ယခုတစ်ပတ်အတွင်း စျေးနှုန်းအပြောင်းအလဲဖြစ်ပေါ်ခဲ့သည့်သီးနှံများ

28/01/2019 10:47 AM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

ဆန်၊စပါး

ဒီတစ်ပတ်မှာတော့ ရန်ကုန်ဈေးကွက်မှာ ဆန်ဈေးအားလုံးအေးပြီး အရောင်းအဝယ်ကလည်း အားလုံးအေးနေပေမယ့် ဧည့်မထ ၂၅ % ကတော့ အခြားဆန်များထက် အရောင်းအဝယ်ကောင်းနေတယ်လို့ သိရပါတယ်။ ပုသိမ်ဈေးကွက်မှာလညး စပါးဈေးရော ဆန်ဈေးပါအေးနေပါတယ်။

ရန်ကုန်ဈေးကွက်မှာတော့ ပြီးခဲ့တဲ့ အပတ်ကအတိုင်း မြောင်းမြပေါ်ဆန်းမွှေးက တစ်အိတ်ကို ၃၈၀၀၀ ကနေ ၄၂၀၀၀၊ ဖျာပုံပေါ်ဆန်းကတော့ တစ်အိတ်ကို ၃၆၀၀၀ ကနေ ၃၈၀၀၀ ကျပ်၊ ပေါ်ဆန်းနယ်စုံသစ်ကတော့ တစ်အိတ်ကို ၃၄၀၀၀ ကနေ ၃၅၀၀၀ ကျပ်၊ ပေါ်ဆန်းသစ်ကတော့ တစ်အိတ်ကို ၃၄၀၀၀ ကနေ ၃၅၅၀၀ ကျပ်ရှိပြီး ဆန်ကြမ်းဖြစ်တဲ့ မြီးဒုံဆန်သစ်ကတော့ တစ်အိတ်ကို ၂၅၀၀၀ ကနေ ၂၆၅၀၀ ကျပ်၊ရက် ၉၀ သစ်ကတော့ တစ်အိတ်ကို ၂၂၀၀၀ ကနေ ၂၃၅၀၀ ကျပ်၊ ဧည့်မထ ၂၅ % သစ်ကတော့ တစ်အိတ်ကို ၁၈၇၀၀ ကနေ ၁၉၀၀၀ ကျပ်၊ ငစိန်ဆန်သစ်ကတော့ တစ်အိတ်ကို ၁၉၀၀၀ ကနေ ၁၉၇၀၀ ကျပ် အသီးသီးပေါက်ဈေးရှိပါတယ်။

ပုသိမ်ဈေးကွက်မှာ ပထမတန်းစားစပါးဖြစ်တဲ့ ဧရာဝတီပေါ်ဆန်းက တင်း ၁၀၀ ကို ၁၀၃၃၀၀၀ ကျပ်ပေါ်ဆန်းရင်ကတော့ တင်း ၁၀၀ ကို ၉၄၆၀၀၀ ကျပ်၊ ဖျာပုံပေါ်ဆန်းကတော့ တင်း ၁၀၀ ကို ၉၂၀၀၀၀ ကျပ်  အသီးသီးရှိပါတယ်။

ဒုတိယတန်းစားဖြစ်တဲ့ ရွှေသွယ်လေးနဲ့ဧရာမင်းဆန်ကတော့ တင်း ၁၀၀ ကို ၆၉၀၀၀၀ ကျပ်၊ မနောသုခကတော့တင်း ၁၀၀ ကို ၅၈၄၂၀၀ ကျပ်၊ မီးကောက်ကတော့ တင်း ၁၀၀ ကို ၅၉၃၄၀၀ ကျပ် နဲ့ သီးထပ်ရင်ကတော့ တင်း ၁၀၀ ကို ၅၇၉၆၀၀ ကျပ် အသီးသီးဈေးငြိမ်နေပါတယ်။

မတ်ပဲ (FAQ/RC)

မတ်ပဲကတော့ ရန်ကုန်ဈေးကွက်မှာ ဒီတစ်ပတ်မှာ ဈေးအနည်းငယ်တက်လာခဲ့ပါတယ်။ ဈေးတက်လာတယ် ဆိုပေမယ့် အတက်အကျ အပြောင်းအလဲကတော့ မြန်ပါတယ်။ နယ်ကုန်စည်ဒိုင်တွေမှာတော့ ဈေးက ကျဆင်းသွားခဲ့ပါတယ်။

လက်ရှိအချိန်မှာတော့ နယ်စုံကနေလည်း မတ်ပဲအသစ်တွေက ဆက်တိုက်ကို ဝင်ရောက်နေခဲ့ပါတယ်။ အိန္ဒိယနိုင်ငံကလည်း လက်ရှိမှာ ပုံမှန်ဝယ်ယူမှုတွေ လုပ်နေတာဖြစ်တဲ့အတွက် ဈေးကတော့ ငြိမ်နေပါတယ်။ ဆက်ပြီးဈေးတက်နိုင်ခြေရှိမရှိကိုတော့ ကုန်သည်တွေအနေနဲ့လည်း အိန္ဒိယရဲ့ အမြဲပြောင်းလဲနေတဲ့ ပေါ်လစီ ကြောင့် ခန့်မှန်းရခက်နေပါတယ်။

မတ်ပဲက ယခုအပတ်မှာ တစ်တန်ကို ငွေကျပ် ၇၃၀၀၀၀ အထိ ဈေးပြန်တက်ခဲ့ပေမယ့် ရက်ပိုင်းအတွင်း ၂ သောင်းလောက်ပြန်ကျဆင်းသွားခဲ့ပါတယ်။

နယ်ကုန်စည်ဒိုင်တွေဖြစ်တဲ့ မုံရွာကုန်စည်ဒိုင်မှာတော့ မတ်ပဲက တစ်တင်းကို ၂၂၇၅၀ နဲ့ ၂၅၀ ကျပ်၊နေပြည် တော်ကုန်စည်ဒိုင်မှာတော့ တစ်တင်းကို ၂၁၆၀၀ ကျပ် နဲ့ တစ်တင်းကို ၁၇၀၀ ကျပ်၊ဈေးကျဆင်းသွားခဲ့ပြီးတော့ ပြည်ကုန်စည်ဒိုင်မှာတော့ တစ်တင်းကို ၂၃၅၀၀ ကျပ် နဲ့ ၅၀၀ ကျပ်ဈေးတက်လာခဲ့ပါတယ်။

ပဲစင်းငုံနီ

ပဲစင်းငုံနီကတော့ ဒီတစ်ပတ်မှာ ရုတ်တရက်ဈေးအမြင့်ဆုံးရောက်ရှိသွားခဲ့ပါတယ်။ ပဲစင်းငုံနီက အိန္ဒိယနိုင်ငံတင် မဟုတ်ပဲ အခြားနိုင်ငံများကိုပါ ရောင်းချနေတာဖြစ်တဲ့အတွက်ကြောင့် ဈေးကဆိုးရွားသွားခြင်း မရှိခဲ့ပါဘူး။ ဒီတစ်ပတ်မှာအမြင့်ဆုံး တစ်တန်ကို ၈ သိန်းအထိ မြင့်တက်လာခဲ့တာဖြစ်ပြီး ကုန်သည်တွေ နဲ့တောင်သူတွေကြား လှုပ်လှုပ်ခတ်ခတ်ဖြစ်ခဲ့ပါတယ်။ 

ဒါပေမယ့် ချက်ချင်းပဲ ဈေးကပြန်ကျဆင်းသွားခဲ့ပေမယ့် လက်ရှိအချိန်မှာတော့ မတ်ပဲနဲ့ယှဉ်ရင် ဈေးအမြင့်ရရှိနေပါတယ်။ ပဲအသစ်ထက် အဟောင်းက ဈေးပိုရရှိနေခဲ့ပြီး ပြည်ပတင်ပို့မှုကိုတော့ ပဲစင်းငုံနီ (RC) 2017 ကိုသာ အရောင်းအဝယ်လုပ်နေတာတွေ့ရပါတယ်။ ပဲစင်းငုံနီကတော့ ဆက်ပြီးဈေးတက်နိုင်ခြေရှိတယ်လို့ ကုန်သည်တွေက သုံးသပ်ထားပါတယ်။

နယ်ကုန်စည်ဒိုင်တွေဖြစ်တဲ့ မုံရွာကုန်စည်ဒိုင်မှာတော့ ပဲစင်းငုံနီက ၂၇၅၀၀ ရှိပြီး တစ်တင်းကို ၁၇၀၀ ကျပ် ဈေးတက်လာပါတယ်။ ပခုက္ကူကုန်စည်ဒိုင်မှာတော့ ပဲစင်းငုံနီက တစ်တင်းကို ၂၆၂၀၀ ရှိပြီး တစ်တင်းကို ၃၇၀၀ ကျပ် ဈေးတက်လာပါတယ်။ ပြည်ကုန်စည်ဒိုင်မှာတော့ တစ်တင်းကို ၂၇၈၀၀ ရှိပြီးတစ်တင်းကို ၂၈၀၀ ကျပ် ဈေးတက်လာပါတယ်။

နှမ်းမျိုစုံ

နှမ်းမျိုးစုံကတော့ ဒီတစ်ပတ်မှာလည်း ဈေးကတက်လာခဲ့ပါတယ်။ ပြည်ပအဝယ်တွေ များတဲ့အတွက် ဈေးက ဆက်တိုက်ဆိုသလို တက်နေခဲ့ပါတယ်။

နှမ်းဖြူ

နှမ်းဖြူက ဒီတစ်ပတ်မှာလည်း ဈေးက တက်လာခဲ့ပါတယ်။ နှစ်ပတ်ဆက်တိုက်ဈေးတက်လာခဲ့ပြီးတော့ မန္တလေးဈေးကွက်မှာ ဒီတစ်ပတ် အမြင့်ဆုံးဈေး ၁၇၅၀၀၀ အထိ ဈေးတက်လာတာပါ။   

နှမ်းနက်(စမုံ)

နှမ်းနက်(စမုံ)ကလည်း ဈေးတက်လာခဲ့ပါတယ်။ ပြီးခဲ့တဲ့အပတ်နဲ့နှိုင်းယှဉ်ရင် တစ်အိတ်ကို ၅၀၀၀ ကျပ်လာက်ဈေးတက်လာပြီး ဒီတစ်ပတ်မှာတော့ မန္တလေးဈေးကွက်မှာ အမြင့်ဆုံးဈေး ၂၄၅၀၀၀ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်ခဲ့ပါတယ်။

နှမ်းနက်

အခြားနှမ်းတွေဈေးတက်ခဲ့ပေမယ့် နှမ်းနက်ကတော့ ဆက်တိုက်ဈေးကျဆင်းနေခဲ့ပါတယ်။ မန္တလေးဈေးကွက်မှာ တစ်ပတ်အတွင်္ငး တစ်အိတ်ကို ၁၀၀၀၀ လောက်ဈေးကျဆင်းသွားပြီး ၁၅၅၀၀၀ နဲ့ အရောင်းအဝယ်ဖြစ်ခဲ့ပါတယ်။

 

မဝတ်ရည်မွန်(AMIA)


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်