တစ်ပတ်အတွင်း လယ်ယာထွက်ကုန် သီးနှံစျေးကွက်နှိုင်းယှဉ်သုံးသပ်ချက်

10/06/2019 11:06 AM တွင် AMIA AMIA မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

ဆန်၊စပါး

ဒီတစ်ပတ်မှာတော့ ရန်ကုန်ဆန်ဈေးကွက်မှာ ဆန်ချောကော ဆန်ကြမ်းပါ အရောင်းအဝယ်အေး ဈေးအေးအနေအထား မှာရှိနေပြီး၊ ဈေးကလဲငြိမ်နေပါတယ်။ ဧရာဝတီတိုင်း ပုသိမ်ဈေးကွက်မှာပေါ်ဆန်း(စပါး)က ၄၆ပေါင်တင်း၁၀၀ကို ၈၉၀၀၀၀ ကျပ်၊ ဧည့်မထ(စပါး) ကတော့ ကျပ် ၅၇၀၀၀ နဲ့ ဈေးငြိမ်နေပါတယ်။ ပုသိမ်ဈေးကွက်မှာ ဆန်ကြမ်းဖြစ်တဲ့ ဧည့်မထဆန်က တစ်အိတ်ကို ၂၃၀၀၀ ကျပ်ရှိပြီး၊ ပေါ်ဆန်းဆန်ကတော့ တစ်အိတ်ကို ၄၁၀၀၀ ကျပ်ဈေးရှိပါတယ်။ ဒေးဒရဲဈေးကွက်မှာတော့ ဧည့်မထ(စပါး)က တင်း၁၀၀ ကို ၅၃၃၀၀၀ ကျပ်ရှိပြီး၊ ဆန်ကတော့ တစ်အိတ်ကို ၂၂၀၀၀ ကျပ် နဲ့ဈေးငြိမ်နေပါတယ်။ ဖျာပုံဧည့်မထစပါးကလည်း တင်း ၁၀၀ ကို ၅၃၃၀၀၀ ကျပ်၊ ဆန်ကလည်းတစ်အိတ်ကို ၂၂၀၀၀ ကျပ်နဲ့ ပြီးခဲ့တဲ့ တစ်ပတ်ဈေးနှုန်းအတိုင်း ဆက်ရှိနေပါတယ်။ ပေါ်ဆန်းဆန်တွေကတော့ လက်ကျန်နည်းလာတဲ့အတွက် ဈေးဆက်တက်လာနိုင်တယ်လို့ ကုန်သည်တွေကခန့်မှန်းထားကြပါတယ်။ လက်ရှိမှာတော့ စပါးဈေးကျဆင်းမှုကြောင့် တောင်သူအချို့ ဆန္ဒပြမှုတွေဖြစ်ပွားခဲ့ပါတယ်။

မတ်ပဲ (FAQ/RC)

အိန္ဒိယဝယ်ယူမဲ့သတင်းတွေအပြင်  ပြည်ပအဝယ်လိုက်လို့ဈေးတက်နေခဲ့တဲ့ မတ်ပဲက ဒီတစ်ပတ် မှာလဲဈေးဆက်အေးနေခဲ့ပါတယ်။ ဒီတစ်ပတ်မှာတော့ မတ်ပဲက၈၅၄၀၀၀ကနေ  ၈၆၅၀၀၀ အထိ ပေါက်ဈေးရှိနေပြီး တစ်ပတ်အတွင်း ငွေကျပ်၄၀၀၀ ဈေးအနည်းငယ် ထပ်မံကျဆင်းခဲ့ပါသေးတယ်။ နေပြည်တော်ဈေးကွက်မှာတော့ မတ်ပဲက တစ်တင်းကို ၃၂၀၀၀ ကျပ်ရှိပြီး ၅၀၀၀ ကျပ်ဈေးတက်  လာခဲ့ပါတယ်။ အိန္ဒိယနိုင်ငံအနေနဲ့ လာမဲ့အပတ်မှာ   တင်ပို့ခွင့်ရရှိတဲ့ ကုမ္ပဏီတွေကို ကြေညာပေးသွားမှာဖြစ်တယ် လို့ကုန်သည်တွေကဆိုပါတယ်။

ပဲစင်းငုံနီ

ပဲစင်းငုံနီကတော့ အခြားနိုင်ငံတွေလည်း အဝယ်ရှိနေတဲ့အတွက် ဈေးကတော့ အနည်းငယ် အပြောင်းအလဲသာရှိပါတယ်။ ရန်ကုန်ဈေးကွက်မှာ ပဲစင်းငုံနီ အဟောင်းက တစ်တန်ကို၉၄၀၅၀၀ကနေ၉၅၃၀၀၀  ဈေးရှိပြီးပြီးခဲ့တဲ့ အပတ်နဲ့ယှဉ့်ရင်၂၀၀၀ ကျပ် ဈေးတက်လာပါတယ်။ မြင်းခြံကုန်စည်ဒိုင်မှာတော့  ပဲစင်းငုံနီက  တစ်တင်းကို ၃၂၅၀၀ ကျပ်ရှိပြီး ၅၀၀ ကျပ် ဈေးတက်လာပါတယ်။

ကြက်သွန်နီ

ကြက်သွန်နီကလည်း ဒီတစ်ပတ်မှာ ဈေး ကျဆင်းသွားခဲ့ပြီး အရောင်းအဝယ်လဲ အေးနေခဲ့ပါတယ်။ ရန်ကုန်ဈေးကွက်မှာ ကြက်သွန်နီက တစ်ပိသာကို ၄၀၀ကနေ ၇၀၀ပေါက်ဈေးရှိပြီး၊ ၁၅၀ကျပ် ဈေးကျဆင်း သွားပါတယ်။ မြင်းခြံကုန်စည်ဒိုင်မှာလည်း ကြက်သွန်နီက  တစ်ပိသာကို ၄၂၅ကနေ၅၆၃ကျပ်ရှိပြီး ၁၀၀ ကျပ် ဈေးတက်လာပါတယ်။

အားလူး

အားလူးကတော့ ဒီတစ်ပတ်မှာ ဈေးအနည်းငယ် မြင့်တက်လာခဲ့ပါတယ်။ ဒီတစ်ပတ် ရန်ကုန်ဈေးကွက်မှာ  အာလူးက တစ်ပိသာကို ကျပ်  ၄၀၀ကနေ ၈၂၀ကြားဈေးပေါက်ပြီး၊ အရင်အပတ်နဲ့ နှိုင်းယှဉ်ရင် ၁၂၀ ကျပ်ဈေးမြင့် တက်လာပါတယ်။ နေပြည်တော်ဈေးကွက်မှာတော့  အားလူးက တစ်ပိသာကို ကျပ် ၆၀၀ကနေ ၁၂၀၀ ကျပ် ဈေးရှိပြီး၊ အရင်အပတ်နဲ့ နှိုင်းယှဉ်ရင် တစ်ပိသာကို ၂၀၀ကျပ် ဝန်းကျင် ဈေးတက်လာပါတယ်။

 

စိုးချစ်ချစ်ပိုင်(AMIA)

 


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်