တစ်ပတ်အတွင်း လယ်ယာထွက်ကုန် သီးနှံစျေးကွက်နှိုင်းယှဉ်သုံးသပ်ချက်

12/07/2019 17:13 PM တွင် AMIA AMIA မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

၈.၇.၂၀၁၉ မှ ၁၂.၇.၂၀၁၉ထိ

ဆန်၊စပါး

ဒီတစ်ပတ်မှာတော့ ပုသိမ်ဈေးကွက်မှာ မြောင်းမြစပါးဈေးရော၊ ဆန်ဈေးရောက အနည်းငယ်တက်လာပါတယ်။ ရန်ကုန်က အဝယ်လိုက်တဲ့အပြင်ဒေသတွင်းစားသုံးမှုများတဲ့အတွက်ကြောင့် ဈေးကတစ်ဖြေးဖြေးတက်လာတာဖြစ်တယ်လို့သိရပါတယ်။ ပြီးခဲ့တဲ့အပတ်ကဈေးငြိမ်နေရာကနေ ဒီအပတ် မှာဈေးထပ်မံမြင့်တက်လာခဲ့တာပါ။ မြောင်းမြဧည့်မထစပါးကတော့တင်း ၁၀၀ကို ၆၀၇၀၀၀ ပေါက်ဈေးရှိပြီး၊ ၁၇၀၀၀ကျပ် ၊ မြောင်းမြဆန်ကတော့ တစ်အိတ်ကို ၄၄၀၀၀နဲ့၁၀၀၀ ကျပ်ဈေးတက်လာပါတယ်။ ဒေးဒရဲပေါ်ဆန်း စပါးကလည်း တင်း၁၀၀ ကို ၈၉၃၀၀၀ ပေါက်ဈေးရှိပြီး ၁၇၀၀၀ကျပ်၊ ဒေးဒရဲပေါ်ဆန်းဆန်ကတော့တစ်အိတ်ကို ၄၁၀၀၀ကျပ်နဲ့၁၀၀၀ ကျပ်၊ ဖျာပုံပေါ်ဆန်းစပါးကတင်း ၁၀၀ကို  ၉၀၂၀၀၀ ကျပ်နဲ့၁၈၀၀၀ကျပ်အသီးသီးဈေးတက်လာပါတယ်။ ဖျာပုံဧည့်မထစပါးကတော့ တင်း ၁၀၀ ကို ၅၆၁၀၀၀ ကျပ်၊ မြောင်းမြပေါ်ဆန်းစပါးကတင်း ၁၀၀ ကို ၉၀၂၀၀၀၀ ကျပ်၊ မြောင်းမြပေါ်ဆန်း ဆန်ကတစ်အိတ်ကို ၄၄၀၀၀ ကျပ်နဲ့ ပုသိမ် ပေါ်ဆန်း(စပါး)ကလည်း တင်း ၁၀၀ ကို ၉၂၀၀၀၀ကျပ်ရှိပြီး ဈေးငြိမ်နေပါတယ်။ ရန်ကုန်ဝါးတန်းကုန်စည်ဒိုင်မှာတော့ ပေါ်ဆန်းရှယ်ကတစ်အိတ်ကို၃၆၅၀၀ကနေ၃၈၅၀၀ ပေါက်ဈေးရှိပြီး၊ ၂၅၀၀ကျပ်ဈေးကျဆင်းခဲ့ပါတယ်။ မြောင်းမြပေါ်ဆန်းကတော့ တစ်အိတ်ကို ၄၂၀၀၀ ကနေ၄၄၀၀၀၊ ရက်၉၀ဆန်ကလည်း တစ်အိတ်ကို ၂၁၀၀၀ကနေ၂၆၀၀၀ကျပ် ရှိပြီးဈေးငြိမ် နေပါတယ်။ ဆန်ကြမ်းဖြစ်တဲ့ နွေသီးထပ်ကတော့ ၂၀၅၀၀ကနေ ၂၀၈၀၀ ပေါက်ဈေးရှိပြီး၂၀၀ကျပ်ဈေး ကျဆင်းခဲ့ပါတယ်။

မတ်ပဲ (FAQ/RC)

မတ်ပဲကတော့  ဒီတစ်ပတ်ရန်ကုန်ဈေးကွက်မှာ  ဈေးကျဆင်းခဲ့ပါတယ်။အိန္ဒိယနိုင်ငံဘက် ကတင်သွင်းခွင့်ရတဲ့ကုမ္ပဏီစာရင်းတွေကို ထုတ်ပြန်ပြီးနောက် တင်သွင်းခွင့်လိုင်စင်ကို ဖြည်းဖြည်းချင်းထုတ်ပေးနေတဲ့အနေအထားကြောင့်မြန်မာနိုင်ငံဘက်ကနေ ပဲစင်းငုံနဲ့ မတ်ပဲကို အင်နဲ့အားနှင့် ဝယ်ယူမှုမျိုး မရှိသေးဘူးလို့ကုန်သည်တွေထံကသိရပါတယ်။ ရန်ကုန်ဈေးကွက် မှာ မတ်ပဲကတစ် တန်ကို ၈၀၀၀၀၀ ပေါက်ဈေးရှိပြီး တစ်ပတ်အတွင်း ကျပ်၅၀၀၀၀ ကျော်ထိဈေး ကျဆင်းခဲ့ပါတယ်။ ရန်ကုန်ဈေးကွက်မှာ ဈေးတွေ ကျဆင်းသွားပေမယ့် နယ်ဈေးကွက်မှာတော့ အနည်းငယ်ဈေးတက်နေတာတွေ့ရပါတယ်။ မုံရွာကုန်စည်ဒိုင်မှာတော့  တစ်တင်းကို ကျပ် ၂၄၂၅၀ ပေါက်ဈေးရှိပြီး၊ ၅၀၀ကျပ် နေပြည်တော် ဈေးကွက်မှာ ၂၇၃၃၃ကျပ် ရှိပြီး၊ ၁၃၃၃ကျပ်ဈေးတက်လာတာကို တွေ့ရပါတယ်။ 

ပဲစင်းငုံနီ

ပဲစင်းငုံနီကတော့ဒီတစ်ပတ်မှာ ဈေးပြန်တက်လာပါတယ်။ အဟောင်းတွေက မရှိသလောက်ဖြစ်နေတဲ့အတွက် ရန်ကုန်ဈေးကွက်မှာတော့ ရက်ခြားသာ အရောင်းအဝယ်ဖြစ်ပါတယ်။ ရန်ကုန်ဈေးကွက်မှာတော့ဒီတစ်ပတ်မှာ တစ်တန်ကို ၉၅၅၀၀၀ အထိ ဈေးတက်သွားခဲ့ပြီး တစ်ပတ်အတွင်း၃၀၀၀၀ကျပ် ဈေးတက်လာခဲ့ပါတယ်။ မုံရွာကုန်စည်ဒိုင်မှာတော့ တစ်တင်းကို၃၂၅၀၀ကျပ်နဲ့၂၀၀ကျပ်၊ပခုက္ကူကုန်စည်ဒိုင်မှာတစ်ပိသာကို ၃၂၈၀၀ကျပ်နဲ့၄၀၀ကျပ် ဈေးကျဆင်းသွားပါတယ်။

ကြက်သွန်ဖြူ

ကြက်သွန်ဖြူကြူကုတ် ဈေးနှုန်းတွေကတော့ ဒီတစ်ပတ်မှာတက်လာခဲ့ပါတယ်။ူပြည်ပ က ဝင်လာတဲ့ ကြက်သွန်တွေကို ဖမ်းဆီးမယ်ဆိုတဲ့ သတင်းတွေကြောင့် တရုတ်ကနေ အဓိက တင်သွင်းနေတဲ့ ကြူကုတ်က ရုတ်တရက်ဈေးတက်လာတာလည်းဖြစ်ပါတယ်။ ရန်ကုန်ဈေးကွက်မှာ ကြက်သွန်ဖြူကြူကုတ်က တစ်ပိသာကို ၂၉၀၀ ကနေ ၃၇၀၀ကျပ်ဈေးပေါက်ပြီး၊ ၃၅၀ကျပ်ဈေးတက် လာပါတယ်။ ကြက်သွန်ဖြူ(အောင်ပန်း)ကတော့ တစ်ပိသာကို ၂၀၀၀ကနေ၃၀၀၀ ကြားပေါက်ဈေးရှိပြီးဈေးငြိမ်နေပါတယ်။ မြင်းခြံဈေးကွက်မှာ ကြက်သွန်ဖြူ (ရှမ်း)ကတစ်ပိဿာကို ကျပ် ၂၄၀၀ ဈးရှိပြီး ၁၅၀ကျပ်၊ မော်လမြိုင်ဈေးကွက်မှာကြက်သွန်ဖြူ (ရှမ်း) ကတစ်ပိသာကို ကျပ် ၂၅၀၀ ဈေးရှိပြီး၊ ၂၅၀ကျပ်၊ကြက်သွန်ဖြူ (ကြူကုတ်)က တစ်ပိသာကို ကျပ် ၃၆၀၀ ဈေးရှိပြီး၊ ၁၃၀ကျပ်နဲ့ အသီးသီးဈေးတက်လာပါတယ်။

နှမ်း

ယခုတစ်ပတ်မှာတော့ နှမ်းက လက်ကျန်လျှော့နည်းလာတဲ့အတွက်ကြောင့် ဈေးတက်လာပါတယ်။ တရုတ်တွေကလည်း အဝယ်များလာတဲ့အတွက် ဈေးကတက်လာနေတာလည်းဖြစ် ပါတယ်။ မန္တလေးဈေးကွက်မှာ နှမ်းဖြူက ၄၅ပိဿာဝင်တစ်အိတ်ကို၁၆၅၀၀၀ကနေ ၁၇၀၀၀၀ ပေါက် ဈေးရှိပြီး ၂၀၀၀ကျပ်၊  နှမ်းညှိက ၁၄၈၀၀၀ကနေ၁၅၃၀၀၀ ကျပ်ဈေးရှိပြီး ၃၀၀၀ကျပ်၊  ပန်းနှမ်းက  ၇၁၀၀၀ ကနေ၇၂၀၀၀ ပေါက်ဈေးရှိပြီး  ၂၀၀၀ကျပ်ဈေးတက်လာပါတယ်။ မြင်းခြံဈေးကွက်မှာတော့နှမ်းညိုက တစ်ပိသာကို ၃၀၀၀ ကျပ်ရှိပြီး ဈေးငြိမ်နေပါတယ်။ နှမ်းဖြူကတော့တစ်ပိသာကို ကျပ် ၃၄၅၀ ဈေးပေါက်ပြီး၊ ၅၀ကျပ် ဈေးကျနေပါတယ်။ မုံရွာဈေးကွက်မှာတော့ နှမ်းညှိကတစ်တင်းကို ကျပ်၅၁၀၀၀ ဈေးရှိပြီး၊ ၃၅၀၀ကျပ်၊ နှမ်းနက်ကလဲ တစ်တင်းကို ကျပ် ၇၈၅၀၀ ကျပ်ဈေးရှိပြီး၊ ၂၀၀၀ကျပ်၊ ပန်းနှမ်းက တစ်တင်းကိုကျပ်  ၂၁၀၀၀ ဈေးရှိပြီး၊ ၁၀၀၀ကျပ် ဈေးအသီးသီးတက်လာခဲ့ပါတယ်။ နှမ်းဖြူနဲ့နှမ်းဝါကတော့ မုံရွာကုန်စည်ဒိုင်မှာဈေးကျဆင်းလာခဲ့ပါတယ်။  နှမ်းဖြူက တစ်တင်းကို ၅၂၅၀၀ကျပ်နဲ့ ၂၉၂၅၀ ကျပ်၊နှမ်းဝါက တစ်တင်းကို ၄၉၀၀၀ ကျပ်နဲ့ ၂၀၀၀ကျပ်အသီးသီး ဈေးကျဆင်းခဲ့တာပါ။

 

စိုးချစ်ချစ်ပိုင်(AMIA)


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ပြောင်ခင်းမှာ ပေါင်းရှင်းဖို့ ဘူဒိုဇာ လာပြီ ဒိုး... ပြောင်းခင်း စိုက်နေရင်း ပေါင်းခင်းမဖြစ်သွားရအောင် မအပ်စပ်တဲ့ ပေါင်းတွေအကုန်ဒိုးဖို့ "ဘူဒိုဇာ" လာပြီဗျို့။ ပြောင်းခင်းထဲက ပေါင်းတွေကို အမြစ်ပြတ် သုတ်သင်ပေးမယ့် အစွမ်းထက်ထက် ဆေးတစ်လက် ဆိုရင် ပေါင်းမနိုင်ခင် "ပြောင်း" နိုင်ဖို့ ပြောင်းအထူး ရွေးချယ်ပေါင်းသတ်ဆေး "ဘူဒိုဇာ" နဲ့ဆိုရင် ဘယ်ပေါင်းတွေ ခံနိုင်ပါ့မလဲ? အဓိကပေါက်တတ်တဲ့ "မြေဇာ၊ မြက်ယား၊ ဆင်ငို၊ လက်သဲခွ၊ ဝမ်းဘဲစာ၊ လေးခွမြက်၊ ဝက်ကျွတ်၊ တောဟင်းနုနွယ်၊ မှိုချဥ်၊ ဟင်းဂလာ၊ ခွေးသေးပန်း၊ ဗောက်ပင်၊ ဗောက်လောက်ညို၊ ဆေးပုလဲ၊ ပရန္နဝါ၊ မြက်မုန်ညင်း" တို့ကို အမြစ်ပြတ် အထူးနှိမ်နင်းဖို့ "ဘူဒိုဇာ" ရှိရင် စိတ်သာချလိုက် ဦးကြီးတို့ရေ။ ပြောင်းဖူးပင် တစ်လသားမပြည့်မီ ပေါင်းအရွက် (၂-၄) ရွက် ထွက်ချိန်မှာ အချိန်မှန်မှန်နဲ့ မြန်မြန် သုံးထားဖို့ပဲ တိုက်တွန်းလိုက်ချင်တယ်ဗျ။ လက်မနှေးဘဲ အခုပဲ ပြောင်းခင်းထဲကပေါင်းတွေ "ဘူဒိုဇာ" နဲ့ ရှင်းလိုက်ရအောင်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်