှိတဲ့အတွက် လက်ကျန်တွေကလည်း အများကြီးမရှိပါဘူး။ ပဲစင်းငုံနီသီးသန့် ကုန်သည်ကြီးတွေကလည်း သိပ်မများတဲ့အတွက်ကြောင့် ဈေးကစားမှုကလည်း အများကြီးမရှိပဲ ဝယ်လိုမှုပေါ်မူတည်ပြီးဈေးအတက်အကျသာဖြစ်ပါတယ်။

အိန္ဒိယနိုင်ငံက လာမယ့်မတ်လအထိ တန်ချိန် ၁ သိန်းခန့် ဝယ်ယူမှာဖြစ်ပေမယ့် အသစ်တွေကလည်း ထွက်ရှိနေပြီဖြစ်လို့ ဈေးကတော့ လက်ရှိဈေးထပ် ကျဆင်းနိုင်ပေမယ့် အများကြီးတော့ မကျဆင်းနိုင်ဘူးလို့ ကုန်သည်တွေက သုံးသပ်ပေးထားပါတယ်။

ပြီးခဲ့ ၂၀၂၀ ခုနှစ်ဒီဇင်ဘာလမှာ ပဲစင်းငုံနီက တစ်တန်ကို ၇၅၀၀၀၀ ကနေ ၈၃၀၀၀၀ ကျော်ပေါက်ဈေးရှိခဲ့ပြီး ယခု ၂၀၂၁ ဒီဇင်ဘာလမှာတော့ ၁၁ သိန်း ကနေ ၁၁၇၅၀၀၀ ကြား ပေါက်ဈေးရှိနေခဲ့ပါတယ်။ မနှစ်က ဒီဇင်ဘာလမှာတော့ မန္တလေးမှာ ဈေးအသစ်မဖွင့်သေးပဲ ယခုနှစ်ကတော့ တစ်အိတ်ကို ၁၀၀၀၀၀ ကနေ ၁၀၅၀၀၀ ကြားပေါက်ဈေးရှိနေပါတယ်။

ပဲတင်ပို့မှုကတော့ လာမယ့် ၂၀၂၅-၂၀၂၆ အထိ နှစ်စဉ် မတ်ပဲ တစ်တန်ချိန် ၂ သိန်းခွဲ နှင့် ပဲစင်းငုံနီ တန်ချိန် တစ်သိန်းခန့်ကို တင်ပို့သွားဖို့အတွက် နားလည်မှု စာချွန်လွှာ ရေးထိုးထားကြောင်း သိရသည်။

ပြောင်း

ထွက်ရှိသမျှပြောင်းရဲ့ ၆၀ ရာခိုင်နှုန်းလောက်ကို တရုတ်ကို အဓိက တင်ပို့နေခဲ့ပေမယ့် ပြီးခဲ့တဲ့နှစ် ကိုဗစ် ရောဂါစဖြစ်ကတည်းက တင်းကြပ်လိုက်တဲ့တရုတ်နိုင်ငံရဲ့ စည်းမျဉ်းတွေကြောင့် တင်ပို့မှုတွေလျော့သွား ခဲ့ပြီး ဈေးတွေကလည်းကျဆင်းသွားခဲ့ပါတယ်။ 

ယခုနှစ်မှာတော့ ကိုဗစ်လက္ခဏာ ဆိုးရွားမှုတွေကြောင့် တရုတ်တင်ပို့မှုကို လုံးဝပိတ်ချမှုတွေ ပြုလုပ်ခဲ့ပေမယ့် ထိုင်းက ဝယ်ယူမှုကြောင့် ပြောင်းဈေးက ထပ်ပြီးမကျဆင်းသွားပဲ ဈေးကောင်းရရှိနေတဲ့ နှစ်လည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၀ ဒီဇင်ဘာလ မှာ စီပီပြောင်းက တစ်အိတ်ကို ၂၂၀၀၀ ကနေ ၂၂၅၀၀ ကြားပေါက်ဈေးရှိခဲ့ ပြီး ဒီနှစ်မှာတော့ တစ်အိတ်ကို ၃၃၀၀၀ ကနေ ၃၆၀၀၀ ကြားပေါက်ဈေးရှိလာပါတယ်။

မြဝတီတာချီလိတ်စခန်းကနေတဆင့် ပြောင်းတင်ပို့မှုက ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်မှာ တန်ချိန် ၂ သိန်း ၁ သောင်းကျော် တင်ပို့ခဲ့ပေမယ့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်မှာတော့ တန်ချိန် ၅ သိန်း ၂ သောင်းနီးပါး တင်ပို့ခဲ့ကြောင်း စီးပွားကူးသန်းရောင်းဝယ်ရေးစာရင်းတွေအရသိရပါတယ်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်